ZTE က IFA 2018 မွာ Axon 9 ကို ေၾကညာမည္

0
702

တရုတ္ စမတ္ဖုန္း ထုတ္လုပ္သူ ZTE ဟာ အေမရိကန္မွာ စီးပြားေရး လုပ္ကိုင္ခြင့္ ပိတ္သိမ္းခံခဲ့ရပါတယ္။ အခုေတာ့ ZTE က အဲဒီမွာ ျပန္လည္ လုပ္ကိုင္ခြင့္ရသြားပါတယ္။ ဒါေပမယ့္ အေမရိကန္မွာ တစ္ဖန္ျပန္လည္ အလုပ္လုပ္ဖို႔အတြက္ ကန္႔သတ္မႈမ်ား ရွိေနပါတယ္။ လေပါင္းမ်ားစြာ တရုတ္နဲ႔ အေမရိကန္တို႔ ေဆြးေႏြးမႈမ်ား အၿပီးမွာ ZTE ဟာ အေမရိကန္မွာ ဖုန္းမ်ား ျပန္လည္ ေရာင္းခ်ႏုိင္ပါၿပီ။

အခုေတာ့ ZTE က IFA 2018 ပြဲမွာ ပါ၀င္ ျပသမယ္လို႔ အတည္ျပဳလိုက္တဲ့ ပိုစတာ တစ္ခုကို တြစ္တာ လူမႈကြန္ရက္မွာ တင္လိုက္ပါတယ္။ ၾသဂုတ္လ ၃၁ ရက္နဲ႕ စက္တင္ဘာလ ၅ ရက္အၾကားမွာ က်င္းပမွာ ျဖစ္ၿပီး ပိုစတာမွာ “ Leading 5G Innovations “ လို႔ ေရးသားထားပါတယ္။ အဲဒီပြဲမွာ ေၾကညာမယ့္ စမတ္ဖုန္းရဲ႕ အမည္ကိုေတာ့ ေရးသားထားျခင္း မရွိပါဘူး။ ေပါက္ၾကားထြက္ေပၚေနတဲ့ သတင္းမ်ားအရ အဲဒီ ပြဲမွာ Axon 9 စမတ္ဖုန္းကို ေၾကညာမွာ ျဖစ္ပါတယ္။ ZTE Axon 9 နဲ႔ 9 Pro တို႔ရဲ႕ သတင္းမ်ားဟာ ဧၿပီလကတည္းက ထြက္ေပၚေနတာ ျဖစ္ပါတယ္။ ကုမၸဏီက ၉ ဂဏန္းပါတဲ့ Teaser တစ္ခုကိုလည္း ျပသခဲ့ဖူးပါတယ္။

ZTE ဟာ စြမ္းရည္ျမင့္ Axon 8 ကို ေရာင္းခ်ေပးခဲ့ပါတယ္။ Axon 9 ဟာလည္း စြမ္းရည္ျမင့္ စမတ္ဖုန္း ျဖစ္ႏုိင္ပါတယ္။ သူ႔မွာ စြမ္းေဆာင္ရည္ျမင့္ Qualcomm Snapdragon 845 Chipset ထည့္သြင္းထားႏုိင္ပါတယ္။ စကရင္ကေတာ့ ေခတ္စားေနတဲ့ 18:9 Screen ျဖစ္ႏုိင္ပါတယ္။

ZTE ဟာ ကုမၸဏီရဲ႕ ပံုရိပ္ကို ျပန္လည္ အဖတ္ဆယ္ဖို႔ လိုအပ္ေနပါတယ္။ IFA ပြဲမွာ လူေတြ အံ့အားသင့္သြားမယ့္ စမတ္ဖုန္းမ်ိဳးကို ျပသမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

unicode

ZTE က IFA 2018 မှာ Axon 9 ကို ကြေညာမည်

တရုတ် စမတ်ဖုန်း ထုတ်လုပ်သူ ZTE ဟာ အမေရိကန်မှာ စီးပွားရေး လုပ်ကိုင်ခွင့် ပိတ်သိမ်းခံခဲ့ရပါတယ်။ အခုတော့ ZTE က အဲဒီမှာ ပြန်လည် လုပ်ကိုင်ခွင့်ရသွားပါတယ်။ ဒါပေမယ့် အမေရိကန်မှာ တစ်ဖန်ပြန်လည် အလုပ်လုပ်ဖို့အတွက် ကန့်သတ်မှုများ ရှိနေပါတယ်။ လပေါင်းများစွာ တရုတ်နဲ့ အမေရိကန်တို့ ဆွေးနွေးမှုများ အပြီးမှာ ZTE ဟာ အမေရိကန်မှာ ဖုန်းများ ပြန်လည် ရောင်းချနိုင်ပါပြီ။

အခုတော့ ZTE က IFA 2018 ပွဲမှာ ပါဝင် ပြသမယ်လို့ အတည်ပြုလိုက်တဲ့ ပိုစတာ တစ်ခုကို တွစ်တာ လူမှုကွန်ရက်မှာ တင်လိုက်ပါတယ်။ သြဂုတ်လ ၃၁ ရက်နဲ့ စက်တင်ဘာလ ၅ ရက်အကြားမှာ ကျင်းပမှာ ဖြစ်ပြီး ပိုစတာမှာ “ Leading 5G Innovations “ လို့ ရေးသားထားပါတယ်။ အဲဒီပွဲမှာ ကြေညာမယ့် စမတ်ဖုန်းရဲ့ အမည်ကိုတော့ ရေးသားထားခြင်း မရှိပါဘူး။ ပေါက်ကြားထွက်ပေါ်နေတဲ့ သတင်းများအရ အဲဒီ ပွဲမှာ Axon 9 စမတ်ဖုန်းကို ကြေညာမှာ ဖြစ်ပါတယ်။ ZTE Axon 9 နဲ့ 9 Pro တို့ရဲ့ သတင်းများဟာ ဧပြီလကတည်းက ထွက်ပေါ်နေတာ ဖြစ်ပါတယ်။ ကုမ္ပဏီက ၉ ဂဏန်းပါတဲ့ Teaser တစ်ခုကိုလည်း ပြသခဲ့ဖူးပါတယ်။

ZTE ဟာ စွမ်းရည်မြင့် Axon 8 ကို ရောင်းချပေးခဲ့ပါတယ်။ Axon 9 ဟာလည်း စွမ်းရည်မြင့် စမတ်ဖုန်း ဖြစ်နိုင်ပါတယ်။ သူ့မှာ စွမ်းဆောင်ရည်မြင့် Qualcomm Snapdragon 845 Chipset ထည့်သွင်းထားနိုင်ပါတယ်။ စကရင်ကတော့ ခေတ်စားနေတဲ့ 18:9 Screen ဖြစ်နိုင်ပါတယ်။

ZTE ဟာ ကုမ္ပဏီရဲ့ ပုံရိပ်ကို ပြန်လည် အဖတ်ဆယ်ဖို့ လိုအပ်နေပါတယ်။ IFA ပွဲမှာ လူတွေ အံ့အားသင့်သွားမယ့် စမတ်ဖုန်းမျိုးကို ပြသမယ်လို့ မျှော်လင့်ရပါတယ်။

Leave a Reply