portable Bluetooth နဲ့ ThinQ smart speaker တွေကို ထပ်မံထည့်သွင်းလိုက်တဲ့ LG XBOOM အဖွဲ့

0
772

Zawgyi Version


Unicode Version

LG ဆိုတာက စမတ်ဖုန်း၊ တီဗွီနဲ့ အိမ်သုံးပစ္စည်းများအတွက် နာမည်ကြီးနေတဲ့လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ စပီကာအတွက် လူကြိုက်များတယ်ဆိုတာ မဖြစ်သေးပါဘူး။ ဒါကြောင့် Bang & Olufsen တို့နဲ့ ပူးပေါင်းပြီးတော့ စမတ်ဖုန်း headphone တွေအတွက် ထုတ်လုပ်တော့မှာပါ။ IFA 2018 မှာတုန်းက XBOOM speaker လေးတွေကို rebrand လုပ်ခဲ့တဲ့အတွက် အသံတွေထွက်လာခဲ့ပါသေးတယ်။ ဒီအကြောင်းကိုလည်း ကြားထားပြီးသွားဖြစ်မှာပါ။
ကြားဖူးနေတယ်လို့ ထင်နေလား ဒီသတင်းတွေကို ၂၀၁၇ နှောင်းပိုင်းမှာ ပြောခဲ့ဖူးပါတယ်။ CES 2018 မှာ LG က audio roster လေးကို ကြေညာခဲ့တဲ့အချိန်ပေါ့။ အဲဒီမှာ portable Bluetooth speaker တွေအတွက် XBOOM Go လိုင်း၊ PK3, PK5 နဲ့ PK7 စတာတွေကို ပြခဲ့ပါတယ်။
WK7 နဲ့ WK9 တို့ကို LG XBOOM AI ThinQ speaker brand အောက်ကိုသွင်းလိုက်ပါတယ်။ WK7 ကတော့ ဆလင်ဒါပုံစံ စမတ်စပီကာလေးဖြစ်ပြီးတော့ ပြီးခဲ့တဲ့ဇန်နဝါရီလတုန်းက မြင်ခဲ့ပါတယ်။
WK9 ကတော့ Smart Dislpay ဈေးကွက်ထဲကို အသစ်ဝင်ရောက်မှာပါ။ Google Assistant ကို ထည့်သွင်းပေးထားလို့ လက်နဲ့ထိစရာမလိုတော့ပါဘူး။ LG က traditional speaker တွေကိုလည်း ပြသသွားဦးမှာပါ။ XBOOM CK99 mini component လေးကတော့ 1,800-watt output ၊ XBOOM OK99 all-in-one မှာတော့ Pro DJ Wheel ပါဝင်မှာဖြစ်လို့ အိမ်မှာ DJ တစ်ယောက်အဖြစ် စိတ်ကူးယဉ်နိုင်ပါပြီ။ OK99 လေးကလည်း သူ့ရဲ့ Grab & Move handle လေးပါဝင်လာလို့ သယ်ဆောင်ရ အဆင်ပြေစေမှာပါ။

Leave a Reply