Posted on Leave a comment
စက်တင်ဘာ ၆ရက်နေ့မှာ မိတ်ဆက်လာမယ့် vivo V11 Pro
unicode
vivo အနေနဲ့ စမတ်ဖုန်းသစ်တစ်မျိုး မိတ်ဆက်မယ့်ရက်ကို ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ အဲ့ဒီစမတ်ဖုန်းသစ်ကတော့ vivo V11 Pro ဖြစ်ပြီး စက်တင်ဘာ ၆ရက်နေ့မှာ မိတ်ဆက်သွားမှာ ဖြစ်ပါတယ်။
ဖိတ်စာမှာ ဖုန်းနဲ့ပတ်သတ်တဲ့ အချက်အလက်တွေကို ဖော်ပြထားခြင်းမရှိပေမယ့်လည်း ဒီဖုန်းမှာ မျက်နှာပြင်လောက် လက်ဗွေဖတ်စနစ်ကို သုံးလာမှာပါ။  V11 Pro ရဲ့ အရှေ့ဘက် မျက်နှာပြင်မှာ သေးငယ်တဲ့ ရေစက်ပုံစံ Notch လေးကိုတပ်ဆင်လာမှာပါ။
လက်ရှိထွက်ထားတဲ့ အချက်အလက်တွေအရ သူ့မှာ 6.41-inch, 2340×1080 resolution သုံးလာမှာဖြစ်ပြီး Super AMOLED display နဲ့ဖြစ်မှာပါ။ ဖုန်းရဲ့ ပါဝါစွမ်းအားပိုင်းအတွက် Qualcomm ရဲ့  Snapdragon 660 chipset ပရိုဆက်ဆာနဲ့ ဖြစ်ပြီး6GB RAM မှာ 128GB storage ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။
ကင်မရာပိုင်းမှာတော့ NEX S ရဲ့ နောက်ကျောဘက်မှာ ပါဝင်တဲ့ ကင်မရာစနစ်နဲ့ တူညီပြီး 12MP+5MP ဖြစ်မှာပါ။ အရှေ့ဘက်မှာတော့ 25MP ဆင်ဆာကို သုံးပေးထားမှာပါ။  V11 Pro မှာ OS ပိုင်းအတွက်  Android 8.1 ကိုတပါတည်း ထည့်သွင်းလာမှာဖြစ်ပြီး ဘက်ထရီစွမ်းအားပိုင်းမှာတော့  3,400mAh နဲ့ဖြစ်ပါတယ်။
Leave a Reply
This site uses Akismet to reduce spam. Learn how your comment data is processed.