Posted on Leave a comment

အမ်ိဳးသမီးမ်ားရဲ႕အိတ္ေထာင္မ်ားဟာ စမတ္ဖုန္းထည့္ဖို႕အတြက္ ေသးငယ္လြန္း

Zawgyi Version

အခ်က္အလက္ေတြက ကၽြန္ေတာ္တို႕သိထားတဲ့အရာကို သက္ေသျပလိုက္ပါတယ္။ အမ်ိဳးသမီးအ၀တ္အထည္ေတြဟာ ကၽြန္ေတာ္တို႕ေန႕စဥ္အသံုးျပဳေနတဲ့ Gadget ေတြသယ္ေဆာင္ဖို႕အတြက္ ဒီဇုိင္းထုတ္ထားတာ မဟုတ္ပါဘူး။
ကၽြန္မ iPhone ေလးကို ဂ်င္းေဘာင္းဘီရဲ႕ေရွ႕အိတ္ေထာင္ေလးထဲမွာ ထည့္လိုက္တဲ့အခါတုိင္းမွာ ထိုင္မလိုလုပ္တုိင္း၊ လမ္းေလွ်ာက္တုိင္း၊ အျခားလူေတြလို ျပဳမႈလိုိက္တုိင္းမွာ ထြက္က်လုနီးနီး ျဖစ္ေနပါတယ္။
အမ်ိဳးသမီးအ၀တ္အစားေတြနဲ႕ပတ္သတ္လာရင္ စိတ္ပ်က္မိတာကေတာ့ ေသးငယ္ျပီး ဘာမွထည့္လို႕မရတဲ့ အိတ္ေထာင္ေလးေတြပါပဲ။ စမတ္ဖုန္းတစ္လံုးေလာက္ေတာင္ မထည့္ႏုိင္တဲ့အျဖစ္မ်ိဳးပါပဲ။
အမ်ိဳးသမီးေတြရဲ႕ ၀တ္စံုေတြနဲ႕ စီးပြားေရးလုပ္ငန္းေတြမွာ ၀တ္ဆင္ၾကတဲ့ ယူနီေဖာင္းေလးေတြမွာ အိတ္ေထာင္မပါ၀င္ပါဘူး။ ပါမယ္ဆုိရင္လည္း အတုအေယာင္ေလးေတြသာျဖစ္လို႕ လက္ထည့္္လို႕မရျပန္ပါဘူး။
အခုအခ်ိန္မွာေတာ့ အခ်က္အလက္ေတြအရ အမ်ိဳးသမီးေတြရဲ႕အိတ္ေထာင္ေလးေတြဟာ အဆင့္ျမင့္နည္းပညာေတြအတြက္ ေသးငယ္လြန္းေနေၾကာင္း ျပသႏုိင္ခဲ့ပါတယ္။ The Pudding က အိတ္ေထာင္ေလးေတြကို စမ္းသပ္ခဲ့ပါတယ္။
သူတို႕အဖြဲ႕က အမ်ိဳးသားေတြနဲ႕ အမ်ိဳးသမီးေတြရဲ႕ ေဘာင္းဘီအိတ္ေထာင္ေလးကို လူၾကိဳက္မ်ားတဲ့ ဂ်င္းbrand ၂၀ ေလာက္နဲ႕ စမ္းသပ္ခဲ့တာပါ။ ေတြ႕ရွိခ်က္အရ ပ်မ္းမွ်အားျဖင့္ အမ်ိဳးသမီးဂ်င္းေတြရဲ႕ အေရွ႕အိတ္ေထာင္ဟာ အမ်ိဳးသားေတြထက္ ၄၈% တိုျပီးေတာ့ ၆.၅%ေလာက္ က်ဥ္းပါတယ္။
စမ္းသပ္ခ်က္အရ အမ်ိဳးသမီးအိတ္ေထာင္ေတြရဲ႕ ၄၀% ကသာ iPhone X ထည့္လို႕အဆင္ေျပျပီး အမ်ိဳးသားအိတ္ေထာင္ေတြကေတာ့ ၁၀၀% အဆင္ေျပေနတာကို ေတြ႕ရပါတယ္။ Samsung Galaxy ဆိုရင္ေတာ့ ၂၀% သာ အမ်ိဳးသမီးအိတ္ေထာင္ေတြကထည့္သြင္းႏုိင္ျပီး အမ်ိဳးသားေတြကေတာ့ ၉၅%အထိ ထည့္သြင္းႏုိင္ၾကပါတယ္။ Google Pixel ဖုန္းဆိုရင္ ပိုဆုိိးသြားပါတယ္။ အမ်ိဳးသမီးေတြက ၅% သာျဖစ္ျပီးေတာ့ အမ်ိဳးသားေတြက ၈၅% ျဖစ္ပါတယ္။
အေရွ႕အိတ္ကပ္ထဲမွာ အခက္ေတြ႕ေနတာက စမတ္ဖုန္းတစ္ထုတည္းမဟုတ္ပါဘူး။ အဲဒီထဲမွာထည့္ဖို႕အတြက္ ဒီဇုိင္းထုတ္ထားတဲ့ ပိုက္ဆံအိတ္ေလာက္သာ ထည့္သြင္းလို႕အဆင္ေျပပါတယ္။
စမတ္ဖုန္းနဲ႕ အျခားပိုက္ဆံအိတ္ေတြထည့္သြင္းဖို႕ အေကာင္းဆံုးေနရာကေတာ့ အေနာက္အိတ္ေထာင္ပဲ ျဖစ္ပါတယ္။ အရြယ္အစားကလည္း နည္းနည္း ျခားနားပါတယ္။
စဥ္းစားၾကည့္ေလ။ အေနာက္ဘက္ဆိုတာ ျမင္ေနရတာမွမဟုတ္တာ။ သူခိုးေတြ ႏွိဳက္သြားရင္ ဘယ္ႏွယ့္လုပ္မတုန္း။
“ဖက္ရွင္လုပ္ငန္းက အမ်ိဳးသမီးေတြကို နည္းပညာအတြက္ အေထာက္အကူမျပဳဘူး”လို႕ Camilla Olson က ေျပာပါတယ္။ သူကေတာ ့ဖက္ရွင္ပုိင္းမွာ ကူညီဖို႕အတြက္ machine learning လုပ္ေဆာင္ေနသူေပ့ါ။ “ကၽြန္မတို႕ေတြက နည္းပညာေတြကို သယ္ေဆာင္ဖို႕အတြက္ အိတ္ေထာင္လိုအပ္တယ္ဆိုတာ သိၾကပါတယ္။ ဒါေၾကာင့္ပဲ ကၽြန္မတို႕အားလံုး လက္ကုိင္အိတ္ေလးေတြကို သယ္ေဆာင္သြားၾကတာေပါ့။”
ဒါမွမဟုတ္ အမ်ိဳးသမီးေတြရဲ႕ဖက္ရွင္ကို ေျပာင္းလဲပစ္ႏုိင္မွာလား။ လက္ကိုင္အိတ္ကင္းစင္တဲ့ဘ၀ကို ျမင္ခြင့္ရွိမလား။ အိတ္ေထာင္ေလးက်ယ္က်ယ္နဲ႕ အမ်ိဳးသားေတြလို hand-free ေနထိုင္ႏုိင္မလား။

Unicode Version

အချက်အလက်တွေက ကျွန်တော်တို့သိထားတဲ့အရာကို သက်သေပြလိုက်ပါတယ်။ အမျိုးသမီးအဝတ်အထည်တွေဟာ ကျွန်တော်တို့နေ့စဉ်အသုံးပြုနေတဲ့ Gadget တွေသယ်ဆောင်ဖို့အတွက် ဒီဇိုင်းထုတ်ထားတာ မဟုတ်ပါဘူး။
ကျွန်မ iPhone လေးကို ဂျင်းဘောင်းဘီရဲ့ရှေ့အိတ်ထောင်လေးထဲမှာ ထည့်လိုက်တဲ့အခါတိုင်းမှာ ထိုင်မလိုလုပ်တိုင်း၊ လမ်းလျှောက်တိုင်း၊ အခြားလူတွေလို ပြုမှုလိုက်တိုင်းမှာ ထွက်ကျလုနီးနီး ဖြစ်နေပါတယ်။
အမျိုးသမီးအဝတ်အစားတွေနဲ့ပတ်သတ်လာရင် စိတ်ပျက်မိတာကတော့ သေးငယ်ပြီး ဘာမှထည့်လို့မရတဲ့ အိတ်ထောင်လေးတွေပါပဲ။ စမတ်ဖုန်းတစ်လုံးလောက်တောင် မထည့်နိုင်တဲ့အဖြစ်မျိုးပါပဲ။
အမျိုးသမီးတွေရဲ့ ဝတ်စုံတွေနဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ဝတ်ဆင်ကြတဲ့ ယူနီဖောင်းလေးတွေမှာ အိတ်ထောင်မပါဝင်ပါဘူး။ ပါမယ်ဆိုရင်လည်း အတုအယောင်လေးတွေသာဖြစ်လို့ လက်ထည့်လို့မရပြန်ပါဘူး။
အခုအချိန်မှာတော့ အချက်အလက်တွေအရ အမျိုးသမီးတွေရဲ့အိတ်ထောင်လေးတွေဟာ အဆင့်မြင့်နည်းပညာတွေအတွက် သေးငယ်လွန်းနေကြောင်း ပြသနိုင်ခဲ့ပါတယ်။ The Pudding က အိတ်ထောင်လေးတွေကို စမ်းသပ်ခဲ့ပါတယ်။
သူတို့အဖွဲ့က အမျိုးသားတွေနဲ့ အမျိုးသမီးတွေရဲ့ ဘောင်းဘီအိတ်ထောင်လေးကို လူကြိုက်များတဲ့ ဂျင်းbrand ၂၀ လောက်နဲ့ စမ်းသပ်ခဲ့တာပါ။ တွေ့ရှိချက်အရ ပျမ်းမျှအားဖြင့် အမျိုးသမီးဂျင်းတွေရဲ့ အရှေ့အိတ်ထောင်ဟာ အမျိုးသားတွေထက် ၄၈% တိုပြီးတော့ ၆.၅%လောက် ကျဉ်းပါတယ်။
စမ်းသပ်ချက်အရ အမျိုးသမီးအိတ်ထောင်တွေရဲ့ ၄၀% ကသာ iPhone X ထည့်လို့အဆင်ပြေပြီး အမျိုးသားအိတ်ထောင်တွေကတော့ ၁၀၀% အဆင်ပြေနေတာကို တွေ့ရပါတယ်။ Samsung Galaxy ဆိုရင်တော့ ၂၀% သာ အမျိုးသမီးအိတ်ထောင်တွေကထည့်သွင်းနိုင်ပြီး အမျိုးသားတွေကတော့ ၉၅%အထိ ထည့်သွင်းနိုင်ကြပါတယ်။ Google Pixel ဖုန်းဆိုရင် ပိုဆိုးသွားပါတယ်။ အမျိုးသမီးတွေက ၅% သာဖြစ်ပြီးတော့ အမျိုးသားတွေက ၈၅% ဖြစ်ပါတယ်။
အရှေ့အိတ်ကပ်ထဲမှာ အခက်တွေ့နေတာက စမတ်ဖုန်းတစ်ထုတည်းမဟုတ်ပါဘူး။ အဲဒီထဲမှာထည့်ဖို့အတွက် ဒီဇိုင်းထုတ်ထားတဲ့ ပိုက်ဆံအိတ်လောက်သာ ထည့်သွင်းလို့အဆင်ပြေပါတယ်။
စမတ်ဖုန်းနဲ့ အခြားပိုက်ဆံအိတ်တွေထည့်သွင်းဖို့ အကောင်းဆုံးနေရာကတော့ အနောက်အိတ်ထောင်ပဲ ဖြစ်ပါတယ်။ အရွယ်အစားကလည်း နည်းနည်း ခြားနားပါတယ်။
စဉ်းစားကြည့်လေ။ အနောက်ဘက်ဆိုတာ မြင်နေရတာမှမဟုတ်တာ။ သူခိုးတွေ နှိုက်သွားရင် ဘယ်နှယ့်လုပ်မတုန်း။
“ဖက်ရှင်လုပ်ငန်းက အမျိုးသမီးတွေကို နည်းပညာအတွက် အထောက်အကူမပြုဘူး”လို့ Camilla Olson က ပြောပါတယ်။ သူကတော့ဖက်ရှင်ပိုင်းမှာ ကူညီဖို့အတွက် machine learning လုပ်ဆောင်နေသူပေ့ါ။ “ကျွန်မတို့တွေက နည်းပညာတွေကို သယ်ဆောင်ဖို့အတွက် အိတ်ထောင်လိုအပ်တယ်ဆိုတာ သိကြပါတယ်။ ဒါကြောင့်ပဲ ကျွန်မတို့အားလုံး လက်ကိုင်အိတ်လေးတွေကို သယ်ဆောင်သွားကြတာပေါ့။”
ဒါမှမဟုတ် အမျိုးသမီးတွေရဲ့ဖက်ရှင်ကို ပြောင်းလဲပစ်နိုင်မှာလား။ လက်ကိုင်အိတ်ကင်းစင်တဲ့ဘဝကို မြင်ခွင့်ရှိမလား။ အိတ်ထောင်လေးကျယ်ကျယ်နဲ့ အမျိုးသားတွေလို hand-free နေထိုင်နိုင်မလား။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.