Zawgyi Version
Unicode Version
Pixel 2 XL လေးမှာ lag နေတာကို ခံစားရပါသလား။ သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ Artem Russakovskii နဲ့ Marquees Brownlee ဆိုတဲ့ Android သမားနှစ်ယောက်က အဲဒီဟန်းဆက်လေးအပေါ်မှာ သူတို့တွေ့ကြုံရတဲ့အခြေအနေကို ပြောခဲ့ပါတယ်။
Google ကလည်း အဲဒီအကြောင်းကို သတိထားမိပြီးတော့ စုံစမ်းစစ်ဆေးနေပါတယ်။ ဒီလိုမျိုး သင်လည်းဖြစ်နေတယ်ဆိုရင်တော့ တစ်လုံးပြန်လဲခွင့်ရနိုင်မှာပါ။
Google ဆီကနေ ဘာဖြစ်တယ်ဆိုတာမျိုးတော့ မပြောထားသေးပေမယ့်လည်း ဒီဖြစ်ရပ်က သုံးစွဲသူအနည်းငယ်လောက်ကိုသာ ထိခိုက်နေဟန်တူပါတယ်။ ဒါပေမယ့် Russakovskii ရဲ့ ဖုန်းကတော့ အတော်လေးနှေးကွေးနေတာဖြစ်လို့ Googler တွေက အံ့သြနေကြပါတယ်။
ဒါပေမယ့်လည်း Pixel 2 XL ရဲ့ နှေးကွေးနေမှုကို Russakovskii နဲ့ Brownlee တို့ ပြောဆိုပြီးနောက်မှာတော့ Google က အရေးတယူနဲ့ ဆောင်ရွက်နေတာကို တွေ့မြင်ရမှာပါ။
Google ကတော့ ဖြစ်နိုင်တဲ့အကြောင်းအရာသုံးခုကို တွေ့ထားပါတယ်။ တစ်ခုကတော့ လိုအပ်တဲ့ hardware လဲလှယ်မှုပါပဲ။ Google ဟာ ဒီလိုခံစားနေရတဲ့ဖုန်းပိုင်ရှင်တွေကို လိုအပ်တဲ့လဲလှယ်မှုတွေကို အာမခံ ခံစားခွင့်ရှိသူတိုင်းကို လဲလှယ်ပေးသွားမှာပါ။
သင့်ရဲ့ Pixel 2 XL လေးက အလွန်နှေးကွေးနေပြီလား။ ဒါဆိုရင်တော့ Google ကို ဆက်သွယ်ကြည့်ပါ။ ဗွီဒီယိုလေးတွေကိုလည်း စစ်ဆေးကြည့်ရှုကြည့်နိုင်ပါတယ်။
တစ်ခုပြောရဦးမယ်။ Pixel 3 series launch ကလည်း လပိုင်းလောက်ပဲလိုတော့တာဆိုတော့ Pixel 2 ကို လဲမှာလား။ ဒါမှမဟုတ် ဒီအတိုင်း ဆက်သုံးမလား သင်ကိုယ်တိုင်ရွေးချယ်ရမှာပါ။