Android 9 Pie ရရှိမယ့် Motorola စမတ်ဖုန်းများ

0
563





unicode

Motorola အနေနဲ့ နောက်ဆုံးထွက် Android Pie ရရှိနိုင်မယ့် စာရင်းကို ထုတ်ပြန်ပေးလိုက်ပါပြီ။ Pie စထွက်စဉ် အချိန်တုန်းက Google ဖုန်းတွေနဲ့  Essential  ဖုန်းမှာသာ ရရှိခဲ့ပါတယ်။ အခြားစမတ်ဖုန်း ကုမ္ပဏီတွေကလည်းသူတို့ရဲ့ ဘယ်မျိုးဆက်ဖုန်းတွေမှာ Pie ကိုရရှိမယ်ဆိုတာကို ယခုတပတ်အတွင်းမှာ ထုတ်ပြန်ပေးနေပါတယ်။ လက်ရှိအချိန်မှာတော့ OEM တွေအနေနဲ့ Android ဗားရှင်းသစ်ကို ဖုန်းတွေမှာ ထည့်သွင်းပေးနိုင်ခြင်း မရှိသေးပါဘူး။

Motorola အနေနဲ့ OS Pie ရရှိမယ့် အစီအစဉ်ထဲမှာ ပါတဲ့ဖုန်းတွေကတော့ Moto Z3, Z3 Play, Z2 Force Edition, Z2 Play, X4, G6, G6 Plus နဲ့ G6 Play ဖုန်းတွေပဲ ဖြစ်ပါတယ်။ အခြား Moto ဖုန်းတွေမှာတော့ ရနိုင်မှာ မဟုတ်ပါဘူး။ Motorola ဖုန်းတွေမှာ Pie ကိုသာ ရရှိသွားမယ်ဆိုရင် ဘက်ထရီသက်တမ်း ပိုမိုတာရှည်ခံလာပြီး၊ split-screen နဲ့ အခြား Settting တွေကို အကောင်းဆုံး ထိန်းချုပ်လာ နိုင်ပါလိမ့်မယ်။

Android Pie မှာ အရင်လို Back, Home, Overview ဆိုတဲ့ Android ခလုတ်တွေ ပါလာမှာမဟုတ်တော့ဘဲ၊ iPhone X လို Screen ပေါ်မှာ Home ခလုတ်လေးတခုပဲ ပါမှာဖြစ်ပြီး၊ Gesture အဓိကနဲ့ပဲ အသုံးပြုရတော့မှာပါ။ Back ခလုတ်က လိုအပ်တဲ့နေရာမှ ပေါ်လာမှာပါ။

Home screen မှာဆို မပေါ်ပါဘူး။  Android P မှာ Home Bar Indicator အသစ်ကို ပြောင်းလဲ အသုံးပြု ထားပါတယ်။ Home နဲ့ Recent Button ၂ခုကို ပေါင်းစပ်ထားတဲ့ Gesture Swipe အနေနဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Back Button ကတော့ ကျန်ရှိနေဆဲ ဖြစ်ပါတယ်။

 

Leave a Reply