Mobile OS ေတြကို ဘာေၾကာင့္မ်ား ေျပာင္းကုန္ၾကတာလဲ

0
1265

Zawgyi Version

Apple CEO Tim Cook ကေတာ့ Android ကေန iPhone ကို ေျပာင္းတဲ့ႏႈန္း ျမင့္တက္ေနတယ္လို႕ ေျပာထားပါတယ္။ မၾကာေသးခင္က သုေတသနစစ္တမ္းေတြအရလည္း Android ကေန iPhone ေျပာင္း၀ယ္သူေတြဟာ ၁၅-၂၀ရာခုိင္ႏႈန္းရွိတာကို သက္ေသျပခဲ့ၾကပါတယ္။
PCMag ရဲ႕ စစ္တမ္းမွာ လူေပါင္း ၂၅၀၀ ေလာက္ပါ၀င္ခဲ့ျပီးေတာ့ ဘာေၾကာင့္ iOS to Android နဲ႕ Android to iOS ေျပာင္းခဲ့သလဲဆိုတာကို ေျဖၾကားခဲ့ၾကပါတယ္။
Android to iOS ေျပာင္းသူ ၁၈ရာခုိင္ႏႈန္းရွိျပီးေတာ့ iOS ကေန ျပန္ေျပာင္းသူေတြကေတာ့ ၁၁ရာခုိင္ႏႈန္းပဲရွိပါတယ္။
Android to iOS ေျပာင္းခဲ့တဲ့ သံုးစြဲသူရဲ႕ ၄၇% ကေတာ့ user experience ပိုေကာင္းလို႕ ေရြးခ်ယ္တယ္လို႕ေျပာထားျပီး ၂၅% ကေတာ့ ကင္မရာနဲ႕ ဒီဇုိင္းေကာင္းလို႕ျဖစ္ေၾကာင္း သိရပါတယ္။


iOS ကို ေျပာင္းတဲ့ ၁၁% ကေတာ့ တန္ဖိုးၾကီးလို႕၊ အျခားအေၾကာင္းအရာေတြျဖစ္တဲ့ app စံုလင္ျခင္း၊ update ျမန္ဆန္ျခင္းနဲ႕ customer service ပိုေကာင္းျခင္း္ေတြေၾကာင့္ ေရြးခ်ယ္ခဲ့ၾကတာပါ။
Android ဘက္မွာေတာ့ user experience ပိုေကာင္းျခင္း၊ ေစ်းသက္သာျခင္း စတဲ့အဓိကအေၾကာင္းျပခ်က္ေတြကို ေတြ႕ခဲ့ရပါတယ္။
ေျပာင္းတဲ့သူအနည္းငယ္သာရွိခဲ့ပါတယ္။ ေမးခဲ့တဲ့သူေတြရဲ႕ ၇၁ရာခုိင္ႏႈန္းကေတာ့ လံုး၀မေျပာင္းလဲသူေတြပါ့။ သူတို႕ဟာ လက္ရွိ OS ေလးကို သစၥာရွိတဲ့သူေတြေပါ့။ iOS ေရာ Android မွာပါ သစၥာရွိတဲ့ဖန္ေတြ အမ်ားၾကီးပိုင္ဆုိင္ထားတယ္လို႕ Consumer Intelligence Research က ေျပာထားပါတယ္။
OS ေျပာင္းဖို႕အတြက္ သံုးစြဲသူေတြကို တြန္းအားေပးရတာလည္း လြယ္တဲ့အလုပ္ေတာ့မဟုတ္ပါဘူး။ Apple ကေတာ့ နည္းလမ္းေပါင္းမ်ားစြာကို အသံုးျပဳျပီးေတာ့ ဆြယ္ထားပါတယ္။ trade in လည္း ပါ၀င္ေနပါတယ္။ ျပီးေတာ့ Apple ဖုန္းနဲ႕ Android ဖုန္းေတြကို ယွဥ္ထိုးထားတဲ့ ေၾကာ္ျငာေတြ၊ iOS app ရဲ႕ ေခ်ာေမြ႕မႈေတြကို အသားေပးေဖာ္ျပထားပါတယ္။ ဘာေၾကာင့္ iPhone က ပိုေကာင္းသလဲဆိုတာမ်ိဳးကို ျပထားတာပါ။
သံုးစြဲသူေတြ ဖုန္းေျပာင္းကိုင္ျခင္းက OS ေၾကာင့္မို႕ မဟုတ္ပါဘူး။ ၃၃% ကေတာ့ ေစ်းႏႈန္းေၾကာင့္ပါ။ ၂၆%ကေတာ့ brand အၾကိဳက္ေတြ႕မႈေၾကာင့္ပါ။ ၁၉% ကေတာ့ OS ကို အဓိကထားပါတယ္။
ေနာက္ထပ္စိတ္၀င္စားဖို႕ေကာင္းတဲ့အခ်က္ကေတာ့ OS ကို ေျပာင္းဖို႕အတြက္ စဥ္းစားတဲ့ေနရာမွာ ၅၆% ကေတာ့ စမတ္ဖုန္းအသစ္ထြက္တာ မထြက္တာကို စိတ္မ၀င္စားၾကပါဘူးတဲ့။
၃၄% ကေတာ့ သူတို႕ရဲ႕carrier contract ျပည့္သြားခ်ိန္မွာ အသစ္၀ယ္ၾကပါတယ္။ ၁၇% ကေတာ့ လက္ရွိဖုန္းမွန္ကြဲခ်ိန္မွာ အသစ္၀ယ္ၾကပါတယ္တဲ့။
သင္ေရာ Android or iOS ဖန္တစ္ေယာက္လား။ ေျပာင္းဖို႕အစီအစဥ္ရ်ိလား။ ဘာေၾကာင့္ေျပာင္းခ်င္တာလဲ ေျဖခဲ့ပါလား။

Unicode Version

Apple CEO Tim Cook ကတော့ Android ကနေ iPhone ကို ပြောင်းတဲ့နှုန်း မြင့်တက်နေတယ်လို့ ပြောထားပါတယ်။ မကြာသေးခင်က သုတေသနစစ်တမ်းတွေအရလည်း Android ကနေ iPhone ပြောင်းဝယ်သူတွေဟာ ၁၅-၂၀ရာခိုင်နှုန်းရှိတာကို သက်သေပြခဲ့ကြပါတယ်။
PCMag ရဲ့ စစ်တမ်းမှာ လူပေါင်း ၂၅၀၀ လောက်ပါဝင်ခဲ့ပြီးတော့ ဘာကြောင့် iOS to Android နဲ့ Android to iOS ပြောင်းခဲ့သလဲဆိုတာကို ဖြေကြားခဲ့ကြပါတယ်။
Android to iOS ပြောင်းသူ ၁၈ရာခိုင်နှုန်းရှိပြီးတော့ iOS ကနေ ပြန်ပြောင်းသူတွေကတော့ ၁၁ရာခိုင်နှုန်းပဲရှိပါတယ်။
Android to iOS ပြောင်းခဲ့တဲ့ သုံးစွဲသူရဲ့ ၄၇% ကတော့ user experience ပိုကောင်းလို့ ရွေးချယ်တယ်လို့ပြောထားပြီး ၂၅% ကတော့ ကင်မရာနဲ့ ဒီဇိုင်းကောင်းလို့ဖြစ်ကြောင်း သိရပါတယ်။


iOS ကို ပြောင်းတဲ့ ၁၁% ကတော့ တန်ဖိုးကြီးလို့၊ အခြားအကြောင်းအရာတွေဖြစ်တဲ့ app စုံလင်ခြင်း၊ update မြန်ဆန်ခြင်းနဲ့ customer service ပိုကောင်းခြင်းတွေကြောင့် ရွေးချယ်ခဲ့ကြတာပါ။
Android ဘက်မှာတော့ user experience ပိုကောင်းခြင်း၊ ဈေးသက်သာခြင်း စတဲ့အဓိကအကြောင်းပြချက်တွေကို တွေ့ခဲ့ရပါတယ်။
ပြောင်းတဲ့သူအနည်းငယ်သာရှိခဲ့ပါတယ်။ မေးခဲ့တဲ့သူတွေရဲ့ ၇၁ရာခိုင်နှုန်းကတော့ လုံးဝမပြောင်းလဲသူတွေပါ့။ သူတို့ဟာ လက်ရှိ OS လေးကို သစ္စာရှိတဲ့သူတွေပေါ့။ iOS ရော Android မှာပါ သစ္စာရှိတဲ့ဖန်တွေ အများကြီးပိုင်ဆိုင်ထားတယ်လို့ Consumer Intelligence Research က ပြောထားပါတယ်။
OS ပြောင်းဖို့အတွက် သုံးစွဲသူတွေကို တွန်းအားပေးရတာလည်း လွယ်တဲ့အလုပ်တော့မဟုတ်ပါဘူး။ Apple ကတော့ နည်းလမ်းပေါင်းများစွာကို အသုံးပြုပြီးတော့ ဆွယ်ထားပါတယ်။ trade in လည်း ပါဝင်နေပါတယ်။ ပြီးတော့ Apple ဖုန်းနဲ့ Android ဖုန်းတွေကို ယှဉ်ထိုးထားတဲ့ ကြော်ငြာတွေ၊ iOS app ရဲ့ ချောမွေ့မှုတွေကို အသားပေးဖော်ပြထားပါတယ်။ ဘာကြောင့် iPhone က ပိုကောင်းသလဲဆိုတာမျိုးကို ပြထားတာပါ။
သုံးစွဲသူတွေ ဖုန်းပြောင်းကိုင်ခြင်းက OS ကြောင့်မို့ မဟုတ်ပါဘူး။ ၃၃% ကတော့ ဈေးနှုန်းကြောင့်ပါ။ ၂၆%ကတော့ brand အကြိုက်တွေ့မှုကြောင့်ပါ။ ၁၉% ကတော့ OS ကို အဓိကထားပါတယ်။
နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့အချက်ကတော့ OS ကို ပြောင်းဖို့အတွက် စဉ်းစားတဲ့နေရာမှာ ၅၆% ကတော့ စမတ်ဖုန်းအသစ်ထွက်တာ မထွက်တာကို စိတ်မဝင်စားကြပါဘူးတဲ့။
၃၄% ကတော့ သူတို့ရဲ့carrier contract ပြည့်သွားချိန်မှာ အသစ်ဝယ်ကြပါတယ်။ ၁၇% ကတော့ လက်ရှိဖုန်းမှန်ကွဲချိန်မှာ အသစ်ဝယ်ကြပါတယ်တဲ့။
သင်ရော Android or iOS ဖန်တစ်ယောက်လား။ ပြောင်းဖို့အစီအစဉ်ရျိလား။ ဘာကြောင့်ပြောင်းချင်တာလဲ ဖြေခဲ့ပါလား။

Leave a Reply