Posted on Leave a comment

Apple Store တစ္ခုမွာ iPad ေပါက္ကြဲမႈ ျဖစ္ပြား

စမတ္ဖုန္း၊ တက္ဘလက္မ်ားမွာ ပါတဲ့ လစ္သီယမ္ အိုင္းယြန္း ဘက္ထရီမ်ားဟာ မီးေလာင္ ေပါက္ကြဲတတ္ပါတယ္။ ဘက္ထရီမ်ားေၾကာင့္ စမတ္ဖုန္း၊ တက္ဘလက္မ်ား မီးေလာင္ေပါက္ကြဲတဲ့ သတင္းမ်ားလည္း မၾကာခဏ ၾကားေနရပါတယ္။ အဲဒီ ျဖစ္ရပ္မ်ားထဲမွာေတာ့ Samsung Galaxy Note 7 ဟာ အဆိုးရြားဆံုး ျဖစ္ခဲ့ၿပီး Samsung ဟာကမာၻအ၀န္းမွာ Note 7 မ်ားကို ျပန္လည္ သိမ္းယူခ့ဲရပါတယ္။

အခုလည္း နယ္သာလန္ ႏိုင္ငံ အမ္စတာဒမ္မွ Apple Store တစ္ခုမွာ အိုင္ပတ္ တစ္လံုး ေပါက္ကြဲမႈ ျဖစ္ပြားခဲ့ပါတယ္။ ၀န္ထမ္းမ်ားက အိုင္ပတ္ကို သဲပံုးထဲသို႔ အလွ်င္အျမန္ ပစ္သြင္းခဲ့တယ္လို႔ သိရပါတယ္။ ဒီျဖစ္ရပ္ေၾကာင့္ ထိခိုက္ဒဏ္ရာရသူ မရွိပါဘူး။ ဒါေပမယ့္ စတိုးထဲ ေရာက္ေနတဲ့ လူသံုးဦးကို အသက္ရွဴ ခက္ခဲမႈေၾကာင့္ ျပဳစု ကုသေပးခဲ့ရပါတယ္။ အခင္း ျဖစ္ပြားၿပီးေနာက္မွာ မီးသတ္ကားမ်ား ေရာက္ရွိလာၿပီး စတိုးကို ယာယီ ပိတ္ထားခဲ့ပါတယ္။

Apple အေနနဲ႔ hardware ပိုင္းမွာျပႆနာတက္တယ္ဆိုတာမ်ိဳးက ရွားပါတယ္။ ဒါေပမယ့္ ယခုႏွစ္ ေဖေဖာ္၀ါရီလတုန္းက ဖေလာ္ရီဒါမွာရွိတဲ့လူတစ္ေယာက္ကေတာ့ gym မွာ ေလ့က်င့္ခန္းလုပ္ေနရင္း AirPods ေတြမီးေလာင္သြားတဲ့ ျဖစ္ရပ္ ျဖစ္ပြားခဲ့ပါတယ္။

Jason Colon ဆုိတဲ့သူတစ္ေယာက္က LA Fitness club မွာ gym ေဆာ့ေနတုန္း AirPods ေတြနဲ႔ သီခ်င္းနားေထာင္ေနခဲ့ပါတယ္။ ညာဘက္နားၾကပ္ကေန မီးခိုးေတြထြက္လာတာေတြ႔လုိက္လို႔ ေဘးနားကိုပစ္ခ်ျပီး အကူအညီေတာင္းဖို႔ေျပးသြားပါတယ္။ ျပန္လာတဲ့အခ်ိန္မွာပဲ AirPod က ေပါက္ ပြင့္ထြက္ျပီး အတြင္းကပစၥည္းေတြ တစ္စစီျပန္႔က်ဲေနတာကိုေတြ႔လိုက္ရပါတယ္။

Colon ျဖစ္တဲ့ကိစၥက လွ်ပ္စစ္ပစၥည္းေတြ အပူလြန္ ဘက္ထရီျပႆနာတက္တဲ့အခ်ိန္မွာျဖစ္တတ္တဲ့ ျပႆနာမ်ိဳးပါ။ မိုဘုိင္းလ္ဖုန္းေတြမွာေတာ့ ေနရာေသးေသးေလးမွာအစိတ္အပိုင္းေပါင္းမ်ားစြာ ျပႊတ္သိပ္ထည့္ရလို႔ ဒီလိုေတြျဖစ္တတ္တာမဆန္းေပမယ့္ ဒီမွာက် ဘယ္လိုေခါင္းစဥ္တပ္ရမယ္မသိပါဘူး။

unicode

Apple Store တစ်ခုမှာ iPad ပေါက်ကွဲမှု ဖြစ်ပွား

စမတ်ဖုန်း၊ တက်ဘလက်များမှာ ပါတဲ့ လစ်သီယမ် အိုင်းယွန်း ဘက်ထရီများဟာ မီးလောင် ပေါက်ကွဲတတ်ပါတယ်။ ဘက်ထရီများကြောင့် စမတ်ဖုန်း၊ တက်ဘလက်များ မီးလောင်ပေါက်ကွဲတဲ့ သတင်းများလည်း မကြာခဏ ကြားနေရပါတယ်။ အဲဒီ ဖြစ်ရပ်များထဲမှာတော့ Samsung Galaxy Note 7 ဟာ အဆိုးရွားဆုံး ဖြစ်ခဲ့ပြီး Samsung ဟာကမ္ဘာအဝန်းမှာ Note 7 များကို ပြန်လည် သိမ်းယူခဲ့ရပါတယ်။

အခုလည်း နယ်သာလန် နိုင်ငံ အမ်စတာဒမ်မှ Apple Store တစ်ခုမှာ အိုင်ပတ် တစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။ ဝန်ထမ်းများက အိုင်ပတ်ကို သဲပုံးထဲသို့ အလျှင်အမြန် ပစ်သွင်းခဲ့တယ်လို့ သိရပါတယ်။ ဒီဖြစ်ရပ်ကြောင့် ထိခိုက်ဒဏ်ရာရသူ မရှိပါဘူး။ ဒါပေမယ့် စတိုးထဲ ရောက်နေတဲ့ လူသုံးဦးကို အသက်ရှူ ခက်ခဲမှုကြောင့် ပြုစု ကုသပေးခဲ့ရပါတယ်။ အခင်း ဖြစ်ပွားပြီးနောက်မှာ မီးသတ်ကားများ ရောက်ရှိလာပြီး စတိုးကို ယာယီ ပိတ်ထားခဲ့ပါတယ်။

Apple အနေနဲ့ hardware ပိုင်းမှာပြဿနာတက်တယ်ဆိုတာမျိုးက ရှားပါတယ်။ ဒါပေမယ့် ယခုနှစ် ဖေဖော်ဝါရီလတုန်းက ဖလော်ရီဒါမှာရှိတဲ့လူတစ်ယောက်ကတော့ gym မှာ လေ့ကျင့်ခန်းလုပ်နေရင်း AirPods တွေမီးလောင်သွားတဲ့ ဖြစ်ရပ် ဖြစ်ပွားခဲ့ပါတယ်။

Jason Colon ဆိုတဲ့သူတစ်ယောက်က LA Fitness club မှာ gym ဆော့နေတုန်း AirPods တွေနဲ့ သီချင်းနားထောင်နေခဲ့ပါတယ်။ ညာဘက်နားကြပ်ကနေ မီးခိုးတွေထွက်လာတာတွေ့လိုက်လို့ ဘေးနားကိုပစ်ချပြီး အကူအညီတောင်းဖို့ပြေးသွားပါတယ်။ ပြန်လာတဲ့အချိန်မှာပဲ AirPod က ပေါက် ပွင့်ထွက်ပြီး အတွင်းကပစ္စည်းတွေ တစ်စစီပြန့်ကျဲနေတာကိုတွေ့လိုက်ရပါတယ်။

Colon ဖြစ်တဲ့ကိစ္စက လျှပ်စစ်ပစ္စည်းတွေ အပူလွန် ဘက်ထရီပြဿနာတက်တဲ့အချိန်မှာဖြစ်တတ်တဲ့ ပြဿနာမျိုးပါ။ မိုဘိုင်းလ်ဖုန်းတွေမှာတော့ နေရာသေးသေးလေးမှာအစိတ်အပိုင်းပေါင်းများစွာ ပြွှတ်သိပ်ထည့်ရလို့ ဒီလိုတွေဖြစ်တတ်တာမဆန်းပေမယ့် ဒီမှာကျ ဘယ်လိုခေါင်းစဉ်တပ်ရမယ်မသိပါဘူး။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.