ေလယာဥ္နဲ႕ ေရငုပ္သေဘၤာတို႕တိုက္ရိုက္ေျပာဆိုႏုိင္မယ့္နည္းလမ္းအား MIT ရွာေတြ႕

0
1038
The Hai Lung SS-793 diesel-electric submarine emerges from underwater during a during a drill near Yilan naval base, Taiwan April 13, 2018. REUTERS/Tyrone Siu

Zawgyi Version

ေရနဲ႕ေလတုိ႕ရဲ႕ ကန္႕သတ္ခ်က္ေတြကို ေက်ာ္လႊားႏုိင္ဖို႕အတြက္ sonar နဲ႕ radar တို႕ကို ေပါင္းစပ္အသံုးျပဳမွာျဖစ္ပါတယ္။
ေရငုပ္သေဘၤာေတြဟာ ေရအေပၚကဟာေတြနဲ႕ တုိက္ရိုက္ခ်ိတ္ဆက္ႏုိင္ျခင္း မရွိပါဘူး။ signal ကန္႕သတ္ခ်က္ေတြရွိေနပါတယ္။ ဒါေပမယ့္ ေျပာင္းလဲသြားေတာ့မွာပါ။ သုေတသီေတြဟာ ေရေအာက္ကေန ေလထဲကို ေဒတာေတြကူးေျပာင္းလို႕ရေစမယ့္ wireless system ေလးကို ဖန္တီးေနၾကပါတယ္။ ဒီနည္းလမ္းေလးကေတာ့ translational acoustic-RF communication (TARF) လို႕ အမည္ေပးထားျပီး sonar အခ်က္ျပစနစ္ေတြကို မ်က္ႏွာျပင္ေပၚဆီ ပို႕လႊတ္လိုက္ပါတယ္။ အဲဒီအခါမွာ ေသးငယ္တဲ့တုန္ခါမႈေလးေတြ ျဖစ္ေစျပီးေတာ့ 0 နဲ႕ 1 ဆိုတဲ့ binary data ေလးေတြအျဖစ္ ကူးေျပာင္းသြားမွာပါ။ ေရေပၚမွာကေတာ့ high frequency radar (30GHz to 300GHz) ေလးက အဲဒီအခ်က္ျပစနစ္ေလးေတြကို ဖမး္ယူျပီးေတာ့ သက္ဆုိင္ရာအခ်က္အလက္ေတြအျဖစ္နဲ႕ ေျပာင္းလဲေပးမွာပါ။ ဒီေတာ့ bit ကေန စာသားေတြအျဖစ္နဲ႕ ေျပာင္းလဲတဲ့လုပ္ငန္းစဥ္ေလးလို႕ အၾကမ္းဖ်င္းေျပာႏုိင္ပါတယ္။
TARF ကို အသံုးျပဳဖို႕အတြက္ ပင္လယ္ျပင္က တည္ျငိမ္ေနစရာမလိုအပ္ပါဘူး။ signal processing algorithm အသစ္ေတြကို အသံုးျပဳထားတဲ့အတြက္ေၾကာင့္ လိႈင္းၾကီးနဲ႕ လိႈင္းအေသးၾကားက ျခားနားခ်က္ေတြကို ေျပာျပေပးႏုိင္ပါတယ္။ စစခ်င္းမွာေတာ့ ၆.၃လက္မလိႈင္းေတြအထိသာ အလုပ္လုပ္ႏုိင္ပါေသးတယ္။ ဒါေပမယ့္ ေနာက္ပိုင္းမွာ လိႈင္းထန္ေနတဲ့ပင္လယ္မွာလည္း အသံုးျပဳနုိင္ေအာင္ လုပ္ေဆာင္သြားဖို႕ စိတ္ကူးထားပါတယ္။
ဒီစနစ္ဟာ ဓါတ္ပံုနဲ႕ အေသးစိတ္အခ်က္အလက္ေတြ ပို႕ဖို႕မဟုတ္ေသးပါဘူး။ အခုဖန္တီးထားတဲ့ prototype ေလးကေတာ့ တစ္စကၠန္႕ကို bit ရာဂဏန္းေလာက္ပဲ ပို႕ႏုိင္ေသးတာပါ။ ဆယ္စုႏွစ္ေလာက္ၾကာေနတဲ့ modem ေတြကမွ ပိုျမန္ပါေသးတယ္။ သူဟာ one-way transmission ကို ဦးတည္ထားပါတယ္။ အခုလုပ္ရပ္ေလးကလည္း အရမ္းအဆင္ေျပပါတယ္။ သူတို႕ရဲ႕ေတြ႕ရွိခ်က္ေတြကို ေရငုပ္သေဘၤာေတြဟာ ေလယာဥ္ဆီကို ပို႕ေဆာင္ေပးႏုိင္မွာပါ။ အရင္တုနး္က ဘုတ္ေတြကို ၾကားခံအျဖစ္နဲ႕ အသံုးျပဳရပါေသးတယ္။ ဒီလိုလုပ္စရာမလိုေတာ့တဲ့အတြက္ေၾကာင့္ သေဘၤာသားေတြကိုလညး္ အႏၱရာယ္ကင္းသြားေစျပီးေတာ့ အခ်က္အလက္ပို႕မႈကိုလည္း လြယ္လင့္တကူ လုပ္ေဆာင္ႏုိင္ေတာ့မွာပါ။

Unicode Version

ရေနဲ့လေတို့ရဲ့ ကန့်သတ်ချက်တွေကို ကျော်လွှားနိုင်ဖို့အတွက် sonar နဲ့ radar တို့ကို ပေါင်းစပ်အသုံးပြုမှာဖြစ်ပါတယ်။
ရေငုပ်သင်္ဘောတွေဟာ ရေအပေါ်ကဟာတွေနဲ့ တိုက်ရိုက်ချိတ်ဆက်နိုင်ခြင်း မရှိပါဘူး။ signal ကန့်သတ်ချက်တွေရှိနေပါတယ်။ ဒါပေမယ့် ပြောင်းလဲသွားတော့မှာပါ။ သုတေသီတွေဟာ ရေအောက်ကနေ လေထဲကို ဒေတာတွေကူးပြောင်းလို့ရစေမယ့် wireless system လေးကို ဖန်တီးနေကြပါတယ်။ ဒီနည်းလမ်းလေးကတော့ translational acoustic-RF communication (TARF) လို့ အမည်ပေးထားပြီး sonar အချက်ပြစနစ်တွေကို မျက်နှာပြင်ပေါ်ဆီ ပို့လွှတ်လိုက်ပါတယ်။ အဲဒီအခါမှာ သေးငယ်တဲ့တုန်ခါမှုလေးတွေ ဖြစ်စေပြီးတော့ 0 နဲ့ 1 ဆိုတဲ့ binary data လေးတွေအဖြစ် ကူးပြောင်းသွားမှာပါ။ ရေပေါ်မှာကတော့ high frequency radar (30GHz to 300GHz) လေးက အဲဒီအချက်ပြစနစ်လေးတွေကို ဖမ်းယူပြီးတော့ သက်ဆိုင်ရာအချက်အလက်တွေအဖြစ်နဲ့ ပြောင်းလဲပေးမှာပါ။ ဒီတော့ bit ကနေ စာသားတွေအဖြစ်နဲ့ ပြောင်းလဲတဲ့လုပ်ငန်းစဉ်လေးလို့ အကြမ်းဖျင်းပြောနိုင်ပါတယ်။
TARF ကို အသုံးပြုဖို့အတွက် ပင်လယ်ပြင်က တည်ငြိမ်နေစရာမလိုအပ်ပါဘူး။ signal processing algorithm အသစ်တွေကို အသုံးပြုထားတဲ့အတွက်ကြောင့် လှိုင်းကြီးနဲ့ လှိုင်းအသေးကြားက ခြားနားချက်တွေကို ပြောပြပေးနိုင်ပါတယ်။ စစချင်းမှာတော့ ၆.၃လက်မလှိုင်းတွေအထိသာ အလုပ်လုပ်နိုင်ပါသေးတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ လှိုင်းထန်နေတဲ့ပင်လယ်မှာလည်း အသုံးပြုနိုင်အောင် လုပ်ဆောင်သွားဖို့ စိတ်ကူးထားပါတယ်။
ဒီစနစ်ဟာ ဓါတ်ပုံနဲ့ အသေးစိတ်အချက်အလက်တွေ ပို့ဖို့မဟုတ်သေးပါဘူး။ အခုဖန်တီးထားတဲ့ prototype လေးကတော့ တစ်စက္ကန့်ကို bit ရာဂဏန်းလောက်ပဲ ပို့နိုင်သေးတာပါ။ ဆယ်စုနှစ်လောက်ကြာနေတဲ့ modem တွေကမှ ပိုမြန်ပါသေးတယ်။ သူဟာ one-way transmission ကို ဦးတည်ထားပါတယ်။ အခုလုပ်ရပ်လေးကလည်း အရမ်းအဆင်ပြေပါတယ်။ သူတို့ရဲ့တွေ့ရှိချက်တွေကို ရေငုပ်သင်္ဘောတွေဟာ လေယာဉ်ဆီကို ပို့ဆောင်ပေးနိုင်မှာပါ။ အရင်တုန်းက ဘုတ်တွေကို ကြားခံအဖြစ်နဲ့ အသုံးပြုရပါသေးတယ်။ ဒီလိုလုပ်စရာမလိုတော့တဲ့အတွက်ကြောင့် သင်္ဘောသားတွေကိုလည်း အန္တရာယ်ကင်းသွားစေပြီးတော့ အချက်အလက်ပို့မှုကိုလည်း လွယ်လင့်တကူ လုပ်ဆောင်နိုင်တော့မှာပါ။

Leave a Reply