အနောက်ကင်မရာသုံးလုံး၊ ဘတ်ထရီနှစ်လုံးနဲ့ Oppo R17 Pro

0
1074

Zawgyi Version





Oppo R17 Pro Specs
2.2GHz speed
GPU Adreno 616
RAM 8GB
Storage 128GB
microSD Slot None
F1.5/F2.4+F2.6
LED monochrome flash
Front Camera 25MP
Display 6.4-inch AMOLED
2,340 x 1,080 resolution
“Waterdrop” notch
402ppi
SIM Dual-SIM slot, nano
Ports USB Type-C 3.1
No headphone jack
183g

Unicode Version

ဒီနေ့မှာတော့ Oppo R17 ဈေးနှုန်းနဲ့ ထွက်ရှိမယ့်ရက်ကို ကြေညာလိုက်ပါတယ်။ နောက်ပြီးတော့ Oppo R17 Pro ကို launch လုပ်လိုက်ပါသေးတယ်။
R17 Pro မှာတော့ 6.4-inch AMOLED screen ၊ resolution 2,340 x 1,080 နဲ့ screen-to-body ratio 91.5 percent တို့ ပါဝင်မှာပါ။ Qualcomm Snapdragon 710 chipset ကို clock speed 2.2GHz, 8GB RAM နဲ့ Adreno 616 GPU တို့ကို အသုံးပြုထားပါတယ်။ မမ်မိုရီ 128GB နဲ့ နှစ်ကဒ်ထိုးဖြစ်ပါတယ်။
ဖုန်းကိုကြည့်လိုက်မယ်ဆိုရင်တော့ Find X လိုမျိုးတော့ ကင်မရာလေးမပါဝင်ပါဘူး။ ဒါပေမယ့်လည်း notch လေးကို သေးသေးလေးဖြစ်အောင် သုံးထားပါတယ်။ အခြားဖုန်းတွေမှာ မရနိုင်တဲ့အချက်အလက်တွေကို ဒီဖုန်းမှာ ရနိုင်ပါသေးတယ်။
ဒါကိုမပြောခင်မှာ R17 Pro ရဲ့ ဒီဇိုင်းက R17 နဲ့ အတော်လေးဆင်ပါတယ်။ အရောင်နဲ့ မိုးရေစက်ပုံ notch လေးကတော့ Huawei P20 Pro နဲ့ ဆင်တူနေတာကို သတိထားမိမှာပါ။

A closeup image of the front of the Oppo R17 Pro.
ဖုန်းကိုမှောက်လိုက်မယ်ဆိုရင်လည်း ကင်မရာသုံးလုံးဆိုတော့ အင်းပါ။

A closeup image of the rear triple camera setup of the Oppo R17 Pro.
အဲဒီကင်မရာသုံးလုံးစီထားပုံကလည်း P20 နဲ့ ဆင်တူနေပါတ်ယ။ ဒါပေမယ့်လည်း ဒါက အတိအကျတော့မဟုတ်ပါဘူး။ P20 Pro မှာက 40MP main sensor ၊ 20MP monochrome sensor ၊ 8MP telephoto lens တို့ သုံးထားတာပါ။ R17 Pro ကတော့ 20MP main lens ၊ 12MP secondary lens နဲ့ “3D stereo camera” lens ကို အသုံးပြုထားတာပါ။
တတိယမြောက် lens ကတော့ camera snapshot ထက် AR feature ကို အလေးပေးထားပါတယ်။ ဒါပေမယ့်လည်းR17 Pro ရဲ့လုပ်ဆောင်ချက်က ဘယ်လိုလဲဆိုတာတော့ ပြောဖို့စေနေပါသေးတယ်။
fingerprint sensor ဘယ်နားမှာလဲစိတ်ပူနေတာလား။ မျက်နှာပြင်အောက်မှာပါ။ AMOLED panel လေးရဲ့ သတ်မှတ်ထားတဲ့နေရာလေးမှာ လက်တင်လိုက်တာနဲ့ unlock ဖြစ်သွားမှာပါ။

An image of a finger touching the in-display fingerprint sensor of the Oppo R17 Pro.
Oppo R17 Pro မှာ နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတာကတော့ ဘတ်ထရီပါပဲ။ 1,850mAh နဲ့ 3,700mAh ကို ပေါင်းစပ်ထားတာပါ။ 50W နဲ့ အားသွင်းမှာဆိုတော့ ဆယ်မိနစ်သွင်းလိုက်တာနဲ့ ၄၀% ရမှာပါ။
R17 Pro က ဘယ်လောက်ကုန်မလဲ၊ ဘယ်နေ့မြင်ရမလဲ။ ဒါကတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။ Oppo R17 Pro ရဲ့ အချက်အလက်လေးတွေကို ကြည့်လိုက်ပါဦး။

Oppo R17 Pro Specs
CPU Qualcomm Snapdragon 710
2.2GHz speed
Octa-Core, 64-bit processor
GPU Adreno 616
RAM 8GB
Storage 128GB
microSD Slot None
Batteries 1,850mAh + 1,850mAh batteries
Combined total: 3,700mAh
Biometric security In-display fingerprint sensor
Rear Cameras 20MP lens + 12MP lens + “3D stereo camera”
F1.5/F2.4+F2.6
LED monochrome flash
Front Camera 25MP
Display 6.4-inch AMOLED
2,340 x 1,080 resolution
“Waterdrop” notch
402ppi
Screen-to-body ratio: 91.5%
SIM Dual-SIM slot, nano
Connectivity Bluetooth 5.0
WLAN 2.4G / WLAN 5.1G / WLAN 5.8G / WLAN Display
Ports USB Type-C 3.1
No headphone jack
Network bands Click here
Dimensions 157.6 x 74.6 x 7.9mm
183g

Leave a Reply