Xiaomi Mi A2 မွာ 1080p ဗီဒီယိုေတြကို 60fps ႏႈန္းနဲ႔ရိုက္ကူးႏိုင္ၿပီ

0
830

တရုတ္စမတ္ဖုန္းကုမၸဏီ Xiaomi ဟာ Mi A2 စမတ္ဖုန္းအတြက္ ၾသဂုတ္လ update ကိုထုတ္ေပးလိုက္ပါၿပီ။ အဆင့္ျမင့္တင္ေပးလိုက္တဲ့ ေဆာဖ့္ဝဲပိုင္းမွာေတာ့ ၾသဂုတ္လအတြက္ security patch နဲ႔အတူ အဓိက ကင္မရာအတြက္ လုပ္ေဆာင္ခ်က္သစ္ေတြ ပါဝင္လာခဲ့ပါတယ္။ ကင္မရာပိုင္းဆိုင္ရာ လုပ္ေဆာင္ခ်က္သစ္ကေတာ့ Full HD video ေတြကို 60fps ႏႈန္းနဲ႔ ဖမ္းယူရိုက္ကူး ႏုိင္စြမ္းပဲ ျဖစ္ပါတယ္။

Mi A2 စမတ္ဖုန္းမွာေတာ့ Qualcomm ရဲ႕Snapdragon 660 ပရိုဆက္ဆာကို သုံးထားပါတယ္။ သူ႕မွာ 4 GB RAM နဲ႔အတူ Adreno 512 ဂရပ္ဖစ္သုံးထားၿပီး  64 GB  အခ်က္အလက္သိုေလွာင္မႈနဲ႔ျဖစ္ပါတယ္။ ကင္မရာပိုင္းမွာေတာ့ ေနာက္ေက်ာဘက္မွာ 12 + 20 megapixel  နဲ႔အတူ၊အေရွ႕ဘက္မွာ  20 megapixel ကိုသုံးထားပါတယ္။ ကင္မရာေတြဟာ Face Detection အျပင္ စြမ္းအားျပည့္ HDR လုပ္ေဆာင္ခ်က္ကိုပါ ေထာက္ပံ့ေပးပါတယ္။

Xiaomi Mi A2 မွာAndroid 8.1 Oreo နဲ႔အတူ 3010mAh ဘက္ထရီကုိ ေထာက္ပံ့ေပးထားပါတယ္။ ဖုန္းရဲ႕အရြယ္အစားကေတာ့ 158.70 x 75.40 x 7.30 ရွိၿပီး အေလးခ်ိန္ 168.00 ဂရပ္ရွိပါတယ္။ Mi A2 ဖုန္းသုံးတဲ့ သူေတြအတြက္ Settings > System > System Update > Check for update ကေန ဝင္စစ္ႏိုင္မွာပါ။

unicode

တရုတ်စမတ်ဖုန်းကုမ္ပဏီ Xiaomi ဟာ Mi A2 စမတ်ဖုန်းအတွက် သြဂုတ်လ update ကိုထုတ်ပေးလိုက်ပါပြီ။ အဆင့်မြင့်တင်ပေးလိုက်တဲ့ ဆောဖ့်ဝဲပိုင်းမှာတော့ သြဂုတ်လအတွက် security patch နဲ့အတူ အဓိက ကင်မရာအတွက် လုပ်ဆောင်ချက်သစ်တွေ ပါဝင်လာခဲ့ပါတယ်။ ကင်မရာပိုင်းဆိုင်ရာ လုပ်ဆောင်ချက်သစ်ကတော့ Full HD video တွေကို 60fps နှုန်းနဲ့ ဖမ်းယူရိုက်ကူး နိုင်စွမ်းပဲ ဖြစ်ပါတယ်။

Mi A2 စမတ်ဖုန်းမှာတော့ Qualcomm ရဲ့Snapdragon 660 ပရိုဆက်ဆာကို သုံးထားပါတယ်။ သူ့မှာ 4 GB RAM နဲ့အတူ Adreno 512 ဂရပ်ဖစ်သုံးထားပြီး  64 GB  အချက်အလက်သိုလှောင်မှုနဲ့ဖြစ်ပါတယ်။ ကင်မရာပိုင်းမှာတော့ နောက်ကျောဘက်မှာ 12 + 20 megapixel  နဲ့အတူ၊အရှေ့ဘက်မှာ  20 megapixel ကိုသုံးထားပါတယ်။ ကင်မရာတွေဟာ Face Detection အပြင် စွမ်းအားပြည့် HDR လုပ်ဆောင်ချက်ကိုပါ ထောက်ပံ့ပေးပါတယ်။

Xiaomi Mi A2 မှာAndroid 8.1 Oreo နဲ့အတူ 3010mAh ဘက်ထရီကို ထောက်ပံ့ပေးထားပါတယ်။ ဖုန်းရဲ့အရွယ်အစားကတော့ 158.70 x 75.40 x 7.30 ရှိပြီး အလေးချိန် 168.00 ဂရပ်ရှိပါတယ်။ Mi A2 ဖုန်းသုံးတဲ့ သူတွေအတွက် Settings > System > System Update > Check for update ကနေ ဝင်စစ်နိုင်မှာပါ။

Leave a Reply