How-To Mobile Phone Tutorial

Mac မွာ Headphones အမာ်းၾကီးတစ္ျပိဳင္နက္တည္း ဘယ္လိုခ်ိတ္ၾကမလဲ

Zawgyi Version

ကၽြန္ေတာ္နဲ႕တူမယ္ဆိုရင္ေတာ့ headphone ေတြအမ်ားၾကီးကို အသံုးျပဳႏုိင္ပါတယ္။ ဥပမာ AirPod ဆိုရင္ သာမန္အခ်ိန္မွာ သံုးမယ္၊ သီခ်င္းနားေထာင္မယ္ဆုိရင္ေတာ့ နားၾကပ္ၾကီးေတြကို အသံုးျပဳခ်င္မွာပါ။
ဟုတ္ပါတယ္။ ကၽြန္ေတာ္တို႕အတြက္ audio input ကို မၾကာခဏေျပာင္းေနရတာလည္း အလုပ္တစ္ခုျဖစ္ေနပါျပီ။ ဒါေပမယ့္ Mac အသံုးျပဳေနသူတစ္ေယာက္ဆုိရင္ေတာ့ destination ႏွစ္ခုကို တစ္ျပိဳင္နက္တည္း လႊတ္လို႕ရတဲ့နည္းလမ္း ရွိပါတယ္။
macOS ရဲ႕ မၾကာေသးခင္ကထြက္ထားတဲ့ဗားရွင္းတင္ထားတ့ Mac တုိင္းမွာ အလုပ္ျဖစ္ပါတယ္။ ဒီေတာ့ စလုိက္ရေအာင္။
Step 1: ပထမဆံုးအေနနဲ႕ သင္ထားခ်င္တဲ့ audio destination ေလးေတြကို Mac နဲ႕ခ်ိတ္ဆက္လိုက္ပါ။
Step 2: Audio MIDI Setup app ေလးကို ဖြင့္လိုက္ပါ။ အရင္တုန္းကမသံုးဖူးတဲ့ေနရာေလးျဖစ္တဲ့ Applications ထဲက Utilities ဖိုဒါေလးထဲမွာပါ။
Step 3: “+” icon ေလးကိုႏွိပ္လိုက္ျပီးေတာ့ Create Multi-Output Device ဆိုတာေလးကို ေရြးေပးလိုက္ပါ။
Step 4: Use This Device For Sound Output ကို မေရြးခင္မွာ သင္ဖန္တီးလိုက္တဲ့ multi-output device ေလးကို Right-click ႏွိပ္ရမွာပါ။
Step 5: အုပ္စုဖြဲ႕ခ်င္တဲ့ audio devices ေတြကို အမွန္ျခစ္ျပီး ေရြးလိုက္ပါ။ Built-in Output ကေတာ့ ၾကိဳးတပ္မယ္ဆုိရင္ အသံုးျပဳရမွာပါ။
Step 6: Master Device ကို ေရြးေပးလုိက္ပါ။
Step 7: သင္အသံုးျပဳမယ့္ secondary audio device ရဲ႕ေဘးမွာ Drift Correction ကို အမွန္ျခစ္ေပးလိုက္ပါ။
Step 8: ေနာက္ဆံုးအေနနဲ႕ System Preference အတြင္းက Sound pane ကို ဖြင့္လုိက္ျပီး Output tab ေအာက္မွာ ဖန္တီးထားတဲ့ Multi-Output Device ကို ေရြးေပးလိုက္ပါ။
ဒါဆုိရင္ေတာ့ Mac ေပၚမွာ အသံနဲ႕သက္ဆုိင္တာတခုခုဖြင့္လိုက္ရင္ ေရြးထားတဲ့အရာႏွစ္ခုလံုးဆီကို အသံၾကားရေအာင္လုပ္ေပးမွာပါ။ ေမွာ္ဆန္တယ္ေနာ္။

Unicode Version

ကျွန်တော်နဲ့တူမယ်ဆိုရင်တော့ headphone တွေအများကြီးကို အသုံးပြုနိုင်ပါတယ်။ ဥပမာ AirPod ဆိုရင် သာမန်အချိန်မှာ သုံးမယ်၊ သီချင်းနားထောင်မယ်ဆိုရင်တော့ နားကြပ်ကြီးတွေကို အသုံးပြုချင်မှာပါ။
ဟုတ်ပါတယ်။ ကျွန်တော်တို့အတွက် audio input ကို မကြာခဏပြောင်းနေရတာလည်း အလုပ်တစ်ခုဖြစ်နေပါပြီ။ ဒါပေမယ့် Mac အသုံးပြုနေသူတစ်ယောက်ဆိုရင်တော့ destination နှစ်ခုကို တစ်ပြိုင်နက်တည်း လွှတ်လို့ရတဲ့နည်းလမ်း ရှိပါတယ်။
macOS ရဲ့ မကြာသေးခင်ကထွက်ထားတဲ့ဗားရှင်းတင်ထားတ့ Mac တိုင်းမှာ အလုပ်ဖြစ်ပါတယ်။ ဒီတော့ စလိုက်ရအောင်။
Step 1: ပထမဆုံးအနေနဲ့ သင်ထားချင်တဲ့ audio destination လေးတွေကို Mac နဲ့ချိတ်ဆက်လိုက်ပါ။
Step 2: Audio MIDI Setup app လေးကို ဖွင့်လိုက်ပါ။ အရင်တုန်းကမသုံးဖူးတဲ့နေရာလေးဖြစ်တဲ့ Applications ထဲက Utilities ဖိုဒါလေးထဲမှာပါ။
Step 3: “+” icon လေးကိုနှိပ်လိုက်ပြီးတော့ Create Multi-Output Device ဆိုတာလေးကို ရွေးပေးလိုက်ပါ။
Step 4: Use This Device For Sound Output ကို မရွေးခင်မှာ သင်ဖန်တီးလိုက်တဲ့ multi-output device လေးကို Right-click နှိပ်ရမှာပါ။
Step 5: အုပ်စုဖွဲ့ချင်တဲ့ audio devices တွေကို အမှန်ခြစ်ပြီး ရွေးလိုက်ပါ။ Built-in Output ကတော့ ကြိုးတပ်မယ်ဆိုရင် အသုံးပြုရမှာပါ။
Step 6: Master Device ကို ရွေးပေးလိုက်ပါ။
Step 7: သင်အသုံးပြုမယ့် secondary audio device ရဲ့ဘေးမှာ Drift Correction ကို အမှန်ခြစ်ပေးလိုက်ပါ။
Step 8: နောက်ဆုံးအနေနဲ့ System Preference အတွင်းက Sound pane ကို ဖွင့်လိုက်ပြီး Output tab အောက်မှာ ဖန်တီးထားတဲ့ Multi-Output Device ကို ရွေးပေးလိုက်ပါ။
ဒါဆိုရင်တော့ Mac ပေါ်မှာ အသံနဲ့သက်ဆိုင်တာတခုခုဖွင့်လိုက်ရင် ရွေးထားတဲ့အရာနှစ်ခုလုံးဆီကို အသံကြားရအောင်လုပ်ပေးမှာပါ။ မှော်ဆန်တယ်နော်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.