Posted on Leave a comment

Samsung Galaxy S10 အရောင်တွေနဲ့ ထွက်ရှိမည်

Zawgyi version




Unicode version

Samsung ရဲ့ အသစ်ထွက်ရှိမယ့် Galaxy S10 နဲ့ Galaxy S10 Plus တွေကို ၂၀၁၉ အစပိုင်းလောက်မှာ မိတ်ဆက်ပေးမှာပဲ ဖြစ်ပါတယ်။ သူ့ကိုတော့ဘာအရောင်တွေနဲ့ ထွက်ရှိမလဲဆိုတာကိုတော့ ကြည့်လိုက်ရအောင်။
အသစ်ထွက်ရှိလာမယ့်ဖုန်းတွေရဲ့ ကာလာတွေကတော့ အနက်ရောင်၊ အဖြူရောင်၊ အစိမ်းရောင်၊ ငွေရောင်နဲ့ ပန်းရောင်ဆိုပြီး ထွက်ရှိပေးမှာ ဖြစ်ပါတယ်။
Specefications တွေကိုလဲ အသစ်တွေတိုးလာဦးမယ်ဆိုပြီးလဲ ကောလဟာလတွေ ထွက်ရှိနေပါတယ်။ သူက ရှေ့ကင်မရာ ၂ လုံးနဲ့ နောက်ကင်မရာ ၂ လုံး ပါဝင်မှာဖြစ်ပါတယ်။ သူ့ကို new Qualcomm Snapdragon 855 processor ကိုအသုံးပြုမယ်လို့လဲ သတင်းတွေထွက်ရှိနေပါသေးတယ်။
S10 နဲ့ S10 Plus တွေကိုတော့ 8GB RAM နဲ့ storage က 512GB ထိပါဝင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် သူက microSD card slot လဲပါဝင်မှာဖြစ်ပြီး သူက စုစုပေါင်း 1TB ထိအသုံးပြုလို့ရနိုင်မှာဖြစ်ပါတယ်။ အသစ်ထွက်ရှိမယ့် Galaxy S10 နဲ့ S10 Plus ကိုတော့ ခုလာမယ့် ဇန်နဝါရီ နဲ့ ဖေဖော်ဝါရီလလောက်မှာ စောင့်မျှော်ရမှာပဲ ဖြစ်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.