Huawei ရဲ့ Honor Play

0
377

Zawgyi version







Unicode version

သူကတော့ ၆.၃ လက်မနဲ့ IPS LCD ပဲဖြစ်ပါတယ်။ သူက Huawei ရဲ့ အကောင်းဆုံး
Kirin 970 chipset နဲ့ GPU Turbo ကိုအသုံးပြုထားပါတယ်။ နောက်ဆုံးပေါ် EMUI 8.2 ရှိပြီး ဘက်ထရီကတော့ 3,750mAh ပဲဖြစ်ပါတယ်။ သူ့ကိုလဲ notch လေးထည့်ပေးထားပါတယ်။ resolution ကတော့ 1080x2340px ဆိုတော့ တော်တော်ကောင်းတယ်လို့ပြောလို့ရပါတယ်။ အရောင်တွေကလဲ စိုတောက်နေပြီး ကြည်ရှင်းနေပါတယ်။
ဘေးဘောင်တွေကိုလဲ အတတ်နိုင်ဆုံး သေးအောင်လုပ်ဆောင်ပေးထားပါတယ်။
ကင်မရာကလဲ portrait mode ပါဝင်ပြီး AI enhancements တွေလဲထည့်သွင်း ပေးထားပါတယ်။ နောက်ကျောဘက် ကင်မရာကတော့ 16MP f/2.2 + 2MP f/2.4 တွေဖြစ်ပြီး selfie အတွက်ကတော့ 16MP f/2.0 ပဲ ဖြစ်ပါတယ်။ ဖုန်းရဲ့ နောက်ကျောဘက်ကို metal ဒီဇိုင်းလုပ်ပေးထားပါတယ်။
Chipset က Kirin 970 သုံးပေးထားတာကြောင့် UI တွေကို run တဲ့အချိန် ထစ်ထစ်ငေါ့ငေါ့တွေ မရှိဘဲ အကောင်းဆုံး လုပ်ဆောင်ပေးနိုင်မှာပဲ ဖြစ်ပါတယ်။
Honor Play ကတော့ အိန္ဒိယ၊ မလေးရှား၊ ဆော်ဒီ၊ UAE ၊ စင်္ကာပူ၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နဲ့ ထိုင်းတွေမှာ ရရှိနိုင်မှာဖြစ်ပါတယ်။

Leave a Reply