Mate 20 Lite မှာသုံးလာမယ့် Kirin 710 ရဲ့benchmarked အမှတ်များထွက်လာ

0
794



Huawei Mate 20 Lite GeekBench




unicode

Huawei အနေဲ့ အသစ်ထွက်လာမယ့် Mate 20 Lite စမတ်ဖုန်းမှာ Kirin 710 chipset ကိုသုံးလာမှာ ဖြစ်ပြီး ဒီဖုန်းဟာ nova 3i ပြီးနောက် Kirin 710 သုံးတဲ့ ဖုန်းဖြစ်လာမှာပါ။ အခုတော့ P20 Lite ရဲ့ Geekbench မှာစမ်းသပ်ထားတဲ့ရလာဒ်တွေ ထွက်လာပါတယ်။

အချက်အလက်ပိုင်းမှာတော့ Nova 3i နဲ့ မတူတာကို တွေ့ရပါတယ်။ Nova 3i နဲ့ Mate 20 Lite စမတ်ဖုန်း ၂မျိုးမှာ Kirin 710 သုံးထားတာတူပေမယ့် စွမ်းဆောင်ချက်ပိုင်းမှာတော့ ကွဲပြားမှာ ဖြစ်ပါတယ်။

Mate20 Lite ရဲ့မျက်နှာပြင်ပိုင်း မှာတော့  6.3 လက်မနဲ့ဖြစ်ပြီး 2340 x 1080 pixels ဖော်ပြနိုင်စွမ်း 19.5:9 အချိုးနဲ့ ဖြစ်လာမှာပါ။ လက်ရှိထွက်ထားတဲ့ ပုံတွေအရတော့ သူ့မှာ Notch မပါဝင်ပါဘူး။ အရွယ်အစားအနေနဲ့ 158.3 x 75.3 x 7.6 mm ဖြစ်ပြီး အလေးချိန်ကတော့ 172 ဂရပ်ရှိမှာ ဖြစ်ပါတယ်။ အရောင်အနေနဲ့တော့ Mate 10  သုံးထားတဲ့ Aurora Blue နဲ့  P20 Lite မှာတုံးကသုံးတဲ့ Sakura Pink  တို့ကို ထုတ်ပေးနိုင်ပါတယ်။

GeekBench 4.2 (single-core) စမ်းသပ်မှုမှာ Mate 20 Lite ဟာ 1598 သာရပြီး၊ nova 3i ကတော့ 1601 ရထားပါတယ်။ GeekBench 4.2 (multi-core) စမ်းသပ်မှုမှာတော့ nova 3i ကတော့ 5457 နဲ့ Mate 20 Lite(4665)  ရဲ့အထက်မှာ ရှိနေပါတယ်။

လက်ရှိကြားနေတဲ့ သတင်းတွေအရ Mate 20 Lite ဖုန်းကို ဗားရှင်း ၂မျိုးနဲ့ ထုတ်လုပ်လာနိုင်ပြီး တစ်မျိုးကိုတော့ ပုံမှန်လက်ဗွေဖတ်စနစ် သုံးလာမှာဖြစ်ကာ၊ အဆင့်မြင့်မော်ဒယ်မှာတော့ display အောက်လက်ဗွေဖတ် စနစ် သုံးလာနိုင်ပါတယ်။

Leave a Reply