Galaxy Note 9 ကို ဖြင့္ၾကည့္လုိက္ရာ အထဲတြင္ ေရေရာ၊ ကာဗြန္မ်ားပါ တစ္ခုမွမေတြ႕ရ

0
2244

Zawgyi Version

Galaxy Note 9 မွာ ၾကီးမားတဲ့ေျပာင္းလဲမႈတစ္ခုကေတာ့ ဘတ္ထရီပါပဲ။ Galaxy Note 7 ထက္ပိုမိုက္တာက 4,000 mAh ကို အသံုးျပဳထားျခင္းပါပဲ။ ဒါေၾကာင့္လည္း ဖုန္းပိုင္ရွင္ေတြ စိတ္ပူေနၾကတာေပါ့။ ဒီေတာ့ Samsung က “water carbon cooling system” ကို အသံုးျပဳျပီးေတာ့ အပူကိုထိန္းခ်ဳပ္ထားတယ္လို႕ ေျပာခဲ့ပါတယ္။ ဒီလိုေျပာဆိုမႈဟာ JerryRigEverything လို႕ေခၚတဲ့ channel ေလးအတြက္ စပ္စုခ်င္စိတ္ေတြ ျဖစ္လာခဲ့ပါတယ္။
cooling system အေၾကာင္းကိုမေျပာခ်င္မွာ သိထားသင့္တာေလးေတြရွိပါတယ္။ အေသပိတ္ထားတဲ့စမတ္ဖုန္းေလးမွာ အေနာက္မွန္ခြာရတယ္ဆိုတာ အႏၱရာယ္မ်ားပါတယ္။ ဒါေပမယ့္လည္း ကၽြမ္းက်င္သူေတြဆိုေတာ့ ဘာမွမျဖစ္ခဲ့ပါဘူး။ စမ္းမၾကည့္ဖို႕ေျပာျခင္းျဖစ္ပါတယ္။
ေနာက္ဖံုးခြာလိုက္ျပီးတဲ့အထိလည္း ေအးေဆးပါပဲ။ ၀က္အူေလးေတြနဲ႕ ၾကပ္ထားပါတယ္။ ကဲခြာၾကည့္လိုက္ၾကပါစို႕။
Galaxy Note 9 ရဲ႕ heatpipe ကေတာ့ Galaxy Note 8 ထက္ ၾကီးမားတဲ့အတြက္ေၾကာင့္ Razer Gaming Phone နဲ႕ ယွဥ္လို႕ရပါတယ္။ heatpipe အေပၚမွာေတာ့ ၾကီးမားတဲ့ ေၾကးနီျပားေလးကိုေတြ႕ျမင္ရပါတယ္။ သူ႕ကိုခြဲၾကည့္တဲ့အခါမွာ အရည္ကို မေတြ႕ရပါဘူး။ ဖြင့္လိုက္တဲ့အခ်ိန္မွာ အေငြ႕ပ်ံသြားေလသလားပဲ။ ေသခ်ာတာကေတာ့ ကာဗြန္ေတြ တစ္ခုမွ မေတြ႕လိုက္ရပါဘူး။

Unicode Version

Galaxy Note 9 မှာ ကြီးမားတဲ့ပြောင်းလဲမှုတစ်ခုကတော့ ဘတ်ထရီပါပဲ။ Galaxy Note 7 ထက်ပိုမိုက်တာက 4,000 mAh ကို အသုံးပြုထားခြင်းပါပဲ။ ဒါကြောင့်လည်း ဖုန်းပိုင်ရှင်တွေ စိတ်ပူနေကြတာပေါ့။ ဒီတော့ Samsung က “water carbon cooling system” ကို အသုံးပြုပြီးတော့ အပူကိုထိန်းချုပ်ထားတယ်လို့ ပြောခဲ့ပါတယ်။ ဒီလိုပြောဆိုမှုဟာ JerryRigEverything လို့ခေါ်တဲ့ channel လေးအတွက် စပ်စုချင်စိတ်တွေ ဖြစ်လာခဲ့ပါတယ်။
cooling system အကြောင်းကိုမပြောချင်မှာ သိထားသင့်တာလေးတွေရှိပါတယ်။ အသေပိတ်ထားတဲ့စမတ်ဖုန်းလေးမှာ အနောက်မှန်ခွာရတယ်ဆိုတာ အန္တရာယ်များပါတယ်။ ဒါပေမယ့်လည်း ကျွမ်းကျင်သူတွေဆိုတော့ ဘာမှမဖြစ်ခဲ့ပါဘူး။ စမ်းမကြည့်ဖို့ပြောခြင်းဖြစ်ပါတယ်။
နောက်ဖုံးခွာလိုက်ပြီးတဲ့အထိလည်း အေးဆေးပါပဲ။ ဝက်အူလေးတွေနဲ့ ကြပ်ထားပါတယ်။ ကဲခွာကြည့်လိုက်ကြပါစို့။
Galaxy Note 9 ရဲ့ heatpipe ကတော့ Galaxy Note 8 ထက် ကြီးမားတဲ့အတွက်ကြောင့် Razer Gaming Phone နဲ့ ယှဉ်လို့ရပါတယ်။ heatpipe အပေါ်မှာတော့ ကြီးမားတဲ့ ကြေးနီပြားလေးကိုတွေ့မြင်ရပါတယ်။ သူ့ကိုခွဲကြည့်တဲ့အခါမှာ အရည်ကို မတွေ့ရပါဘူး။ ဖွင့်လိုက်တဲ့အချိန်မှာ အငွေ့ပျံသွားလေသလားပဲ။ သေချာတာကတော့ ကာဗွန်တွေ တစ်ခုမှ မတွေ့လိုက်ရပါဘူး။

Leave a Reply