လုံခြုံရေး feature တွေအများကြီးပါဝင်နေတဲ့ Gate Camera Smart Lock

0
1006

Zawgyi Version


Unicode Version

ဒီနေ့ခေတ်မှာတော့ smart lock တွေကို သူတို့အိမ်အတွက် ရွေးချယ်အသုံးပြုသူတွေ များလာပါပြီ။ ဘာကြောင့်လဲဆိုတာ သိသာပါတယ်။ သူတို့ဟာ အိမ်အတွက်လုံခြုံမှုကောင်းကောင်းပေးနိုင်ပြီးတော့ feature လည်း စုံလင်ပါတယ်။ ဒါပေမယ့်လည်း smart lock တိုင်းက အားလုံးအတူတူပဲလားဆိုတော့ မဟုတ်ပြန်ပါဘူး။ အချို့ဟာတွေက အခြေခံသဘောလောက်ပါပဲ။ အခြားပစ္စည်းတွေကတော့ ပရီမီယမ် feature တွေကိုလည်း ပေးစွမ်းနိုင်ပြီးတော့ သင့်ရဲ့အိမ်နဲ့ တံခါးအတွက် ကမ္ဘာအသစ်တစ်ခုကို ဖွင့်ပေးနိုင်စွမ်းတွေ ရှိနေပါတယ်။
Smart lock. Smart Features.
Gate Camera Smart Lock လေးကတော့ feature တွေ အများကြီးပါဝင်နေပါတယ်။ သူမတူတဲ့ access code တွေနဲ့ ဗွီဒီယို streaming တွေဆိုတာ အစပဲရှိပါသေးတယ်။ motion activated camera ပါဝင်တဲ့အတွက်ကြောင့် 720p 150-degree field of view ၊ တံခါးအပြင်ဘက်က live video streaming တွေကိုလည်း တွေ့မြင်နိုင်စေမှာပါ။
Connected Keypad Lock လေးမှာတော့ LED lit keypad lock ဖြစ်တဲ့အတွက်ကြောင့် access code ရှိတဲ့သူတိုင်းကို ဝင်ခွင့်ပေးထားပြီးတော့ သင်နဲ့ဧည့်သည်တွေကို ချိတ်ဆက်ပေးမယ့် mobile chime လေးလည်း ဖြစ်ပါတယ်။ စိတ်မပူပါနဲ့. hysical key cylinder ပါတဲ့အတွက်ကြောင့် အရင်တုန်းကလိုမျိုး သော့တံနဲ့လည်း ဖွင့်လို့ရပါတယ်။ ဧည့်သည်တွေနဲ့ real time ဆက်သွယ်ချင်ပါသလား။ 2 way audio feature ကို အသုံးပြုနိုင်ပါတယ်။
app လေးနဲ့ဆိုရင် တံခါးဝမှာ တစ်ယောက်ယောက်ရှိနေတာနဲ့ အချက်ပြပေးမှာပါ။ စမတ်ဖုန်းကနေ တိုက်ရိုက်ဗွီဒီယိုကြည့်လို့ရပါတယ်။ သင်အိမ်မှာမရှိပေမယ့်လည်း သူတို့ဘာလုပ်နေလဲ၊ ဘာတွေဖြစ်နေလဲ သိနိုင်ပါတယ်။ Remote Lock and Unlock feature ပါဝင်လို့ စမတ်ဖုန်းကနေ အဖွင့်အပိတ်လုပ်နိုင်ပါတယ်။
Gate ဟာ တံခါးအတော်များများနဲ့အဆင်ပြေပြီးတော့ မိနစ်အနည်းငယ်ပဲ တပ်ဆင်ရမှာပါ။ အရမ်းမိုက်တဲ့ smart lock လေးပါပဲ။

Leave a Reply