Windows, macOS နဲ႕ Linux မွာ Windows 95 ကို app အေနနဲ႕ အခမဲ့ေဒါင္းလုတ္ရယူႏုိင္

0
900

Zawgyi Version

ကၽြန္ေတာ္တို႕ရဲ႕ေန႕စဥ္ဘ၀ကို PC ေတြက မလႊမ္းမိုးေသးတဲ့အခ်ိန္တစ္ခုကို ျပန္ေရာက္သြားခ်င္တယ္ဆိုရင္ေတာ့ အဲဒီ app ေလးနဲ႕ လုပ္ေဆာင္လို႕ရပါတယ္။ ၾကာသပေတးေန႕တုန္းက Slack developer Alex Rieseberg က GitHub ေပၚမွာ Windows 95 experience ခံစားမႈကို ေပးစြမ္းနုိင္ေစဖို႕အတြက္ app တစ္ခုအေနနဲ႕ ထုတ္လုပ္ေပးခဲ့ပါတယ္။ သူ႕ကိုေတာ့ Windows, macOS နဲ႕ Linux မွာ အသံုးျပဳလို႕ရေစမွာပါ။ အခမဲ့လည္း ေဒါင္းလုတ္ဆြဲလို႕ရပါတယ္။
ျမင္ျမင္သမွ်အားလံုးက သင့္ကို Windows 95 အေၾကာင္း သတိရသြားေစမွာပါ။ Windows 95 စက္ေတြမွာ အသံုးျပဳခဲ့တဲ့ standard Start menu program ေတြကို ျပန္လည္အမွတ္ရေစမွာပါ။ ေနာက္ျပီး ဂိမ္းေလးေတြျဖစ္တဲ့ FreeCell ၊ Solitaire ၊ Minesweeper တို႕အျပင္ Paint နဲ႕ WordPad တို႕ကိုလည္း ေတြ႕ျမင္ရဦးမွာပါ။
Electron နဲ႕တည္ေဆာက္ထားတဲ့ app ေလးရဲ႕ အရြယ္အစားကေတာ့ 129MB သာျဖစ္လို႕ Dell XPS 13 ေလးမွာေတာင္ ေခ်ာေမြ႕စြာနဲ႕ အသံုးျပဳႏုိင္ပါတယ္။ Rieseberg က အေသးစိတ္ကိုေတာ့ ေျပာျပမထားပါဘူး။ ကၽြန္ေတာ္မေသခ်ာတာတစ္ခုကေတာ့ Windows 95 ကို အသံုးျပဳဖို႕အတြက္ window တစ္ခုအေနနဲ႕ မိနစ္အနည္းငယ္ၾကာေအာင္ ထားေပးရပါတယ္။ ဒါေပမယ့္လည္း ကြန္ပ်ဴတာကို ေႏွးမသြားေအာင္ လုပ္ေဆာင္ေပးထားပါတယ္။
Rieseberg ထည့္ေပးထားတဲ့ ပရိုဂရမ္တုိင္းကေတာ့ အလုပ္မလုပ္ႏုိင္ပါဘူး။ ဥပမာ Internet Explorer ဖြင့္လိုက္မယ္ဆုိရင္ေတာ့ ဘယ္ေပ့ခ်္မွ တက္လာမွာမဟုတ္ပါဘူး။ ဒီေတာ့ app ေလးက အင္တာနက္နဲ႕ခ်ိတ္ဆက္မထားဘူးလို႕ ေျပာရမွာပါ။ အရမ္းမသံုးဘူးဆိုရင္ေတာ့ Windows 95 app ေလးက ေပ်ာ္စရာတစ္ခု၊ ေအာက္ေမ့စရာတစ္ခုအေနနဲ႕ အသံုး၀င္မွာပါ။
ဒီမွာ ရယူလိုက္ပါ။

Unicode Version

ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝကို PC တွေက မလွှမ်းမိုးသေးတဲ့အချိန်တစ်ခုကို ပြန်ရောက်သွားချင်တယ်ဆိုရင်တော့ အဲဒီ app လေးနဲ့ လုပ်ဆောင်လို့ရပါတယ်။ ကြာသပတေးနေ့တုန်းက Slack developer Alex Rieseberg က GitHub ပေါ်မှာ Windows 95 experience ခံစားမှုကို ပေးစွမ်းနိုင်စေဖို့အတွက် app တစ်ခုအနေနဲ့ ထုတ်လုပ်ပေးခဲ့ပါတယ်။ သူ့ကိုတော့ Windows, macOS နဲ့ Linux မှာ အသုံးပြုလို့ရစေမှာပါ။ အခမဲ့လည်း ဒေါင်းလုတ်ဆွဲလို့ရပါတယ်။
မြင်မြင်သမျှအားလုံးက သင့်ကို Windows 95 အကြောင်း သတိရသွားစေမှာပါ။ Windows 95 စက်တွေမှာ အသုံးပြုခဲ့တဲ့ standard Start menu program တွေကို ပြန်လည်အမှတ်ရစေမှာပါ။ နောက်ပြီး ဂိမ်းလေးတွေဖြစ်တဲ့ FreeCell ၊ Solitaire ၊ Minesweeper တို့အပြင် Paint နဲ့ WordPad တို့ကိုလည်း တွေ့မြင်ရဦးမှာပါ။
Electron နဲ့တည်ဆောက်ထားတဲ့ app လေးရဲ့ အရွယ်အစားကတော့ 129MB သာဖြစ်လို့ Dell XPS 13 လေးမှာတောင် ချောမွေ့စွာနဲ့ အသုံးပြုနိုင်ပါတယ်။ Rieseberg က အသေးစိတ်ကိုတော့ ပြောပြမထားပါဘူး။ ကျွန်တော်မသေချာတာတစ်ခုကတော့ Windows 95 ကို အသုံးပြုဖို့အတွက် window တစ်ခုအနေနဲ့ မိနစ်အနည်းငယ်ကြာအောင် ထားပေးရပါတယ်။ ဒါပေမယ့်လည်း ကွန်ပျူတာကို နှေးမသွားအောင် လုပ်ဆောင်ပေးထားပါတယ်။
Rieseberg ထည့်ပေးထားတဲ့ ပရိုဂရမ်တိုင်းကတော့ အလုပ်မလုပ်နိုင်ပါဘူး။ ဥပမာ Internet Explorer ဖွင့်လိုက်မယ်ဆိုရင်တော့ ဘယ်ပေ့ချ်မှ တက်လာမှာမဟုတ်ပါဘူး။ ဒီတော့ app လေးက အင်တာနက်နဲ့ချိတ်ဆက်မထားဘူးလို့ ပြောရမှာပါ။ အရမ်းမသုံးဘူးဆိုရင်တော့ Windows 95 app လေးက ပျော်စရာတစ်ခု၊ အောက်မေ့စရာတစ်ခုအနေနဲ့ အသုံးဝင်မှာပါ။
ဒီမှာ ရယူလိုက်ပါ။

Leave a Reply