VIVO X23 ရဲ့ HANDS-ON ဓာတ်ပုံများထွက်လာ

0
732





unicode

VIVO အနေနဲ့ Jovi Voice assistant ပါဝင်လာမယ့်  X23 စမတ်ဖုန်းကို ယခုလ ၂၀ရက်နေ့မှာ မိတ်ဆက်တော့မှာ ဖြစ်ပါတယ်။ အခုတော့ အဲ့ဒီစမတ်ဖုန်းရဲ့ HANDS-ON ဓာတ်ပုံတွေ ထွက်ရှိလာပါပြီ။ ပြီးခဲ့တဲ့ရက်က ထွက်ခဲ့တဲ့ ဓာတ်ပုံတွေထက် ပိုတိကျလာပြီး ဖုန်းရဲ့နောက်ကျောဘက် ဒီဇိုင်းကိုပါ မြင်တွေ့ရပြီဖြစ်ပါတယ်။

ဖုန်းဟာနောက်ကျောဘက်မှာ အပြောင်ဒီဇိုင်းနဲ့ ဖြစ်ပြီး Dual ကင်မရာ၂လုံးကို ထောင့်ဘက်မှာ အထောင်ပုံစံ ထည့်သွင်းထားပြီး အောက်ဘက်မှာတော့ Led flash ကိုတပ်ဆင်ထားပါတယ်။

ကင်မရာပိုင်းမှာတော့ အရှေ့ဘက် Notch လေးမှာ ကင်မရာတစ်ခု မြုပ်နှံပေးထားမှာ ဖြစ်ပြီး နောက်ကျောဘက်မှာတော့ Dual ကင်မရာ တပ်ဆင်ထားမှာပါ။ ဘက်ထရီအားသွင်းဖို့ အတွက် 22.5W fast charging ထောက်ပံ့ပေးပါလိမ့်မယ်။ အရှေ့ဘက် Notch ကိုတော့ လက်ရှိစမတ်ဖုန်း ထုတ်လုပ်သူအများစု နာမည်ပေးထားတဲ့ “water drop” ပုံစံလေးနဲ့ပါ။

Vivo X23 ရဲ့အချက်အလက်ပိုင်းတွေ အနေနဲ့ ဒီဖုန်းမှာ 6.4 လက်မအရွယ်အစား display ကိုသုံးလာမှာဖြစ်ပြီး ပုံမှန်ဗားရှင်းမှာတော့ in-display fingerprint ဆင်ဆာထောက်ပံ့ပေးမှာ မဟုတ်ပါဘူး။ ပရိုဆက်ဆာပိုင်းမှာတော့Snapdragon 670 octa-core ကိုထည့်သွင်း အသုံးပြုလာမှာ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ယွမ် ၄ထောင်ဝန်းကျင်လောက် ရှိမှာပါ။

 

Leave a Reply