OPPO R17 စမတ္ဖုန္းကို ယခုလ၂၃ရက္ေနတြင္ မိတ္ဆက္ေပးေတာ့မည္

0
711

OPPO အေနနဲ႔ စမတ္ဖုန္းသစ္ျဖစ္တဲ့ OPPO R17 ဖုန္းကို ယခုလ ၂၃ရက္ေန႔မွာေတာ့ တရုတ္ႏုိင္ငံ၊ရွန္ဟိုင္းရဲ႕ Building 7 မွာမိတ္ဆက္သြားေတာ့မွာ ျဖစ္ပါတယ္။ ဒီေန႔မွာေတာ့ ကုမၸဏီကေန ပြဲနဲ႔ပတ္သတ္တဲ့ ဖိတ္ၾကားလႊာေတြကို မီဒီယာေတြကို ေတြျဖန္႔ေဝလိုက္ပါၿပီ။ OPPO အေနနဲ႔ အဲ့ဒီပြဲမွာ R17 အျပင္အျခားစမတ္ဖုန္း တစ္လုံးကိုပါ တြဲဖက္မိတ္ဆက္လာႏုိင္ေျခရွိေနပါတယ္။

အသစ္မိတ္ဆက္မယ့္ OPPO R17 မွာ 6.4-inch မ်က္ႏွာျပင္သုံးသြားမွာျဖစ္ၿပီး screen ratio  91.5% အထိရွိလာမယ္လို႔ ဆိုပါတယ္။ ပရိုဆက္ဆာပိုင္းမွာေတာ့ Qualcomm ကအသစ္မိတ္ဆက္ထားတဲ့ Snapdragon 670 ကိုသံုးလာမယ္လို႔ သိရပါတယ္။

ထြက္ရွိလာတဲ့ ပုံအရ Notch တပ္ဆင္ထားတာလည္း ေတြရၿပီး ေရွ႕ကင္မရာအတြက္ Notch ေလးဟာ ေသးေသးေလးပါ။ OPPO R17 ဖုန္းဟာ Gorilla Glass 6 ကိုပထမဆုံး သုံးလာမယ့္ စမတ္ဖုန္းဆိုၿပီးေတာ့လည္း သတင္းထြက္ေနပါတယ္။

ကင္မရာပိုင္းမွာေတာ့ Dual ေထာက္ပံ့ေပးမွာျဖစ္ၿပီး ေနာက္ေက်ာဘက္မွာ ေဒါင္လုိက္ အေနအထားနဲ႔ တပ္ဆင္ထားပါတယ္။ ဒီဖုန္းမွာ ကင္မရာပိုင္းနဲ႔ ပတ္သတ္လို႔ အဆင့္ျမင့္တင္မႈေတြ ျပဳလုပ္လာမွာျဖစ္ၿပီး F1.5/F2.4 smart aperture သုံးလာမွာပါ။

ေနာက္ဆုံးေပၚ AI Super Clear Engine ေၾကာင့္လည္း ရွင္းလင္းတဲ့ပုံေတြကို ရိုက္ကူးႏိုင္ပါလိမ့္မယ္။ ကင္မရာပိုင္းမွာေတာ့ 25-megapixel Sony IMX576 sensor ကိုအေရွ႕ဘက္မွာ တပ္ဆင္လာႏိုင္ၿပီး၊ ေနာက္ေက်ာဘက္မွာေတာ့ 16MP + 5 MP ကိုသာတပ္ဆင္လာႏိုင္ပါတယ္။

unicode

OPPO အနေနဲ့ စမတ်ဖုန်းသစ်ဖြစ်တဲ့ OPPO R17 ဖုန်းကို ယခုလ ၂၃ရက်နေ့မှာတော့ တရုတ်နိုင်ငံ၊ရှန်ဟိုင်းရဲ့ Building 7 မှာမိတ်ဆက်သွားတော့မှာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ကုမ္ပဏီကနေ ပွဲနဲ့ပတ်သတ်တဲ့ ဖိတ်ကြားလွှာတွေကို မီဒီယာတွေကို တွေဖြန့်ဝေလိုက်ပါပြီ။ OPPO အနေနဲ့ အဲ့ဒီပွဲမှာ R17 အပြင်အခြားစမတ်ဖုန်း တစ်လုံးကိုပါ တွဲဖက်မိတ်ဆက်လာနိုင်ခြေရှိနေပါတယ်။

အသစ်မိတ်ဆက်မယ့် OPPO R17 မှာ 6.4-inch မျက်နှာပြင်သုံးသွားမှာဖြစ်ပြီး screen ratio  91.5% အထိရှိလာမယ်လို့ ဆိုပါတယ်။ ပရိုဆက်ဆာပိုင်းမှာတော့ Qualcomm ကအသစ်မိတ်ဆက်ထားတဲ့ Snapdragon 670 ကိုသုံးလာမယ်လို့ သိရပါတယ်။

ထွက်ရှိလာတဲ့ ပုံအရ Notch တပ်ဆင်ထားတာလည်း တွေရပြီး ရှေ့ကင်မရာအတွက် Notch လေးဟာ သေးသေးလေးပါ။ OPPO R17 ဖုန်းဟာ Gorilla Glass 6 ကိုပထမဆုံး သုံးလာမယ့် စမတ်ဖုန်းဆိုပြီးတော့လည်း သတင်းထွက်နေပါတယ်။

ကင်မရာပိုင်းမှာတော့ Dual ထောက်ပံ့ပေးမှာဖြစ်ပြီး နောက်ကျောဘက်မှာ ဒေါင်လိုက် အနေအထားနဲ့ တပ်ဆင်ထားပါတယ်။ ဒီဖုန်းမှာ ကင်မရာပိုင်းနဲ့ ပတ်သတ်လို့ အဆင့်မြင့်တင်မှုတွေ ပြုလုပ်လာမှာဖြစ်ပြီး F1.5/F2.4 smart aperture သုံးလာမှာပါ။

နောက်ဆုံးပေါ် AI Super Clear Engine ကြောင့်လည်း ရှင်းလင်းတဲ့ပုံတွေကို ရိုက်ကူးနိုင်ပါလိမ့်မယ်။ ကင်မရာပိုင်းမှာတော့ 25-megapixel Sony IMX576 sensor ကိုအရှေ့ဘက်မှာ တပ်ဆင်လာနိုင်ပြီး၊ နောက်ကျောဘက်မှာတော့ 16MP + 5 MP ကိုသာတပ်ဆင်လာနိုင်ပါတယ်။

Leave a Reply