Zawgyi version
Unicode version
စမတ်ဖုန်းလောကမှာဆိုရင် Huawei ကလဲ သူရဲ့ sun-brand ဖြစ်တဲ့ Honor ရှိတယ်။ Oppo ကလဲ သိပ်မကြာသေးခက်ကမှ ultraaffordable Realme phone ကိုထုတ်လုပ်ထားပါတယ်။ ခုလဲ Xiaomi က အိန္ဒိယဈေးကွက်အတွက် PocoF1 ဖုန်းကို ထုတ်လုပ်တော့မှာပဲ ဖြစ်ပါတယ်။
ဖုန်းရဲ့ နာမည်က Pocophone F1 က official ဖြစ်သွားပြီဖြစ်ပြီး အိန္ဒိယကိုတော့ Poco F1 ဆိုတဲ့နာမည်နဲ့ ဖြန့်ချီမှာပဲ ဖြစ်ပါတယ်။ သူ့ကို တော့ အရည်အသွေး ကောင်းကောင်းနဲ့ ဈေးသက်သာစွာနဲ့ ရရှိနိုင်မှာ ဖြစ်ပါတယ်။ သူ့ကိုတော့ Snapdragon 845 processor ကိုအသုံးပြုထားပါတယ်။ ဘက်ထရီက 4,000mAh ပါဝင်ပြီး Quick Charge 3.0 technology ကိုလဲ ထည့်သွင်ပေးထားပါသေးတယ်။
သူကတော့ trend ဖြစ်နေတဲ့ဟာတွေအတိုင်း မထုတ်လုပ်ဘဲ သူ့ဒီဇိုင်းနဲ့ သူထွက်ရှိမှာဖြစ်ပါတယ်။ ပိုလီကာဗွန်နိတ်ကို အသုံးပြုထားတဲ့အတွက်ကြောင့် ကိုင်ရတာလဲ ချောမနေဘဲ သက်တောင့်သက်သာနဲ့ အဆင်ပြေစေမှာပဲ ဖြစ်ပါတယ်။
သူက အဲ့ဒါကြောင့် မှန်တွေနဲ့ လုပ်ထားတဲ့ ဖုန်းတွေထက် ဈေးချိုတာပဲ ဖြစ်ပါတယ်။
သူက နောက်ထပ် special “Armoured Edition” ဆိုပြီးလဲထွက်ရှိဦးမှာဖြစ်ပါတယ်။
သူကတော့ ဈေးနည်းနည်းမြောက်နိုင်ပါတယ်။ 6.18-inch “edge-to-edge” FHD+ display ဖြစ်ပြီး ဖုန်းရဲ့ ထိပ်မှာ notch လဲထည့်ပေးထားပါတယ်။ chin ကတော့ အနည်းငယ်ပါရှိဦးမှာဖြစ်ပါတယ်။
ကင်မရာပိုင်းက နောက်မှာ 12 + 5MP ကင်မရာ ၂ လုံးတပ်ဆင်ပေးထားပြီး selfie ကင်မရာကတော့ 20MP ပဲဖြစ်ပါတယ်။ RAM က 8GB ဖြစ်ပြီး internal storage ကတော့ 256GB ပဲဖြစ်ပါတယ်။ face unlock စနစ်လဲ ပါဝင်ပြီး top-shelf Dirac HD Sound technology လဲ ထည့်သွင်းပေးထားပါတယ်။
သူ့ကိုတော့ 6/64GB ကို $300 ဝန်းကျင်ရှိပြီး 8GB RAM/256GB ကတော့ $415 လောက်ဖြစ်ပါတယ်။ super-premium Armoured Edition ကိုတော့ $430 လောက်ခန့်မှန်ထားပါတယ်။