Facebook, Twitter, YouTube တို႕ကို အၾကမ္းဖက္ content ေတြဖယ္ရွာဖို႕ တိုက္တြန္းလိုက္တဲ့ အီးယူ

0
910

Zawgyi Vesion

အီးယူဟာ ဒီဂ်စ္တယ္လံုျခံဳေရး၊ privacy နဲ႕ မွ်တေရးလုပ္ေဆာင္သူေတြထဲမွာ ခ်န္ပီယံတစ္ေယာက္ျဖစ္ေနပါတယ္။ သင္ၾကိဳက္သည္ျဖစ္ေစ၊ မၾကိဳက္သည္ျဖစ္ေစ လုပ္ေဆာင္ေနတာပါ။ လုပ္ငန္းအခ်ိဳ႕ကေတာ့ မၾကိဳက္ၾကပါဘူး။ Android ေပၚမွာ ျခယ္လွယ္ေနတဲ့ Google ကို တုိက္တြန္းအျပီးမွာေတာ့ Facebook နဲ႕ Twitter တို႕ဘက္ကို လွည့္သြားျပန္ပါတယ္။ အြန္လုိင္းေပၚက အၾကမ္းဖက္၀ါဒျဖန္႕မႈေတြကို သူတို႕flag ေထာင္ျပီးတာနဲ႕ တစ္နာရီအတြင္မွာ သိေအာင္လုပ္ဖို႕ ေျပာလိုက္တာပါ။
ျပီးခဲ့တဲ့ မတ္လမွာတုန္းကလည္း ေကာ္မရွင္ဟာ ဂိုက္လုိင္းေတြေျပာင္းျပီးေတာ့ flag ေထာင္အျပီး နာရီပိုင္းအၾကာမွာ ဖယ္ရွားပစ္ဖို႕ တြန္းအားေပးခဲ့ပါတယ္။ အီးယူဟာ မလုပ္တဲ့လုပ္ငန္းေတြကို ဒဏ္တပ္သြားဖို႕လညး္ ရွိတယ္လို႕ သတင္းဌာနတစ္ခု ထုတ္ျပန္ခဲ့ပါတယ္။ ဒီစည္းမ်ဥ္းကို ဆိုရွယ္နက္ေ၀့ါနဲ႕ ၀က္ဘ္ဆုိက္အားလံုးကို ေသးသည္၊ ၾကီးသည္မေရြး က်င့္သံုးသြားမွာပါ။
မၾကာေသးခင္က ျဖစ္ပြားခဲ့တဲ့ လန္ဒန္၊ ပဲရစ္၊ ဘာလင္တို႕က အၾကမ္းဖက္မႈေတြေၾကာင့္ စဥ္းစားျဖစ္သြားတာပါ။ သေဘာက်ေထာက္ခံသူေတြရွိသလို ဒီစည္းမ်ဥ္းကို မေထာက္ခံတဲ့သူေတြလညး္ ရွိေနပါတယ္။
ဆုိလိုခ်င္တာကေတာ့ ဒီစည္းမ်ဥ္းဟာ တရားဥပေဒအဖြဲ႕ရဲ႕ ေဘာင္ေက်ာ္ျခင္းကို ျပသေနတာပါ။ အၾကမ္းဖက္မႈေတြကုိ သိရွိေအာင္လုပ္ေဆာင္ခ်င္တာမဟုတ္လား။ ဂ်ာမနီလိုမ်ိဳး အျခားေသာ အီးယူႏုိင္ငံေတြကလည္း အီးယူစဥ္းစားသလိုမ်ိဳး အမုန္းစကားမ်ား၊ လူမ်ိဳးေရးခြဲျခားတဲ့အရာမ်ား၊ သတင္းအတုမ်ားကို အေရးယူဖို႕အတြက္ လုပ္ေဆာင္ေနၾကပါတယ္။

Unicode Version

အီးယူဟာ ဒီဂျစ်တယ်လုံခြုံရေး၊ privacy နဲ့ မျှတရေးလုပ်ဆောင်သူတွေထဲမှာ ချန်ပီယံတစ်ယောက်ဖြစ်နေပါတယ်။ သင်ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ လုပ်ဆောင်နေတာပါ။ လုပ်ငန်းအချို့ကတော့ မကြိုက်ကြပါဘူး။ Android ပေါ်မှာ ခြယ်လှယ်နေတဲ့ Google ကို တိုက်တွန်းအပြီးမှာတော့ Facebook နဲ့ Twitter တို့ဘက်ကို လှည့်သွားပြန်ပါတယ်။ အွန်လိုင်းပေါ်က အကြမ်းဖက်ဝါဒဖြန့်မှုတွေကို သူတို့flag ထောင်ပြီးတာနဲ့ တစ်နာရီအတွင်မှာ သိအောင်လုပ်ဖို့ ပြောလိုက်တာပါ။
ပြီးခဲ့တဲ့ မတ်လမှာတုန်းကလည်း ကော်မရှင်ဟာ ဂိုက်လိုင်းတွေပြောင်းပြီးတော့ flag ထောင်အပြီး နာရီပိုင်းအကြာမှာ ဖယ်ရှားပစ်ဖို့ တွန်းအားပေးခဲ့ပါတယ်။ အီးယူဟာ မလုပ်တဲ့လုပ်ငန်းတွေကို ဒဏ်တပ်သွားဖို့လည်း ရှိတယ်လို့ သတင်းဌာနတစ်ခု ထုတ်ပြန်ခဲ့ပါတယ်။ ဒီစည်းမျဉ်းကို ဆိုရှယ်နက်ဝေ့ါနဲ့ ဝက်ဘ်ဆိုက်အားလုံးကို သေးသည်၊ ကြီးသည်မရွေး ကျင့်သုံးသွားမှာပါ။
မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ လန်ဒန်၊ ပဲရစ်၊ ဘာလင်တို့က အကြမ်းဖက်မှုတွေကြောင့် စဉ်းစားဖြစ်သွားတာပါ။ သဘောကျထောက်ခံသူတွေရှိသလို ဒီစည်းမျဉ်းကို မထောက်ခံတဲ့သူတွေလည်း ရှိနေပါတယ်။
ဆိုလိုချင်တာကတော့ ဒီစည်းမျဉ်းဟာ တရားဥပဒေအဖွဲ့ရဲ့ ဘောင်ကျော်ခြင်းကို ပြသနေတာပါ။ အကြမ်းဖက်မှုတွေကို သိရှိအောင်လုပ်ဆောင်ချင်တာမဟုတ်လား။ ဂျာမနီလိုမျိုး အခြားသော အီးယူနိုင်ငံတွေကလည်း အီးယူစဉ်းစားသလိုမျိုး အမုန်းစကားများ၊ လူမျိုးရေးခွဲခြားတဲ့အရာများ၊ သတင်းအတုများကို အရေးယူဖို့အတွက် လုပ်ဆောင်နေကြပါတယ်။

Leave a Reply