5G iPhone လုပ္ဖို႕ Apple ဘာလို အလ်င္မလိုတာလဲ

0
1670

Zawgyi Version

ႏွစ္ေပါင္းမ်ားစြာ hype ျဖစ္ေနတဲ့အရာတစ္ခုျဖစ္တဲ့ 5G network ေလးကေတာ့ ၂၀၁၈ မွာ ေတြ႕ျမင္ရပါျပီ။ 5G စမတ္ဖုန္းေလးေတြကေတာ့ ၂၀၁၉မွာ စတင္ထုတ္လုပ္မွာ ျဖစ္ပါတယ္။ ကၽြန္ေတာ္တို႕ၾကားထားတာကေတာ့ ၂၀၂၀ခုႏွစ္ေရာက္မွ 5G iPhone ကို ေတြ႕ျမင္ရမွာပါ။
ဒီအတြက္လည္း ေျဖရွင္းခ်က္ေတြ ရွိပါတယ္။ Apple က ကၽြန္ေတာ္တို႕အရင္တုန္းက ေတြ႕ျမင္ခဲ့သလိုပဲ သူ႕ရဲ႕ဖုန္းေတြမွာ ၾကိဳးမဲ့နည္းပညာေတြထည့္သြင္းဖို႕ စိတ္မ၀င္စားတဲ့သူပါ။ ဒီေလာက္အျမန္ႏႈန္းကို ထည့္သြင္းထိုက္တယ္လုိ႕ မယူဆပါဘူး။ 5G ရဲ႕ အက်ိဳးေက်းဖူးကေတာ့ ေႏွာင့္ေႏွးမႈနည္းပါးျပီး GB အျမန္ႏႈႏ္းရပါတယ္။ ဒါေပမယ့္လည္း အခုအခ်ိန္မွာ စမတ္ဖုန္းေတြအတြက္ အသံုးမ၀င္ေသးပါဘူး။ ဒီေတာ့ မေကာင္းေသးတဲ့ နည္းပညာအသစ္ကို Apple က မထည့္ခ်င္တဲ့သေဘာပါပဲ။
Apple က 5G နည္းပညာကို ဘာေၾကာင့္မေပါင္းရေသးလဲဆိုတာက အေၾကာင္းရင္းတစ္ခုရွိပါတယ္။ Qualcomm, Nokia, Ericsson, Huawei, တို႕ေတြက ေဒၚလာေပါင္းမ်ားစြာ ရင္းနွီးျပီးေတာ့ ႏွစ္ေပါင္းမ်ားစြာ သုေတသနလုပ္ခဲ့ပါတယ္။ 5G နည္းပညာထြက္လာတဲ့အခါ အသံုးျပဳသူေတြဆီကေန ၀န္ေဆာင္ခ ေတာင္းၾကပါတယ္။
5G လုိင္စင္ရဖို႕အတြက္ စမတ္ဖုန္းတစ္လံုးကို ၂၁ေဒၚလာက်သင့္ပါတယ္။ ဒီေတာ့ 4G ဆိုရင္ ၉.၆ ေဒၚလာပဲေပးေဆာင္ရေတာ့ Apple အတြက္ ကုန္က်စရိတ္တက္လာမွာပါ။ မတန္ေသးပါဘူး။ စမတ္ဖုန္းေရာင္းအားေတြ က်ဆင္းေနတဲ့အခ်ိန္မွာ ဟန္းဆက္တုိငး္ရဲ႕အျမတ္ကို မ်ားေအာင္ ၾကံဆေနရခ်ိန္မွာ
လိုင္စင္ေၾကးထပ္ေပးရမယ္ဆိုရင္ေတာ့ မျဖစ္သင့္ပါဘူး။
Qualcomm ကို တုိက္ရုိက္ေပးရမယ္ဆိုရင္ေတာ့ အေတာ္ေလးေပးရမွာပါ။ Nokia ကေတာ့ ၃.၅ေဒၚလာပဲ ယူပါတယ္တဲ့။

Unicode Version

နှစ်ပေါင်းများစွာ hype ဖြစ်နေတဲ့အရာတစ်ခုဖြစ်တဲ့ 5G network လေးကတော့ ၂၀၁၈ မှာ တွေ့မြင်ရပါပြီ။ 5G စမတ်ဖုန်းလေးတွေကတော့ ၂၀၁၉မှာ စတင်ထုတ်လုပ်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ကြားထားတာကတော့ ၂၀၂၀ခုနှစ်ရောက်မှ 5G iPhone ကို တွေ့မြင်ရမှာပါ။
ဒီအတွက်လည်း ဖြေရှင်းချက်တွေ ရှိပါတယ်။ Apple က ကျွန်တော်တို့အရင်တုန်းက တွေ့မြင်ခဲ့သလိုပဲ သူ့ရဲ့ဖုန်းတွေမှာ ကြိုးမဲ့နည်းပညာတွေထည့်သွင်းဖို့ စိတ်မဝင်စားတဲ့သူပါ။ ဒီလောက်အမြန်နှုန်းကို ထည့်သွင်းထိုက်တယ်လို့ မယူဆပါဘူး။ 5G ရဲ့ အကျိုးကျေးဖူးကတော့ နှောင့်နှေးမှုနည်းပါးပြီး GB အမြန်နှုန်းရပါတယ်။ ဒါပေမယ့်လည်း အခုအချိန်မှာ စမတ်ဖုန်းတွေအတွက် အသုံးမဝင်သေးပါဘူး။ ဒီတော့ မကောင်းသေးတဲ့ နည်းပညာအသစ်ကို Apple က မထည့်ချင်တဲ့သဘောပါပဲ။
Apple က 5G နည်းပညာကို ဘာကြောင့်မပေါင်းရသေးလဲဆိုတာက အကြောင်းရင်းတစ်ခုရှိပါတယ်။ Qualcomm, Nokia, Ericsson, Huawei, တို့တွေက ဒေါ်လာပေါင်းများစွာ ရင်းနှီးပြီးတော့ နှစ်ပေါင်းများစွာ သုတေသနလုပ်ခဲ့ပါတယ်။ 5G နည်းပညာထွက်လာတဲ့အခါ အသုံးပြုသူတွေဆီကနေ ဝန်ဆောင်ခ တောင်းကြပါတယ်။
5G လိုင်စင်ရဖို့အတွက် စမတ်ဖုန်းတစ်လုံးကို ၂၁ဒေါ်လာကျသင့်ပါတယ်။ ဒီတော့ 4G ဆိုရင် ၉.၆ ဒေါ်လာပဲပေးဆောင်ရတော့ Apple အတွက် ကုန်ကျစရိတ်တက်လာမှာပါ။ မတန်သေးပါဘူး။ စမတ်ဖုန်းရောင်းအားတွေ ကျဆင်းနေတဲ့အချိန်မှာ ဟန်းဆက်တိုင်းရဲ့အမြတ်ကို များအောင် ကြံဆနေရချိန်မှာ
လိုင်စင်ကြေးထပ်ပေးရမယ်ဆိုရင်တော့ မဖြစ်သင့်ပါဘူး။
Qualcomm ကို တိုက်ရိုက်ပေးရမယ်ဆိုရင်တော့ အတော်လေးပေးရမှာပါ။ Nokia ကတော့ ၃.၅ဒေါ်လာပဲ ယူပါတယ်တဲ့။

Leave a Reply