Windows 10 Sticky Notes ကို Android, iOS မှာ အသုံးပြုနိုင်တော့မည်

0
876

Zawgyi Version


Unicode Version

ဒီဂျစ်တယ်ခေတ်ကိုရောက်လာတဲ့အခါမှာ digital note-taking app တွေပေါလာပေမယ့်လည်း digital sticky note လေးကို platform တိုင်းမှာ မသုံးနိုင်သေးပါဘူး။ screen ရဲ့ ကြိုက်တဲ့နေရာမှာ ထားလို့ရတဲ့ ရောင်စုံမှတ်စုလေးတွေပါ။ Windows 10 မှာ ပါဝင်တဲ့ feature လေးတစ်ခုပေါ့။ သူဟာ physical sticky note တွေရဲ့ ကန့်သတ်ချက်တွေကို ကျော်လွှားပေးတဲ့အရာလေးတစ်ခုဖြစ်ပါတယ်။ အခုဆိုရင် သတ်မှတ်ထားတဲ့ စမတ်ဖုန်းတွေမှာလည်း အသုံးပြုလို့ရအောင် ထုတ်ပေးတော့မှာပါ။
Windows 10’s Sticky Note လေးဟာ Micorsoft OS နောက်ဆုံးဗားရှင်းလေးမှာ အတော်လေးကောင်းမွန်လာပါတယ်။ အတိုပဲရိုက်လို့ရမှာထက် Windows Ink လို့ခေါ်တဲ့ Pen, remiders, Cortana support တွေလည်း ပါဝင်လာပါတယ်။ လာမယ့် 3.0 ဗားရှင်းမှာတော့ ပိုလန်းတဲ့ feature အသစ်တွေကို တွေ့မြင်ရမှာပါ။
စမတ်ဖုန်းသုံးနေတဲ့ Windows ဖန်တွေကတော့ ဒီနှစ်ထဲမှာရောက်လာမယ့် feature လေးတစ်ခုအတွက် ရင်ခုန်စိတ်လှုပ်ရှားရတော့မှာပါ။ Microsoft က Android ရော iOS မှာပါ အသုံးပြုလို့ရအောင် လုပ်ဆောင်ပေးမယ်လို့ ပြောထားပါတယ်။ Windows 10 notes တွေကိုလည်း sync လုပ်လို့ရမှာဖြစ်ပြီးတော့ မေးစရာတစ်ခုလည်း ဖြစ်နေတာကတော့ Windows 10 Sticky Notes feature တွေကိုရော ကျွန်တော်တို့ Android နဲ့ iOS မှာ အသုံးပြုနိုင်မှာလား။
Microsoft က PC နဲ့ Mobile ခြားနားမှုကို သူ့ရဲ့ကိုယ်ပိုင် mobile platform လေးပေါင်းစပ်ပြီးတော့ တံတားခင်းပေးနေတာပါ။ Platform နှစ်ခုကိုချိတ်ဆက်မယ်ဆိုတာကတော့ လွယ်တဲ့အလုပ်မဟုတ်ပါဘူး။ အရေးပါတဲ့ feature တွေဖြစ်နေပါစေ platform မတူရင် မရတတ်တာတွေလည်း ရှိနေပါတယ်။

Leave a Reply