Motorola One တွင် Snapdragon 625 ပရိုဆက်ဆာ သုံးလာမည်

0
488




unicode

Motorola  အနေနဲ့  Moto P30 စမတ်ဖုန်းကို တရုတ်စမတ်ဖုန်း ဈေးကွက်အတွက် သီးသန့်မိတ်ဆက် ပေးခဲ့ပါတယ်။ အဲ့စမတ်ဖုန်းဟာ iPhone X ပုံစံကင်မရာနဲ့ Huawei ဖုန်းပုံစံ အရောင်နဲ့ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ Motorola One ရဲ့အချက်အလက်တွေ GeekBench မှာထွက်လာပါတယ်။ သူရဲ့ဒီဇိုင်းပုံတွေလည်း ဇွန်လ၃ရက်နေ့လောက်က ထွက်ခဲ့ပါသေးတယ်။ သူ့မှာ Snapdragon 625 CPU နဲ့အတူ  4GB RAM သုံးလာမှာဖြစ်ပါတယ်။

ဒီဖုန်းမှာ Android 8.1 Oreo ကိုသာသုံးလာမှာပါ။Moto P30 နဲ့မျက်နှာပြင်ပိုင်း တူညီပြီး 6.2 လက်မနဲ့ ထွက်လာမှာပါ။ ကင်မရာပိုင်းမှာလည်း နောက်ကျောဘက်မှာ Dual တပ်ဆင်ထားမှာဖြစ်ပြီး ခပ်ခွာခွာပုံစံနဲ့ ဖြစ်ပါတယ်။ Motorola One ရဲ့ကိုယ်ထည် ပုံစံဟာသတ္တူဒီဇိုင်းနဲ့ ဖြစ်ပြီး dual tone LED flash တပ်ဆင်ထားပါတယ်။ နောက်ကျောဘက် M ပုံစံမှာ လက်ဗွေဖတ်စနစ်နဲ့ပါ။ Android One စမတ်ဖုန်းဖြစ်တာကြောင့် ထွက်ရှိပြီးတာနဲ့ Android Pie 9.0 ကိုရရှိနိုင်မှာပါ။

Android One ဆိုတာကတော့ Google ရဲ့ သတ်မှတ်ချက်တွေနဲ့ ထုတ်လုပ်ရတဲ့ ဖုန်းအမျိုးအစားကို ခေါ်တာပါ။ တနည်းအားဖြင့်တော့ Google အသိအမှတ်ပြု ဖုန်းပဲဖြစပါတယ်။ OS update အသစ်ပေးတဲ့ အချိန်မှာလည်း အခြားစမတ်ဖုန်းတွေထက်စာရင် One ဖုန်းတွေက အရင်ရရှိပါတယ်။

Leave a Reply