iPhone X Face ID Scanner အဆင်မပြေမှုကြောင့် စတိုးဆိုင်ဝန်ထမ်းကို ထိုးကြိတ်ခဲ့တဲ့အမျိုးသား
0
1288
Zawgyi Version
Unicode Version
လူကောင်းတွေမှာလည်း ကံဆိုးခြင်းတွေ ကြုံရတတ်ပါတယ်။ ဒီအကြောင်းကိုတော့ iPhone ပိုင်ရှင်တစ်ယောက်က Apple အရောင်းဝန်ထမ်းကို ထိုးကြိတ်ခဲ့တဲ့ အွန်လိုင်းဗွီဒီယိုလေးက သက်သေပြနေပါတယ်။
ဗွီဒီယိုလေးဟာ ပျံ့နှံ့နေပြီး ကြည့်ရှုသူပေါင်း ၁.၄မီလျံရျိသွားပါတယ်။ ထိုင်းနိုင်ငံ Central Pinklao shopping mall မှာရှိတဲ့ Studio 7 မှာ အမျိုးသားတစ်ယောက်က မထိုးကြိတ်ခင်မှာ ငြင်းခုံနေတာကို ပြထားပါတယ်။
စတိုးဆိုင်က iPhone X ရဲ့ Face ID အဆင်မပြေမှုအကြောင်းကို ပြောပြပေမယ့်လည်း လဲလှယ်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။ ဒါကြောင့် အသက်၂၃နှစ်အရွယ်အမျိုးသားဟာ ကြံရာမရဘဲ ထိုးကြိတ်ခဲ့တာပါ။
အခုအချိန်မှာတော့ ထိုးကြိတ်ခဲ့တဲ့သူကို ပြန်လည်တောင်းပန်ထားပြီးတော့ ဒေါ်လာ၁၅၀၀ ကို အာဏာပိုင်တွေဆီဒဏ်ကြေးဆောင်လိုက်ရပြီး ဝန်ထမ်းကိုလည်း ဒေါ်လာ၁၅၀ လျော်ကြေးပေးထားပါတယ်။
“ကျွန်တော်ကျူးလွန်မိခဲ့တာဖြစ်လို့ ထိခိုက်သွားတဲ့သူတွေအားလုံးကို တောင်းပန်ချင်ပါတယ်။ ဒါဟာ စိတ်တိုနေတဲ့အချိန်မှာ မထိန်းနိုင်လို့ ဖြစ်သွားခဲ့တာပါ။ အဲဒီဝန်ထမ်းကိုလည်း တောင်းပန်ထားပါတယ်။ သူမကလည်း တရားရင်ဆိုင်တာမျိုးမတွေ မလုပ်ပါဘူး။”
official Apple Store မဟုတ်တဲ့အတွက်ကြောင့် Apple ဟာ စတိုးဆိုင်အသစ်ရှာဖို့အတွက် လုပ်ဆောင်နေပါတယ်။ လမယ့်လတွေမှာ အသစ်ဖွင့်မလား။ မပြောတတ်သေးပါဘူး။
Leave a Reply