ပီစီအတြက္ texting feature လုပ္ေနတဲ့ Skype

0
677

Zawgyi Version

အခုဆိုရင္ေတာ့ အတြင္းလူေတြစမ္းသပ္ေနပါျပီ။
Skype က Android အတြက္ “SMS Connect” လို႕ေခၚတဲ့ feature ေလးတစ္ခုကို Insider ေတြစမ္းသပ္ဖို႕အတြက္ ထုတ္ေပးထားပါတယ္။ Skype Preview’s settings ရဲ႕ေနာက္ဆံုးဗားရွင္းမွာ Skype ကို အသံုးျပဳျပီးေတာ့ Mac or Windows PC မွာ စာပို႕၊လက္ခံႏုိင္တယ္ဆိုတာကို Windows Blog Italia ကေတြ႕ရွိခဲ့တာျဖစ္ပါတယ္။ သူငယ္ခ်င္းတစ္ေယာက္က သင့္ဖုန္းကို Skype app ေလးကေန မက္ေဆ့ခ်္ပို႕တဲ့အခါ ကြန္ပ်ဴတာမွာရွိတဲ့ Skype app ကေန တန္းျပီးေတာ့ စာျပန္နုိင္မွာပါ။ သင္က Insider တစ္ေယာက္ဆုိရင္ေတာ့ Android ေပၚမွာရွိတဲ့ Skype Preview ကေန အသံုုးျပဳႏုိင္ပါျပီ။ ဖြင့္လို႕မရေလာက္ေသးဘူးနဲ႕ တူပါတယ္။ က်န္တဲ့သူေတြကေတာ့ မျမင္ရေလာက္ေသးပါဘူး။ ဒါေပမယ့္လည္း အမွန္တကယ္ရေတာ့မယ္ဆိုတာကို Skype Insider ရဲ႕ Twitter အေကာင့္မွာ တင္ေပးထားပါတယ္။
Windows Central ကေတာ့ desktop အတြက္ Skype Preview ရဲ႕ Update ေလးမွာ ေျပာင္းလဲမႈေတြလုပ္ေဆာင္ထားတဲ့အတြက္ေၾကာင့္ PC or Mac အသံုးျပဳျပီးေတာ့ Android ဖုန္းရဲ႕ မက္ေဆ့ခ်္ေတြကို ျပန္ၾကားႏုိင္ျပီျဖစ္တယ္လို႕ ေျပာထားပါတယ္။ အသံုုးျပဳခ်င္တယ္ဆုိရင္ေတာ့Android ဖုန္းမွာ Skype ကို သြင္းထားလိုက္ပါ။ iOS မွာ ရႏုိင္လာဆိုတာေတာ့ မေျပာနုိင္ေသးပါဘူး။ စမ္းၾကည့္လိုက္ပါ။ စစခ်င္းမွာေတာ့ bug ေလးေတြရွိေနဦးမွာပါ။ အားလံုးအတြက္လညး္ final version ထြက္လာဦးမွာမို႕ စိတ္ေအးေအးနဲ႕ ေစာင့္လုိက္ပါ။

Unicode Version

အခုဆိုရင်တော့ အတွင်းလူတွေစမ်းသပ်နေပါပြီ။
Skype က Android အတွက် “SMS Connect” လို့ခေါ်တဲ့ feature လေးတစ်ခုကို Insider တွေစမ်းသပ်ဖို့အတွက် ထုတ်ပေးထားပါတယ်။ Skype Preview’s settings ရဲ့နောက်ဆုံးဗားရှင်းမှာ Skype ကို အသုံးပြုပြီးတော့ Mac or Windows PC မှာ စာပို့၊လက်ခံနိုင်တယ်ဆိုတာကို Windows Blog Italia ကတွေ့ရှိခဲ့တာဖြစ်ပါတယ်။ သူငယ်ချင်းတစ်ယောက်က သင့်ဖုန်းကို Skype app လေးကနေ မက်ဆေ့ချ်ပို့တဲ့အခါ ကွန်ပျူတာမှာရှိတဲ့ Skype app ကနေ တန်းပြီးတော့ စာပြန်နိုင်မှာပါ။ သင်က Insider တစ်ယောက်ဆိုရင်တော့ Android ပေါ်မှာရှိတဲ့ Skype Preview ကနေ အသုံးပြုနိုင်ပါပြီ။ ဖွင့်လို့မရလောက်သေးဘူးနဲ့ တူပါတယ်။ ကျန်တဲ့သူတွေကတော့ မမြင်ရလောက်သေးပါဘူး။ ဒါပေမယ့်လည်း အမှန်တကယ်ရတော့မယ်ဆိုတာကို Skype Insider ရဲ့ Twitter အကောင့်မှာ တင်ပေးထားပါတယ်။
Windows Central ကတော့ desktop အတွက် Skype Preview ရဲ့ Update လေးမှာ ပြောင်းလဲမှုတွေလုပ်ဆောင်ထားတဲ့အတွက်ကြောင့် PC or Mac အသုံးပြုပြီးတော့ Android ဖုန်းရဲ့ မက်ဆေ့ချ်တွေကို ပြန်ကြားနိုင်ပြီဖြစ်တယ်လို့ ပြောထားပါတယ်။ အသုံးပြုချင်တယ်ဆိုရင်တော့Android ဖုန်းမှာ Skype ကို သွင်းထားလိုက်ပါ။ iOS မှာ ရနိုင်လာဆိုတာတော့ မပြောနိုင်သေးပါဘူး။ စမ်းကြည့်လိုက်ပါ။ စစချင်းမှာတော့ bug လေးတွေရှိနေဦးမှာပါ။ အားလုံးအတွက်လည်း final version ထွက်လာဦးမှာမို့ စိတ်အေးအေးနဲ့ စောင့်လိုက်ပါ။

Leave a Reply