ဘတ္ထရီစမ္းသပ္ခ်က္မွာ ဘာသာစံုဂုဏ္ထူးနဲ႕ေအာင္ျမင္သြားတဲ့ Galaxy Note 9

0
1375

Zawgyi Version

Samsung က Galaxy Note 9 ကို ဖန္တီးထုတ္ျပလုိက္တဲ့အခ်ိန္မွာ အခ်ိဳ႕လူေတြက feature အသစ္နဲ႕ အခ်က္အလက္ေတြကို မေက်နပ္ၾကတာလည္း ရွိပါတယ္။ ထင္ထားသေလာက္ ျဖစ္မလာဘူးေပါ့။ ဒါေပမယ့္ အေၾကြဆံုးက 4000 mAh ဘတ္ထရီပါပဲ။ အျမဲတမ္းသံုးေနသူတစ္ေယာက္အတြက္ မရွိမျဖစ္လိုအပ္တယ္ေလ။ ဒါေပမယ့္လည္း ေစ်းကြက္ထဲမွာရွိိတဲ့ flagship ေတြနဲ႕ ယွဥ္လို႕ရပါ့မလား။ ဒီေမးခြန္းကို Youtuber Mrwhosetheboss က ေျဖထားပါတယ္။ ၾကည့္လိုက္ရေအာင္။
ေခါင္းစဥ္ဖတ္လုိက္တာနဲ႕ Galaxy Note 9 က အျခားဖုန္းေတြျဖစ္တဲ့ Galaxy S9+, iPhone X, Huawei P20 Pro, OnePlus 6 တို႕ထက္သာလြန္မယ္ဆိုတာ မွန္းဆလို႕ရေနပါတယ္။ ဖုန္းေတြအားလံုးကို ဂိမ္းကစားျခင္း၊ ဗြီဒီယိုၾကည့္ျခင္း၊ စတာေတြလုပ္ပီးေတာ့ ဘယ္ေလာက္ကုန္တယ္၊ ဘယ္ေလာက္ထိခံႏုိင္ရည္ရွိလဲဆိုတာ စမ္းသပ္ထားတာျဖစ္ပါတယ္။ standby time နဲ႕ သာမန္အသံုးျပဳမႈေတြကို ထည့္သြင္းစဥ္းစားထားျခင္း မရွိပါဘူး။


Galaxy Note 9 က အျခားဖုန္းေတြအားလံုးကို အျပတ္အသတ္နဲ႕ ႏုိင္သြားတာပါ။ ၅နာရီနဲ႕ ၂၁မိနစ္ခံပါတယ္။ Huawei P20 Pro ကေတာ့ သူ႕ထက္မိနစ္၃၀ ေစာျပီးအိပ္စက္သြားပါတယ္။ OnePlus 6 ကေတာ့ တတိယျဖစ္ျပီးေတာ့ iPhone X နဲ႕ Galaxy S9 က ၃မိနစ္ေစာသြားပါတယ္။ အခုအသံုးျပဳထားတဲ့ဖုနး္ေတြအားလံုးက 50 battery cycle မေက်ာ္ေသးတဲ့ဖုန္းေတြလို႕ ၀န္ခံထားပါတယ္။ ဒီေတာ့ အေကာင္းအတုိင္းလုိ႕ ေျပာရမယ့္ဖုန္းအလံုးေတြပါ။


Note 8 ထက္တစ္နာရီ ၾကာျပီးေတာ့ Pixel 2 XL ကေတာ့ တစ္မိိနစ္ပိုၾကာပါတယ္။ အားသြင္းႏႈန္းမွာေတာ့ 4000 mAh ဘတ္ထရီကိုအားျပည့္ဖုိ႕အတြက္ တစ္နာရီနဲ႕ ၄၉မိနစ္ၾကာပါတယ္။
Galaxy Note 9 က ဘတ္ထရီေကာင္းေတာ့ ၀ယ္သင့္လား။ သိုေလွာင္မႈလည္းမ်ားတယ္၊ ျမန္ဆန္တဲ့ ပရိုဆက္တာ၊ S Pen အေရာင္ေလးေတြနဲ႕ဆိုေတာ့ ၀ယ္သင့္ပါတယ္။

Unicode Version

Samsung က Galaxy Note 9 ကို ဖန်တီးထုတ်ပြလိုက်တဲ့အချိန်မှာ အချို့လူတွေက feature အသစ်နဲ့ အချက်အလက်တွေကို မကျေနပ်ကြတာလည်း ရှိပါတယ်။ ထင်ထားသလောက် ဖြစ်မလာဘူးပေါ့။ ဒါပေမယ့် အကြွေဆုံးက 4000 mAh ဘတ်ထရီပါပဲ။ အမြဲတမ်းသုံးနေသူတစ်ယောက်အတွက် မရှိမဖြစ်လိုအပ်တယ်လေ။ ဒါပေမယ့်လည်း ဈေးကွက်ထဲမှာရှိတဲ့ flagship တွေနဲ့ ယှဉ်လို့ရပါ့မလား။ ဒီမေးခွန်းကို Youtuber Mrwhosetheboss က ဖြေထားပါတယ်။ ကြည့်လိုက်ရအောင်။
ခေါင်းစဉ်ဖတ်လိုက်တာနဲ့ Galaxy Note 9 က အခြားဖုန်းတွေဖြစ်တဲ့ Galaxy S9+, iPhone X, Huawei P20 Pro, OnePlus 6 တို့ထက်သာလွန်မယ်ဆိုတာ မှန်းဆလို့ရနေပါတယ်။ ဖုန်းတွေအားလုံးကို ဂိမ်းကစားခြင်း၊ ဗွီဒီယိုကြည့်ခြင်း၊ စတာတွေလုပ်ပီးတော့ ဘယ်လောက်ကုန်တယ်၊ ဘယ်လောက်ထိခံနိုင်ရည်ရှိလဲဆိုတာ စမ်းသပ်ထားတာဖြစ်ပါတယ်။ standby time နဲ့ သာမန်အသုံးပြုမှုတွေကို ထည့်သွင်းစဉ်းစားထားခြင်း မရှိပါဘူး။


Galaxy Note 9 က အခြားဖုန်းတွေအားလုံးကို အပြတ်အသတ်နဲ့ နိုင်သွားတာပါ။ ၅နာရီနဲ့ ၂၁မိနစ်ခံပါတယ်။ Huawei P20 Pro ကတော့ သူ့ထက်မိနစ်၃၀ စောပြီးအိပ်စက်သွားပါတယ်။ OnePlus 6 ကတော့ တတိယဖြစ်ပြီးတော့ iPhone X နဲ့ Galaxy S9 က ၃မိနစ်စောသွားပါတယ်။ အခုအသုံးပြုထားတဲ့ဖုန်းတွေအားလုံးက 50 battery cycle မကျော်သေးတဲ့ဖုန်းတွေလို့ ဝန်ခံထားပါတယ်။ ဒီတော့ အကောင်းအတိုင်းလို့ ပြောရမယ့်ဖုန်းအလုံးတွေပါ။


Note 8 ထက်တစ်နာရီ ကြာပြီးတော့ Pixel 2 XL ကတော့ တစ်မိနစ်ပိုကြာပါတယ်။ အားသွင်းနှုန်းမှာတော့ 4000 mAh ဘတ်ထရီကိုအားပြည့်ဖို့အတွက် တစ်နာရီနဲ့ ၄၉မိနစ်ကြာပါတယ်။
Galaxy Note 9 က ဘတ်ထရီကောင်းတော့ ဝယ်သင့်လား။ သိုလှောင်မှုလည်းများတယ်၊ မြန်ဆန်တဲ့ ပရိုဆက်တာ၊ S Pen အရောင်လေးတွေနဲ့ဆိုတော့ ဝယ်သင့်ပါတယ်။

Leave a Reply