Notchless all-screen phone ေတြကို ေနာက္နွစ္မွာ ထုတ္လုပ္ရန္စီစဥ္ထား

0
1317

Zawgyi version

Apple ကေတာ့ iPhone X မွာ notch ကိုစျပီး အသံုးျပဳမယ္လို႔ ေျပာၾကားတုန္းက လူေတာ္ေတာ္မ်ားမ်ားက အဲ့ဒီ notch အေၾကာင္းကို တစ္ခ်ိန္လံုးေျပာေနၾကတာပဲ ျဖစ္ပါတယ္။ ဘယ္လိုမ်ားလုပ္ျပီး ဘယ္လိုေတြထြက္ရွိမလဲ ဆိုျပီးေတာ့ေပါ့။ အကုန္လံုးက ေစာင့္ေမွ်ာ္ေနၾကခဲ့တာပါ။ ဒါေပမယ့္ သူေျပာတဲ့ အတိုင္း တစ္ကယ္လဲ notch ဒီဇိုင္းနဲ႔ ထြက္ရွိလာပါတယ္။ သူ notch နဲ႔ ဒီဇုိင္းထုတ္ျပီး ေနာက္ပိုင္း စမတ္ဖုန္း

ကုမၸဏီေတာ္ေတာ္မ်ားမ်ားက အဲ့ဒီဇိုင္းကို လုိက္တုပျပီး ထုတ္လုပ္လာၾကပါတယ္။ ေနာက္နွစ္မွာေတာ့ notchless ဖုန္းေတြကို ထုတ္လုပ္လာၾကေတာ့မွာပဲ ျဖစ္ပါတယ္။ Notch ေတြမပါဘဲ မ်က္နွာျပင္အျပည့္နဲ႔ ထုတ္လုပ္လို႔ေရာမရဘူးလားဆိုေတာ့ ရပါတယ္။ ဒါေပမယ့္ အခ်ိန္ေတြၾကာတယ္။ ဖုန္ရဲ႕  မ်က္နွာျပင္ေပၚက ear speaker, cameras နဲ႔ တစ္ျခား sensors ေတြကို ဖုန္းမ်က္နွာျပင္ေအာက္မွာ ထည့္သြင္းဖို႔ဆိုတာကေတာ့ သိပ္ေတာ့ မလြယ္ကူပါဘူး။

ဒါေပမယ့္ တစ္ခ်ိဳ႕ တရုတ္ ကုမၸဏီေတြကေတာ့ ဖုန္းရဲ႕ မ်က္နွာျပင္ေပၚက အရာေတြကို ဖယ္ရွားနုိင္ခဲ့ျပီပဲ ျဖစ္ပါတယ္။ ဥပမာ- Oppo Find X ဆိုရင္ selfie ကင္မရာ နဲ႔ ear speaker ကို ကိုယ္ထည္မွာ ျမွဳပ္ထားေပးျပီး လိုအပ္မွ ထြက္လာမယ့္ ပံုစံမ်ိဳး လုပ္ေပးထားပါတယ္။ ဒါေပမယ့္ အဲ့လိုလုပ္ထားတဲ့အတြက္ ဖုန္း case ကိုေတာ့ အသံုးျပဳလို႔ရမွာ မဟုတ္ပါဘူး။ Oppo လိုပဲ တစ္ျခား စမတ္ဖုန္း ကုမၸဏီၾကီးေတြကလဲ သူ႔လုိပဲ လုိက္လုပ္ဖို႔ ၾကိဳးစားေနၾကပါတယ္။

စမတ္ဖုန္းေတြကို all-screen design နဲ႔ မ်က္နွာျပင္ျပည့္ေတြကို ေနာက္နွစ္မွာ ထုတ္လုပ္ေတာ့မွာပဲ ျဖစ္ပါတယ္။ သူက ေဘးေဘာင္ ေတြလဲ ပါ၀င္ေတာ့မွာ မဟုတ္ဘဲ notch လဲ မပါ၀င္ေတာ့ပါဘူး။ Apple က ေနာက္နွစ္မွာ notch ဒီဇို္င္းအသစ္ထြက္ရွိမယ္လို႔လဲ ေကာလဟာလေတြ ထြက္ရွိေနပါတယ္။

Unicode version

Apple ကတော့ iPhone X မှာ notch ကိုစပြီး အသုံးပြုမယ်လို့ ပြောကြားတုန်းက လူတော်တော်များများက အဲ့ဒီ notch အကြောင်းကို တစ်ချိန်လုံးပြောနေကြတာပဲ ဖြစ်ပါတယ်။ ဘယ်လိုများလုပ်ပြီး ဘယ်လိုတွေထွက်ရှိမလဲ ဆိုပြီးတော့ပေါ့။ အကုန်လုံးက စောင့်မျှော်နေကြခဲ့တာပါ။ ဒါပေမယ့် သူပြောတဲ့ အတိုင်း တစ်ကယ်လဲ notch ဒီဇိုင်းနဲ့ ထွက်ရှိလာပါတယ်။ သူ notch နဲ့ ဒီဇိုင်းထုတ်ပြီး နောက်ပိုင်း စမတ်ဖုန်း
ကုမ္ပဏီတော်တော်များများက အဲ့ဒီဇိုင်းကို လိုက်တုပပြီး ထုတ်လုပ်လာကြပါတယ်။
ခုချိန်မှာတော့ notchless ဖုန်းတွေကို ထုတ်လုပ်လာကြတော့မှာပဲ ဖြစ်ပါတယ်။
Notch တွေမပါဘဲ မျက်နှာပြင်အပြည့်နဲ့ ထုတ်လုပ်လို့ရောမရဘူးလားဆိုတော့ ရပါတယ်။ ဒါပေမယ့် အချိန်တွေကြာတယ်။ ဖုန်ရဲ့ မျက်နှာပြင်ပေါ်က ear speaker, cameras နဲ့ တစ်ခြား sensors တွေကို ဖုန်းမျက်နှာပြင်အောက်မှာ ထည့်သွင်းဖို့ဆိုတာကတော့ သိပ်တော့ မလွယ်ကူပါဘူး။


ဒါပေမယ့် တစ်ချို့ တရုတ် ကုမ္ပဏီတွေကတော့ ဖုန်းရဲ့ မျက်နှာပြင်ပေါ်က အရာတွေကို ဖယ်ရှားနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။ ဥပမာ- Oppo Find X ဆိုရင် selfie ကင်မရာ နဲ့ ear speaker ကို ကိုယ်ထည်မှာ မြှုပ်ထားပေးပြီး လိုအပ်မှ ထွက်လာမယ့် ပုံစံမျိုး လုပ်ပေးထားပါတယ်။ ဒါပေမယ့် အဲ့လိုလုပ်ထားတဲ့အတွက် ဖုန်း case ကိုတော့ အသုံးပြုလို့ရမှာ မဟုတ်ပါဘူး။ Oppo လိုပဲ တစ်ခြား စမတ်ဖုန်း ကုမ္ပဏီကြီးတွေကလဲ သူ့လိုပဲ လိုက်လုပ်ဖို့ ကြိုးစားနေကြပါတယ်။
စမတ်ဖုန်းတွေကို all-screen design နဲ့ မျက်နှာပြင်ပြည့်တွေကို နောက်နှစ်မှာ ထုတ်လုပ်တော့မှာပဲ ဖြစ်ပါတယ်။ သူက ဘေးဘောင် တွေလဲ ပါဝင်တော့မှာ မဟုတ်ဘဲ notch လဲ မပါဝင်တော့ပါဘူး။
Apple က နောက်နှစ်မှာ notch ဒီဇိုင်းအသစ်ထွက်ရှိမယ်လို့လဲ ကောလဟာလတွေ ထွက်ရှိနေပါတယ်။

Leave a Reply