Mi MIX 3 တြင္ Snapdragon 855 နဲ႔ 5Gကြန္ရက္အသုံးျပဳလာႏုိင္

0
1075

Xiaomi Mi MIX 3 စမတ္ဖုန္းသစ္ဟာ ထြက္ဖုိ႔အခ်ိန္လိုေသးတယ္ ဆိုေပမယ့္ သူနဲ႔ပတ္သတ္တဲ့ အခ်က္အလက္ေတြကေတာ့ ဆက္တိုက္လို ထြက္ေပၚလ်က္ရိွေနပါတယ္။ ဒီေန႔ထြက္လာတဲ့ သတင္းမွာေတာ့  Xiaomi Mi MIX 3 မွာ Snapdragon 855 chip နဲ႔အတူ 8GB RAM သုံးလာၿပီး 256GB ROM ပါဝင္လာမယ္လို႔ ဆိုပါတယ္။

အေရွ႕ဘက္မွာေတာ့  16MP + 12MP dual ကင္မရာတပ္ဆင္လာႏိုင္ၿပီး ဘက္ထရီ 3850mAh စြမ္းအားပါလာမွာ ျဖစ္တဲ့အျပင္ IP68 ေရစိုဒဏ္ခံႏုိင္မႈပါ ေထာက္ပံ့လာ ႏိုင္ပါတယ္။

ဒီထက္ထူးျခားတဲ့ သတင္းကေတာ့ ဒီစမတ္ဖုန္းမွာ တကယ္လုိ႔ မိုဘိုင္းေအာ္ပေရတာ ေတြအေနနဲ႔ 5G ကြန္ရက္ထုတ္ေပးတဲ့ အခ်ိန္ၾကရင္ အဆင္ေျပေအာင္လို႔  5G ကိုပါတစ္ပါတည္း ထည့္သြင္းလာမယ္ ဆိုတာပါ။

အေစာပိုင္းထြက္ထားတဲ့ သတင္းအရေတာ့ ဒီဖုန္းကိုစက္တင္လာ ၁၅ရက္ေနမွာ မိတ္ဆက္သြားမယ္ ဆိုတာပါ။ ဒါ့အျပင္သူ႕မွာ  vivo NEX နဲ႔ Oppo Find X တို႔လို႔ POp-up ကင္မရာမွာ ထည့္သြင္းလာဖုိ႔ ရွိေနပါတယ္။ တရုတ္လူမႈကြန္ရက္မွာ ထြက္လာတဲ့ ဓာတ္ပုံအရ Mi Mix 3 ကိုေဘးေဘာင္ေတြ ေပ်ာက္လုနီးပါးျပဳလုပ္လာမွာျဖစ္ၿပီး ထိပ္ဘက္မွာလည္း  pop-up selfie ကင္မရာထည့္သြင္းလာမယ္လို႔ သိရပါတယ္။

သူ႕မွာ မ်က္ႏွာျပင္႐ုပ္ထြက္ေအာက္ လက္ေဗြရာစနစ္ နည္းပညာနဲ႔အတူ ဘက္ထရီ 4000 mAh အထိ ပါ၀င္လာႏုိင္ပါတယ္။

unicode

Xiaomi Mi MIX 3 စမတ်ဖုန်းသစ်ဟာ ထွက်ဖို့အချိန်လိုသေးတယ် ဆိုပေမယ့် သူနဲ့ပတ်သတ်တဲ့ အချက်အလက်တွေကတော့ ဆက်တိုက်လို ထွက်ပေါ်လျက်ရှိနေပါတယ်။ ဒီနေ့ထွက်လာတဲ့ သတင်းမှာတော့  Xiaomi Mi MIX 3 မှာ Snapdragon 855 chip နဲ့အတူ 8GB RAM သုံးလာပြီး 256GB ROM ပါဝင်လာမယ်လို့ ဆိုပါတယ်။

အရှေ့ဘက်မှာတော့  16MP + 12MP dual ကင်မရာတပ်ဆင်လာနိုင်ပြီး ဘက်ထရီ 3850mAh စွမ်းအားပါလာမှာ ဖြစ်တဲ့အပြင် IP68 ရေစိုဒဏ်ခံနိုင်မှုပါ ထောက်ပံ့လာ နိုင်ပါတယ်။

ဒီထက်ထူးခြားတဲ့ သတင်းကတော့ ဒီစမတ်ဖုန်းမှာ တကယ်လို့ မိုဘိုင်းအော်ပရေတာ တွေအနေနဲ့ 5G ကွန်ရက်ထုတ်ပေးတဲ့ အချိန်ကြရင် အဆင်ပြေအောင်လို့  5G ကိုပါတစ်ပါတည်း ထည့်သွင်းလာမယ် ဆိုတာပါ။

အစောပိုင်းထွက်ထားတဲ့ သတင်းအရတော့ ဒီဖုန်းကိုစက်တင်လာ ၁၅ရက်နေမှာ မိတ်ဆက်သွားမယ် ဆိုတာပါ။ ဒါ့အပြင်သူ့မှာ  vivo NEX နဲ့ Oppo Find X တို့လို့ POp-up ကင်မရာမှာ ထည့်သွင်းလာဖို့ ရှိနေပါတယ်။ တရုတ်လူမှုကွန်ရက်မှာ ထွက်လာတဲ့ ဓာတ်ပုံအရ Mi Mix 3 ကိုဘေးဘောင်တွေ ပျောက်လုနီးပါးပြုလုပ်လာမှာဖြစ်ပြီး ထိပ်ဘက်မှာလည်း  pop-up selfie ကင်မရာထည့်သွင်းလာမယ်လို့ သိရပါတယ်။

သူ့မှာ မျက်နှာပြင်ရုပ်ထွက်အောက် လက်ဗွေရာစနစ် နည်းပညာနဲ့အတူ ဘက်ထရီ 4000 mAh အထိ ပါဝင်လာနိုင်ပါတယ်။

Leave a Reply