Xiaomi Redmi Series မ်ားကို ယွဥ္ၿပိဳင္မယ့္ Oppo Realme 2

0
1036

Oppo က တန္ဖိုးနည္း Xiaomi Redmi Series မ်ားကို ယွဥ္ၿပိဳင္ဖို႔အတြက္ Realme Series မ်ားကို ထုတ္လုပ္ေရာင္းခ်ေနပါတယ္။ ၅ လပိုင္းမွာ ပထမဆံုး ဖုန္း အျဖစ္ Realme 1 ကို ေၾကညာခဲ့ပါတယ္။ အခုေတာ့ အိႏၵိယမွာ ယခုလ ၂၈ ရက္ေန႔တြင္ Realme 2 ကို ေၾကညာေတာ့မွာ ျဖစ္ပါတယ္။ ကုမၸဏီက သူ႔ရဲ႕ တြစ္တာ အေကာင့္ကေန အဲဒီ စမတ္ဖုန္းကို ေၾကညာမယ့္ အခ်ိန္နဲ႔ ပတ္သက္ၿပီး အရိပ္အျမြက္ ေၾကညာလိုက္ပါတယ္။

တြစ္တာမွ ဓါတ္ပံုမွာ အဲဒီ ဖုန္းတြင္ Notch နဲ႔ 4230mAh Battery မ်ား ပါမယ္လို႔ ေရးသားထားပါတယ္။ ဘက္ထရီ ပမာဏဟာ ပထမမ်ိဳးဆက္ Realme 1 ထက္ ၂၈ ရာခုိင္ႏႈန္း ပိုမို ႀကီးမားလာပါတယ္။ ေစ်းႏႈန္း အပိုင္းမွာေတာ့ သူဟာ Realme 1 နဲ႔ သိပ္မကြာေလာက္ပါဘူး။ ဒါေပမယ့္ အေနာက္ကင္မရာ ၂ လံုး၊ လက္ေဗြရာ ကိရိယာနဲ႔ ပိုမို ႀကီးမားတဲ့ ဘက္ထရီမ်ားေၾကာင့္ တန္ဖိုး အနည္းငယ္ ပိုလာႏုိင္ပါတယ္။

Realme 1 မွာ ၆ လက္မ 2160x1080p LCD Display တပ္ဆင္ထားၿပီး အခုေခတ္စားေနတဲ့ မ်က္ႏွာျပင္အရွည္ ဒီဇိုင္း ျဖစ္ပါတယ္။ Android 8.1 အေျချပဳ ColorOS 5.0 ထည့္ေပးထားပါတယ္။ Helio P60 Chipset ေမာင္းႏွင္ထားၿပီး Octa-Core CPU ပါပါတယ္။ 3GB or 6GB RAM မ်ား ေရြးခ်ယ္ႏုိင္ပါတယ္။ 3410mAh Battery ထည့္ေပးထားပါတယ္။

သူ႔မွာ AI စြမ္းရည္မ်ားစြာ ပါပါတယ္။ စြမ္းေဆာင္ရည္ ေကာင္းဖို႔အတြက္ Chipset ရဲ႕ အလုပ္လုပ္ပံုကို AI က ထိန္းခ်ဳပ္ေပးပါတယ္။ ဘက္ထရီ သက္တမ္း ၾကာရွည္ေစဖို႔ ေနာက္ကြယ္မွ App မ်ားကို ပိတ္ေပးတဲ့ AI စြမ္းရည္လည္း ပါပါတယ္။ ကင္မရာမွာလည္း AI ပါလာပါတယ္။ Portrait Mode , AR Stickers, Beauty Mode , Scene Recognition မ်ားကို AI က အေကာင္းဆံုး ဖန္တီးေပးပါတယ္။

အေရွ႕ဘက္ 8MP Camera မွာ Face Unlock လုပ္ေဆာင္ခ်က္ပါပါတယ္။ လက္ေဗြရာ ဆန္ဆာေတာ့ မပါပါဘူး။ အေနာက္ဘက္မွာ 13MP Camera ပါပါတယ္။ 4G SIM Card ၂ ခုနဲ႔ microSD Card မ်ားအတြက္ Triple Slot ပါပါတယ္။ Diamond Black , Solar Red အေရာင္မ်ား ထုတ္လုပ္ေပးထားၿပီး 3GB/32GB Model ကို ယူရို ၁၁၂ နဲ႔ သူ႔ထက္စြမ္းရည္ျမင့္တဲ့ ေမာ္ဒယ္ကို ယူရို ၁၇၄ သတ္မွတ္ထားပါတယ္။

unicode

Xiaomi Redmi Series များကို ယှဉ်ပြိုင်မယ့် Oppo Realme 2

Oppo က တန်ဖိုးနည်း Xiaomi Redmi Series များကို ယှဉ်ပြိုင်ဖို့အတွက် Realme Series များကို ထုတ်လုပ်ရောင်းချနေပါတယ်။ ၅ လပိုင်းမှာ ပထမဆုံး ဖုန်း အဖြစ် Realme 1 ကို ကြေညာခဲ့ပါတယ်။ အခုတော့ အိန္ဒိယမှာ ယခုလ ၂၈ ရက်နေ့တွင် Realme 2 ကို ကြေညာတော့မှာ ဖြစ်ပါတယ်။ ကုမ္ပဏီက သူ့ရဲ့ တွစ်တာ အကောင့်ကနေ အဲဒီ စမတ်ဖုန်းကို ကြေညာမယ့် အချိန်နဲ့ ပတ်သက်ပြီး အရိပ်အမြွက် ကြေညာလိုက်ပါတယ်။

တွစ်တာမှ ဓါတ်ပုံမှာ အဲဒီ ဖုန်းတွင် Notch နဲ့ 4230mAh Battery များ ပါမယ်လို့ ရေးသားထားပါတယ်။ ဘက်ထရီ ပမာဏဟာ ပထမမျိုးဆက် Realme 1 ထက် ၂၈ ရာခိုင်နှုန်း ပိုမို ကြီးမားလာပါတယ်။ ဈေးနှုန်း အပိုင်းမှာတော့ သူဟာ Realme 1 နဲ့ သိပ်မကွာလောက်ပါဘူး။ ဒါပေမယ့် အနောက်ကင်မရာ ၂ လုံး၊ လက်ဗွေရာ ကိရိယာနဲ့ ပိုမို ကြီးမားတဲ့ ဘက်ထရီများကြောင့် တန်ဖိုး အနည်းငယ် ပိုလာနိုင်ပါတယ်။

Realme 1 မှာ ၆ လက်မ 2160x1080p LCD Display တပ်ဆင်ထားပြီး အခုခေတ်စားနေတဲ့ မျက်နှာပြင်အရှည် ဒီဇိုင်း ဖြစ်ပါတယ်။ Android 8.1 အခြေပြု ColorOS 5.0 ထည့်ပေးထားပါတယ်။ Helio P60 Chipset မောင်းနှင်ထားပြီး Octa-Core CPU ပါပါတယ်။ 3GB or 6GB RAM များ ရွေးချယ်နိုင်ပါတယ်။ 3410mAh Battery ထည့်ပေးထားပါတယ်။

သူ့မှာ AI စွမ်းရည်များစွာ ပါပါတယ်။ စွမ်းဆောင်ရည် ကောင်းဖို့အတွက် Chipset ရဲ့ အလုပ်လုပ်ပုံကို AI က ထိန်းချုပ်ပေးပါတယ်။ ဘက်ထရီ သက်တမ်း ကြာရှည်စေဖို့ နောက်ကွယ်မှ App များကို ပိတ်ပေးတဲ့ AI စွမ်းရည်လည်း ပါပါတယ်။ ကင်မရာမှာလည်း AI ပါလာပါတယ်။ Portrait Mode , AR Stickers, Beauty Mode , Scene Recognition များကို AI က အကောင်းဆုံး ဖန်တီးပေးပါတယ်။

အရှေ့ဘက် 8MP Camera မှာ Face Unlock လုပ်ဆောင်ချက်ပါပါတယ်။ လက်ဗွေရာ ဆန်ဆာတော့ မပါပါဘူး။ အနောက်ဘက်မှာ 13MP Camera ပါပါတယ်။ 4G SIM Card ၂ ခုနဲ့ microSD Card များအတွက် Triple Slot ပါပါတယ်။ Diamond Black , Solar Red အရောင်များ ထုတ်လုပ်ပေးထားပြီး 3GB/32GB Model ကို ယူရို ၁၁၂ နဲ့ သူ့ထက်စွမ်းရည်မြင့်တဲ့ မော်ဒယ်ကို ယူရို ၁၇၄ သတ်မှတ်ထားပါတယ်။

Leave a Reply