8GB RAM ပါလာမယ့္ Xiaomi Pocophone F1

0
1181

Xiaomi ရဲ႕ Sub-Brand တစ္ခု ျဖစ္တဲ့ Pocophone ကေန ထုတ္လုပ္ေရာင္းခ်မယ့္ စမတ္ဖုန္းရဲ႕ သတင္းမ်ား မၾကာခဏ ေပါက္ၾကားထြက္ေပၚေနပါတယ္။ သူ႔ရဲ႕ အမည္မွာ Pocophone F1 ျဖစ္ၿပီး သူဟာ Qualcomm Snapdragon 845 Chipset ထည့္သြင္းထားတဲ့ ေစ်းအသက္သာဆံုး စမတ္ဖုန္း ျဖစ္မယ္လို႔ သတင္းထြက္ေနပါတယ္။

အခုလည္း စမတ္ဖုန္းမ်ားရဲ႕ စြမ္းရည္ကို စစ္ေဆးေနတဲ့ Geekbench ကေန သူ႔ရဲ႕ သတင္းအခ်က္အလက္မ်ား ထြက္ေပၚလာပါတယ္။ သူ႔မွာ 8GB RAM ပါလာမယ္လို႔ ေဖာ္ျပထားပါတယ္။ ယခင္ကေတာ့ 6GB RAM ပါမယ္လို႔ Geekbench ကေနပဲ ထြက္ေပၚခဲ့ဖူးပါတယ္။

ယခင္က 6GB/64GB , 6GB/128GB နဲ 8GB/256GB Model မ်ား ထုတ္လုပ္ထားမယ္လို႔ သတင္းထြက္ခဲ့ပါတယ္။ Xiaomi Pocophone F1 ရဲ႕ ဓါတ္ပံုမ်ား ယခင္က ေပါက္ၾကားထြက္ေပၚခဲ့ဖူးပါတယ္။ ဘလူးတုကို မွတ္ပံုတင္ထားတဲ့ စာရြက္စာတမ္းကေနလည္း သူ႔ရဲ႕ Specs မ်ားကို သိခဲ့ရၿပီးပါၿပီ။ သူ႔ရဲ႕ ဘူးခြံနဲ႔ ဓါတ္ပံု အခ်ိဳ႕လည္း ယခင္က ထြက္ေပၚလာပါတယ္။ ဓါတ္ပံုတစ္ခုမွာ ဖုန္းကေန ျဖဳတ္ထားတဲ့ 4000mAh Battery ကို ျပသထားပါတယ္။ အေနာက္ဘက္မွာ ကင္မရာ ႏွစ္လံုးကို ေဒါင္လိုက္ တပ္ဆင္ထားၿပီး သူ႔ရဲ႕ ေအာက္မွာ လက္ေဗြရာ ကိရိယာ ပါလာပါတယ္။ Snapdragon 845 အတြက္ Liquid Cooling System ကို ထည့္သြင္းထားမယ္လို႔ ဓါတ္ပံုတစ္ခုမွာ ျပသထားပါတယ္။

ထိပ္ဖက္မွာ နားၾကပ္ေပါက္ကို တပ္ဆင္ထားပါတယ္။ ေအာက္ေျခမွာ စပီကာေပါက္မ်ား၊ USB-C Port ကို ျမင္ရပါတယ္။ အေနာက္ဘက္ကို အလူမီနီယမ္ ကိုယ္ထည္ျဖင့္ ဖန္တီးထားတဲ့အတြက္ ႀကိဳးမဲ့အားသြင္း စနစ္ေတာ့ မပါႏုိင္ပါဘူး။ အရြယ္အစား ႀကီးမားတဲ့ Notch မွာ ကင္မရာကို တပ္ဆင္ထားပါတယ္။ 3D Face Recognition နည္းပညာအတြက္ ဆန္ဆာမ်ား မပါတာကို ေတြ႕ရပါတယ္။

unicode

8GB RAM ပါလာမယ့် Xiaomi Pocophone F1

Xiaomi ရဲ့ Sub-Brand တစ်ခု ဖြစ်တဲ့ Pocophone ကနေ ထုတ်လုပ်ရောင်းချမယ့် စမတ်ဖုန်းရဲ့ သတင်းများ မကြာခဏ ပေါက်ကြားထွက်ပေါ်နေပါတယ်။ သူ့ရဲ့ အမည်မှာ Pocophone F1 ဖြစ်ပြီး သူဟာ Qualcomm Snapdragon 845 Chipset ထည့်သွင်းထားတဲ့ ဈေးအသက်သာဆုံး စမတ်ဖုန်း ဖြစ်မယ်လို့ သတင်းထွက်နေပါတယ်။

အခုလည်း စမတ်ဖုန်းများရဲ့ စွမ်းရည်ကို စစ်ဆေးနေတဲ့ Geekbench ကနေ သူ့ရဲ့ သတင်းအချက်အလက်များ ထွက်ပေါ်လာပါတယ်။ သူ့မှာ 8GB RAM ပါလာမယ်လို့ ဖော်ပြထားပါတယ်။ ယခင်ကတော့ 6GB RAM ပါမယ်လို့ Geekbench ကနေပဲ ထွက်ပေါ်ခဲ့ဖူးပါတယ်။

ယခင်က 6GB/64GB , 6GB/128GB နဲ 8GB/256GB Model များ ထုတ်လုပ်ထားမယ်လို့ သတင်းထွက်ခဲ့ပါတယ်။ Xiaomi Pocophone F1 ရဲ့ ဓါတ်ပုံများ ယခင်က ပေါက်ကြားထွက်ပေါ်ခဲ့ဖူးပါတယ်။ ဘလူးတုကို မှတ်ပုံတင်ထားတဲ့ စာရွက်စာတမ်းကနေလည်း သူ့ရဲ့ Specs များကို သိခဲ့ရပြီးပါပြီ။ သူ့ရဲ့ ဘူးခွံနဲ့ ဓါတ်ပုံ အချို့လည်း ယခင်က ထွက်ပေါ်လာပါတယ်။ ဓါတ်ပုံတစ်ခုမှာ ဖုန်းကနေ ဖြုတ်ထားတဲ့ 4000mAh Battery ကို ပြသထားပါတယ်။ အနောက်ဘက်မှာ ကင်မရာ နှစ်လုံးကို ဒေါင်လိုက် တပ်ဆင်ထားပြီး သူ့ရဲ့ အောက်မှာ လက်ဗွေရာ ကိရိယာ ပါလာပါတယ်။ Snapdragon 845 အတွက် Liquid Cooling System ကို ထည့်သွင်းထားမယ်လို့ ဓါတ်ပုံတစ်ခုမှာ ပြသထားပါတယ်။

ထိပ်ဖက်မှာ နားကြပ်ပေါက်ကို တပ်ဆင်ထားပါတယ်။ အောက်ခြေမှာ စပီကာပေါက်များ၊ USB-C Port ကို မြင်ရပါတယ်။ အနောက်ဘက်ကို အလူမီနီယမ် ကိုယ်ထည်ဖြင့် ဖန်တီးထားတဲ့အတွက် ကြိုးမဲ့အားသွင်း စနစ်တော့ မပါနိုင်ပါဘူး။ အရွယ်အစား ကြီးမားတဲ့ Notch မှာ ကင်မရာကို တပ်ဆင်ထားပါတယ်။ 3D Face Recognition နည်းပညာအတွက် ဆန်ဆာများ မပါတာကို တွေ့ရပါတယ်။

Leave a Reply