Enterprise Trending

တရုတ္ႏုိင္ငံမွ iPhone အသစ္မ်ားတင္ပို႕ရန္ ကုန္တင္ေလယာဥ္မ်ား ငွားရမ္းျပီးစီး

Zawgyi Version
၂၀၁၈ခုႏွစ္ iPhone ေတြကေတာ့ ေရာက္လာေနပါျပီ။ စက္တင္ဘာ ၁၂ရက္ေန႕မွာ iPhone Keynote ေတြကိုျမင္ႏုိင္မယ္ဆိုတာ အေထာက္အထားျပဖို႕အတြက္ လက္ဆုပ္လက္ကိုင္ရထားပါတယ္။ အဲဒီေနာက္နွစ္ရက္မွာေတာ့ ေအာ္ဒါေတြလက္ခံသြားနုိင္ေလာက္ပါတယ္။ စတုိးဆုိင္ေတြကိုေတာ့ စက္တင္ဘာ၂၁ရက္ေန႕မွာ ျဖန္႕ခ်ိမယ္လို႕ တြက္ဆထားပါတယ္။ ကၽြန္ေတာ္တုိ႕လိုအပ္တာကေတာ့ Apple ရဲ႕ အတည္ျပဳမႈပါပဲ။ ဒီေတာ့ မီဒီယာသမားေတြကို ဖိတ္ၾကားစာေတြဟာ လာမယ့္အပတ္ထဲမွာ ထြက္ေပၚလာေတာ့မွာပါ။
အဲဒီရက္ေတြက မတိက်ေသးေပမယ့္လည္း iPhone X ေမာ္ဒယ္လ္အသစ္ေတြကေတာ့ စက္တင္ဘာထဲမွာ ေတြ႕ျမင္ရမွာပါ။ ဘယ္လိုနည္းနဲ႕ျဖစ္ျဖစ္ပါ။ ဘာေၾကာင့္လဲဆိုိေတာ့ သဲလြန္စေတြ ေတြ႕ျမင္ေနရျပီေလ။
Redditor တစ္ေယာက္ကေတာ့ တရုတ္ႏုိင္ငံရဲ႕ ေလေၾကာင္းသြားလာေရးအခ်ိဳ႕ကို ငွားရမ္းသံုးစြဲထားျခင္းတစ္ခုရွိပါတယ္။ ဒါဟာ iPhone အတြက္ပဲ ျဖစ္ႏုိင္တယ္လို႕ ေရးသားထားတာပါ။
ကၽြန္ေတာ့အေမက အိတ္စ္ပို႕၊အင္ပို႕ အပိုင္းကပါ။ Apple က လာမယ့္အပတ္ထဲမွာ တရုတ္ကေန ယူအက္စ္ေအကို ေျပးဆြဲမယ့္ ကုန္တင္ေလယာဥ္ေတြအားလံုးကို ယူထားတယ္လို႕ ေျပာပါတယ္။ မွတ္ခ်က္ကေတာ့ Product Launch လို႕ေရးသားထားပါတယ္။ ဒီေတာ့ ယူအက္စ္ကို iPhone ထားတာ ဒါမွမဟုတ္ တစ္ခုခုေတာ့ ျဖစ္ေနပါျပီ။
ေသခ်ာတာေပါ့။ ယံုၾကည္ရတဲ့သတင္းရင္းျမစ္တစ္ခုျဖစ္ႏုိင္ပါတယ္။ Apple က အရင္တုန္းကလည္း ဒီလိုမ်ိဳး လုပ္ခဲ့ဖူးပါတယ္။ ၂၀၁၄ခုႏွစ္တုန္းက္ iPhone ကိုမ်က္ႏွာျပင္ၾကီးၾကီးနဲ႕ ပထမဆံုးမိတ္ဆက္တဲ့အခါကေပါ့။ တရုတ္နုိင္ငံရဲ႕ ကုန္တင္ေလယာဥ္ေတြကို အျပတ္ငွားရမ္းလိုက္ပါတယ္။
၂၀၁၈ iPhone ေတြကေတာ့ အရင္ႏွစ္ဗားရွင္းထက္ စိတ္၀င္စားစရာပိုေကာင္းျပီးေတာ့ တတ္ႏုိင္တဲ့ေစ်းလည္း ရွိေနပါတယ္။
all-screen iPhone တစ္လံုးမွာ Face ID ပါ၀င္မယ္။ ဒါေပမယ့္ $699 သာ က်သင့္မွာပါ။ သူကေတာ့ LCD နဲ႕ ကင္မရာတစ္လံုးပဲ ပါ၀င္မွာပါ။ ေစ်းသက္သာတဲ့ iPhone X မ်ိဳးဆက္သစ္နဲ႕ $999 က်သင့္မယ့္Plus ဗားရွင္းကိုလည္း ေတြ႕ျမင္ရမွာပါ။
ဒါေပမယ့္ 6.1-inch LCD iPhone ကိုေတာ့ ေအာက္တိုဘာမတုိင္ခင္ မျမင္ရေလာက္ဘူးလို႕ ေျပာထားပါတယ္။
ဒါ့အျပင္ Apple ဆီက ၾကားထားတာကေတာ့ MacBook Air,Mac Mini, AirPods နဲ႕ Apple Watch Series 4 တို႕ကို ေတြ႕ျမင္ရမွာပါ။ ဒါေပမယ့္ေနာက္အပတ္မွာ ေတြ႕ျမင္ရမွာကေတာ့ iPhone ျဖစ္ဖို႕ အလားအလာမ်ားေနပါတယ္။

Unicode Version

၂၀၁၈ခုနှစ် iPhone တွေကတော့ ရောက်လာနေပါပြီ။ စက်တင်ဘာ ၁၂ရက်နေ့မှာ iPhone Keynote တွေကိုမြင်နိုင်မယ်ဆိုတာ အထောက်အထားပြဖို့အတွက် လက်ဆုပ်လက်ကိုင်ရထားပါတယ်။ အဲဒီနောက်နှစ်ရက်မှာတော့ အော်ဒါတွေလက်ခံသွားနိုင်လောက်ပါတယ်။ စတိုးဆိုင်တွေကိုတော့ စက်တင်ဘာ၂၁ရက်နေ့မှာ ဖြန့်ချိမယ်လို့ တွက်ဆထားပါတယ်။ ကျွန်တော်တို့လိုအပ်တာကတော့ Apple ရဲ့ အတည်ပြုမှုပါပဲ။ ဒီတော့ မီဒီယာသမားတွေကို ဖိတ်ကြားစာတွေဟာ လာမယ့်အပတ်ထဲမှာ ထွက်ပေါ်လာတော့မှာပါ။
အဲဒီရက်တွေက မတိကျသေးပေမယ့်လည်း iPhone X မော်ဒယ်လ်အသစ်တွေကတော့ စက်တင်ဘာထဲမှာ တွေ့မြင်ရမှာပါ။ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ်ပါ။ ဘာကြောင့်လဲဆိုတော့ သဲလွန်စတွေ တွေ့မြင်နေရပြီလေ။
Redditor တစ်ယောက်ကတော့ တရုတ်နိုင်ငံရဲ့ လေကြောင်းသွားလာရေးအချို့ကို ငှားရမ်းသုံးစွဲထားခြင်းတစ်ခုရှိပါတယ်။ ဒါဟာ iPhone အတွက်ပဲ ဖြစ်နိုင်တယ်လို့ ရေးသားထားတာပါ။
ကျွန်တော့အမေက အိတ်စ်ပို့၊အင်ပို့ အပိုင်းကပါ။ Apple က လာမယ့်အပတ်ထဲမှာ တရုတ်ကနေ ယူအက်စ်အေကို ပြေးဆွဲမယ့် ကုန်တင်လေယာဉ်တွေအားလုံးကို ယူထားတယ်လို့ ပြောပါတယ်။ မှတ်ချက်ကတော့ Product Launch လို့ရေးသားထားပါတယ်။ ဒီတော့ ယူအက်စ်ကို iPhone ထားတာ ဒါမှမဟုတ် တစ်ခုခုတော့ ဖြစ်နေပါပြီ။
သေချာတာပေါ့။ ယုံကြည်ရတဲ့သတင်းရင်းမြစ်တစ်ခုဖြစ်နိုင်ပါတယ်။ Apple က အရင်တုန်းကလည်း ဒီလိုမျိုး လုပ်ခဲ့ဖူးပါတယ်။ ၂၀၁၄ခုနှစ်တုန်းက် iPhone ကိုမျက်နှာပြင်ကြီးကြီးနဲ့ ပထမဆုံးမိတ်ဆက်တဲ့အခါကပေါ့။ တရုတ်နိုင်ငံရဲ့ ကုန်တင်လေယာဉ်တွေကို အပြတ်ငှားရမ်းလိုက်ပါတယ်။
၂၀၁၈ iPhone တွေကတော့ အရင်နှစ်ဗားရှင်းထက် စိတ်ဝင်စားစရာပိုကောင်းပြီးတော့ တတ်နိုင်တဲ့ဈေးလည်း ရှိနေပါတယ်။
all-screen iPhone တစ်လုံးမှာ Face ID ပါဝင်မယ်။ ဒါပေမယ့် $699 သာ ကျသင့်မှာပါ။ သူကတော့ LCD နဲ့ ကင်မရာတစ်လုံးပဲ ပါဝင်မှာပါ။ ဈေးသက်သာတဲ့ iPhone X မျိုးဆက်သစ်နဲ့ $999 ကျသင့်မယ့်Plus ဗားရှင်းကိုလည်း တွေ့မြင်ရမှာပါ။
ဒါပေမယ့် 6.1-inch LCD iPhone ကိုတော့ အောက်တိုဘာမတိုင်ခင် မမြင်ရလောက်ဘူးလို့ ပြောထားပါတယ်။
ဒါ့အပြင် Apple ဆီက ကြားထားတာကတော့ MacBook Air,Mac Mini, AirPods နဲ့ Apple Watch Series 4 တို့ကို တွေ့မြင်ရမှာပါ။ ဒါပေမယ့်နောက်အပတ်မှာ တွေ့မြင်ရမှာကတော့ iPhone ဖြစ်ဖို့ အလားအလာများနေပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.