Zawgyi Version
ဂိမ္းမင္းစမတ္ဖုန္းေစ်းကြက္ကေတာ့ Razer နဲ႕ ASUS လုပ္ငန္းေတြက စတင္လိုက္ျပီးေနာက္မွာေတာ့ အေတာ္ေလးစိတ္၀င္စားမႈခံေနရတဲ့ ေစ်းကြက္တစ္ခုျဖစ္လာပါတယ္။
Doogee ဆိုတာကေတာ့ ဘတ္ဂ်က္ဖုန္းေတြထုတ္လုပ္ေနတဲ့ တရုတ္လုပ္ငန္းတစ္ခုျဖစ္ပါတယ္။ ယူအက္စ္ထဲမွာ မရွိတဲ့ဖုန္းအမ်ိဳးအစားေတြေပါ့။ ဒါေပမယ့္လည္း အသစ္ေၾကညာလိုက္တဲ့ S70 ကေတာ့ တမူထူးျခားေနပါတယ္။ ဂိမ္းမင္းဖုန္းနဲ႕ အၾကမ္းခံဖုန္းတို႕ကို ေပါင္းစပ္ထားျပီးေတာ့ ရလဒ္ကေတာ့ အံ့မခန္းပါပဲ။ အခ်က္အလက္ေတြနဲ႕ မိတ္ဆက္ေပးရမယ္ဆုိရင္ေတာ့ 5.99-inch 1080p FHD+ LG panel ၊ 18:9 aspect ratio ၊ mid-range MediaTek Helio P23 processor ၊ 6GB RAM ၊ 64GB သိုေလွာင္မႈ ၊ microSD စိုက္ႏုိင္ျခင္း၊ 12MP + 5MP ကင္မရာ၊ 5,500mAh ဘတ္ထရီတို႕ကို အသံုးျပဳထားပါတယ္။ IP68 ဆိုေတာ့ ေရစိုခံပါတယ္။ ပလတ္စတစ္ကိုယ္ထည္ကို အလူမီနီယမ္ဖရိန္နဲ႕ ကြပ္ထားပါတယ္။
ေဘးတစ္ဖက္မွာေတာ့ game mode ခလုတ္ပါ၀င္ပါတယ္။ သူဟာ background app အားလံုးကိုပိတ္ေပးျပီး noti ေတြကို silence လုပ္ထားမွာပါ။ ဖုန္းေခၚဆိုမႈေတြကိုလည္း လ်စ္လ်ဴရ်ဳထားမွာပါ။ controller ေလးေတြကိုလည္း ထိပ္မွာ တပ္ဆင္ႏုိင္ျပီးေတာ့ Bluetooth နဲ႕ ခ်ိတ္ဆက္ထားဖို႕ လိုအပ္ပါတယ္။ analog stick ေလးကလည္းအရမ္းမိုက္ပါတယ္။
ဒီဖုန္းမွာ လွလွပပေလးျဖစ္ဖို႕အတြက္ ေဘာင္နည္းဒီဇိုင္းလုပ္ထားတာေတြကိုလည္း မ်က္ကြယ္ျပဳထားပါတယ္။ ဂိမ္းမင္းစမတ္ဖုန္းေတြက ၾကီးျပီးေလးလံတယ္ဆိုေပမယ့္လည္း အၾကမ္းခံတယ္ဆိုတာက ေနာက္တစ္ဆင့္ကိုတက္လွမ္းလိုက္တာ ျဖစ္ပါတယ္။ ဒီလိုဖုန္းေလးကို မၾကိဳက္တဲ့သူရွိမလား။
ဘယ္ေန႕ထုတ္မလဲ၊ ေစ်းႏႈန္းဘယ္ေလာက္လဲဆိုတာကေတာ့ အတိအက် မထြက္ေသးပါဘူး။ ေစ်းႏႈန္းကေတာ့ မဆိုးေလာက္ပါဘူး။ ယူအက္စ္ကိုေတာ့ မ၀င္ေလာက္ဘူးထင္ပါတယ္။ ဒါေပမယ့္လည္း ဘတ္ဂ်က္ဂိမ္းမင္းစမတ္ဖုန္းဆိုေတာ့ စိတ္၀င္စားမိတယ္။
Unicode Version
ဂိမ်းမင်းစမတ်ဖုန်းဈေးကွက်ကတော့ Razer နဲ့ ASUS လုပ်ငန်းတွေက စတင်လိုက်ပြီးနောက်မှာတော့ အတော်လေးစိတ်ဝင်စားမှုခံနေရတဲ့ ဈေးကွက်တစ်ခုဖြစ်လာပါတယ်။
Doogee ဆိုတာကတော့ ဘတ်ဂျက်ဖုန်းတွေထုတ်လုပ်နေတဲ့ တရုတ်လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ ယူအက်စ်ထဲမှာ မရှိတဲ့ဖုန်းအမျိုးအစားတွေပေါ့။ ဒါပေမယ့်လည်း အသစ်ကြေညာလိုက်တဲ့ S70 ကတော့ တမူထူးခြားနေပါတယ်။ ဂိမ်းမင်းဖုန်းနဲ့ အကြမ်းခံဖုန်းတို့ကို ပေါင်းစပ်ထားပြီးတော့ ရလဒ်ကတော့ အံ့မခန်းပါပဲ။ အချက်အလက်တွေနဲ့ မိတ်ဆက်ပေးရမယ်ဆိုရင်တော့ 5.99-inch 1080p FHD+ LG panel ၊ 18:9 aspect ratio ၊ mid-range MediaTek Helio P23 processor ၊ 6GB RAM ၊ 64GB သိုလှောင်မှု ၊ microSD စိုက်နိုင်ခြင်း၊ 12MP + 5MP ကင်မရာ၊ 5,500mAh ဘတ်ထရီတို့ကို အသုံးပြုထားပါတယ်။ IP68 ဆိုတော့ ရေစိုခံပါတယ်။ ပလတ်စတစ်ကိုယ်ထည်ကို အလူမီနီယမ်ဖရိန်နဲ့ ကွပ်ထားပါတယ်။
ဘေးတစ်ဖက်မှာတော့ game mode ခလုတ်ပါဝင်ပါတယ်။ သူဟာ background app အားလုံးကိုပိတ်ပေးပြီး noti တွေကို silence လုပ်ထားမှာပါ။ ဖုန်းခေါ်ဆိုမှုတွေကိုလည်း လျစ်လျူရျုထားမှာပါ။ controller လေးတွေကိုလည်း ထိပ်မှာ တပ်ဆင်နိုင်ပြီးတော့ Bluetooth နဲ့ ချိတ်ဆက်ထားဖို့ လိုအပ်ပါတယ်။ analog stick လေးကလည်းအရမ်းမိုက်ပါတယ်။
ဒီဖုန်းမှာ လှလှပပလေးဖြစ်ဖို့အတွက် ဘောင်နည်းဒီဇိုင်းလုပ်ထားတာတွေကိုလည်း မျက်ကွယ်ပြုထားပါတယ်။ ဂိမ်းမင်းစမတ်ဖုန်းတွေက ကြီးပြီးလေးလံတယ်ဆိုပေမယ့်လည်း အကြမ်းခံတယ်ဆိုတာက နောက်တစ်ဆင့်ကိုတက်လှမ်းလိုက်တာ ဖြစ်ပါတယ်။ ဒီလိုဖုန်းလေးကို မကြိုက်တဲ့သူရှိမလား။
ဘယ်နေ့ထုတ်မလဲ၊ ဈေးနှုန်းဘယ်လောက်လဲဆိုတာကတော့ အတိအကျ မထွက်သေးပါဘူး။ ဈေးနှုန်းကတော့ မဆိုးလောက်ပါဘူး။ ယူအက်စ်ကိုတော့ မဝင်လောက်ဘူးထင်ပါတယ်။ ဒါပေမယ့်လည်း ဘတ်ဂျက်ဂိမ်းမင်းစမတ်ဖုန်းဆိုတော့ စိတ်ဝင်စားမိတယ်။