Zawgyi version
Unicode version
Apple ကတော့ သူ့ရဲ့ အသစ်ထွက်ရှိမယ့် Apple Watch model တွေကိုစက်တင်ဘာလ iPhone event မှာတစ်ခါထဲမိတ်ဆက်မှာပဲ ဖြစ်ပါတယ်။
Apple ရဲ့ အသစ်ထွက် Apple Watch unitsတွေကတော့ A1977, A1978, A1975, A1976, A2007 နဲ့ A2008 တို့ပဲဖြစ်ပါတယ်။
Apple က ၂၀၁၇ မှာ iPhone 7, Apple Watch Series 2 နဲ့ AirPods တို့ကိုထွက်ရှိထားပြီး $329 တန် iPad ကိုလဲ အစောပိုင်းနှစ်လောက်မှာ ထွက်ရှိထားပြီး 2018 MacBook ကိုလဲ အရင်လလောက်ကမှ ထွက်ရှိထားတာဖြစ်ပါတယ်။
Series 4 ကတော့ အရင် Apple Watch တွေလိုမျိုး မော်ဒယ်တစ်ခုကို size ၂ မျိုးထွက်ရှိခဲ့ပါတယ်။ Series 3 က မော်ဒယ် ၈ မျိုးရှိပြီး တစ်မျိုးကိုလဲ ၂ ဆိုဒ်ဆီ ထွက်ရှိခဲ့ပါတယ်။
Apple Watch ကို အနည်းငယ် ပြောင်းလဲထားပါသေးတယ်။ မျက်နှာပြင်ကို ပိုကြီးမားအောင်လုပ်ပြီး ဘေးဘောင်တွေကို သေးထားပါတယ်။ မျက်နှာပြင်ကတော့ ၁၅% လောက်ပိုပြီး ကျယ်လာမယ်လို့လဲ ကောလဟာလတွေထွက်ရှိနေပါတယ်။ diagonal တွေကတော့ ၁.၅၇လက်မနဲ့ ၁.၇၈လက်မ ပဲဖြစ်ပါတယ်။
ကြည့်ရတာ မျက်နှာပြင် ပိုကျယ်သွားအောင်တော့ ဘေးဘောင်တွေကို သေးပြစ်မှာပဲဖြစ်ပါတယ်။