Posted on Leave a comment

IFA မွာ Huawei P20 Pro ရဲ႕ အေရာင္ အသစ္ ၂ မ်ိဳးကို ျမင္ရမည္

Huawei က သူ႔ရဲ႕ Device မ်ားကို ထူးျခား ဆန္းသစ္တဲ့ အေရာင္မ်ားျဖင့္ ဖန္တီးႏုိင္ဖုိ႔အတြက္ ၂၀၁၇ ခုႏွစ္ ေဖေဖာ္၀ါရီလမွာ Pantone Color Institute နဲ႔ ပူးေပါင္းခဲ့ပါတယ္။ ဟြာေ၀းက အနာဂတ္ ထုတ္ကုန္မ်ားမွာ ေခတ္ေပၚ အေရာင္မ်ားကို အသံုးျပဳမယ္လို႔ အဲဒီတုန္းက ေၾကညာခဲ့ပါတယ္။ စားသံုးသူမ်ားကို စြဲေဆာင္ဖို႔နဲ႔ ၿပိဳင္ဖက္ ဖုန္း ထုတ္လုပ္သူမ်ားထက္ သာလြန္ေစဖို႔ ဒီလို အေရာင္အသစ္မ်ားကို အသံုးျပဳတာ ျဖစ္ပါတယ္။

Pantone Color Institute ဟာ အေရာင္အပိုင္းမွာ အထူးကြ်မ္းက်င္ပါတယ္။ အခ်ိဳ႕စားသံုးသူမ်ားက စမတ္ဖုန္းရဲ႕ စြမ္းေဆာင္ရည္ကို ေလ့လာၿပီး ၀ယ္ယူၾကသလို အခ်ိဳ႕ကေတာ့ စတိုင္က် လွပမႈကို အေလးထားၾကပါတယ္။ Huawei က အဲဒီ စားသံုးသူ ၂ မ်ိဳးစလံုးကို ပစ္မွတ္ထားခ်င္ပံုေပၚပါတယ္။

ဟြာေ၀းက စြမ္းေဆာင္ရည္ျမင့္ P20 Pro ကို အေရာင္မ်ားစြာ ထုတ္လုပ္ေပးထားပါတယ္။ လာမယ့္ ၂ ပတ္ေလာက္မွာ က်င္းပမယ့္ IFA ပြဲမွာ အေရာင္ အသစ္ ၂ မ်ိဳးကို မိတ္ဆက္မယ္လို႔ သတင္းထြက္လာပါတယ္။ Android Authority က အဲဒီ ေမာ္ဒယ္မ်ားရဲ႕ ဓါတ္ပံုမ်ားကို ျမင္ေတြ႕ရၿပီးၿပီလို႔ ေျပာပါတယ္။ ဒါေပမယ့္ အဲဒီ ဓါတ္ပံုမ်ားကို ျပသျခင္းေတာ့ မရွိပါဘူး။

အေရာင္ အသစ္ ၂ မ်ိဳးထဲမွ တစ္ခုဟာ လက္ရွိ Twilight အေရာင္ကို အနက္ျဖင့္ ဖန္တီးထားတာပါ။ ေနာက္တစ္ခုက အျဖဴကုိ ပင္မ အေရာင္ အျဖစ္ သံုးထားၿပီး လိေမၼာ္နဲ႔ ပန္းေရာင္မ်ားလည္း ပါမယ္လို႔ သိရပါတယ္။

unicode

IFA မှာ Huawei P20 Pro ရဲ့ အရောင် အသစ် ၂ မျိုးကို မြင်ရမည်

Huawei က သူ့ရဲ့ Device များကို ထူးခြား ဆန်းသစ်တဲ့ အရောင်များဖြင့် ဖန်တီးနိုင်ဖို့အတွက် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလမှာ Pantone Color Institute နဲ့ ပူးပေါင်းခဲ့ပါတယ်။ ဟွာဝေးက အနာဂတ် ထုတ်ကုန်များမှာ ခေတ်ပေါ် အရောင်များကို အသုံးပြုမယ်လို့ အဲဒီတုန်းက ကြေညာခဲ့ပါတယ်။ စားသုံးသူများကို စွဲဆောင်ဖို့နဲ့ ပြိုင်ဖက် ဖုန်း ထုတ်လုပ်သူများထက် သာလွန်စေဖို့ ဒီလို အရောင်အသစ်များကို အသုံးပြုတာ ဖြစ်ပါတယ်။

Pantone Color Institute ဟာ အရောင်အပိုင်းမှာ အထူးကျွမ်းကျင်ပါတယ်။ အချို့စားသုံးသူများက စမတ်ဖုန်းရဲ့ စွမ်းဆောင်ရည်ကို လေ့လာပြီး ဝယ်ယူကြသလို အချို့ကတော့ စတိုင်ကျ လှပမှုကို အလေးထားကြပါတယ်။ Huawei က အဲဒီ စားသုံးသူ ၂ မျိုးစလုံးကို ပစ်မှတ်ထားချင်ပုံပေါ်ပါတယ်။

ဟွာဝေးက စွမ်းဆောင်ရည်မြင့် P20 Pro ကို အရောင်များစွာ ထုတ်လုပ်ပေးထားပါတယ်။ လာမယ့် ၂ ပတ်လောက်မှာ ကျင်းပမယ့် IFA ပွဲမှာ အရောင် အသစ် ၂ မျိုးကို မိတ်ဆက်မယ်လို့ သတင်းထွက်လာပါတယ်။ Android Authority က အဲဒီ မော်ဒယ်များရဲ့ ဓါတ်ပုံများကို မြင်တွေ့ရပြီးပြီလို့ ပြောပါတယ်။ ဒါပေမယ့် အဲဒီ ဓါတ်ပုံများကို ပြသခြင်းတော့ မရှိပါဘူး။

အရောင် အသစ် ၂ မျိုးထဲမှ တစ်ခုဟာ လက်ရှိ Twilight အရောင်ကို အနက်ဖြင့် ဖန်တီးထားတာပါ။ နောက်တစ်ခုက အဖြူကို ပင်မ အရောင် အဖြစ် သုံးထားပြီး လိမ္မော်နဲ့ ပန်းရောင်များလည်း ပါမယ်လို့ သိရပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.