Mate 20 စမတ္ဖုန္းမွာ 7nm နဲ႔ Kirin 980 သုံးလာမယ္လို႔ Huawei အတည္ျပဳ

0
644

Huawei ရဲ႕စီအီးအိုျဖစ္တဲ့ Richard Yu ဟာMate 20 စီးရီးဖုန္းေတြကို ေအာက္တုိဘာလမွာ မိတ္ဆက္သြားမွာျဖစ္ၿပီး  Kirin 980 ပရိုဆက္ဆာကို သုံးသြားမွာျဖစ္တယ္လုိ႔ အတည္ျပဳေပးလုိက္ပါၿပီ။  chipset အသစ္ဟာ ယခင္မ်ိဳးဆက္  Kirin 970 ထက္ ၂၀ရာခိုင္ႏႈန္းပိုမို ျမန္ဆန္ၿပီး၊ ၄၀ရာခုိင္ႏႈန္း စြမ္းအားပိုင္းမွာပိုထိေရာက္လာမွာ ျဖစ္ပါတယ္။

Huawei အေနနဲ႔ Kirin 980 ကို ဘာလင္မွာက်င္းပမယ့္ IFA congress မွာေၾကညာ သြားမွာ ျဖစ္ပါတယ္။ Huawei Mate 20 စီးရီးဖုန္းေတြကို Mate 20,  Mate 20 Pro နဲ႔ Mate 20 Lite ဆိုၿပီး ထုတ္လုပ္လာမွာ ျဖစ္ပါတယ္။ Mate 20 Lite မွာေတာ့ အဆင့္ျမင့္ ဗားရွင္းေတြနဲ႔ ကြဲျပားစြာ Kirin 710 chipset ကိုသုံးလာမွာပါ။

ပရိုဆက္ဆာအသစ္ Kirin 980 မွာ octa-core CPU ျဖစ္တဲ့ 4x Cortex-A77 + 4x Cortex-A55 ေတြေမာင္းႏွင္မွာ ျဖစ္ၿပီး clock speeds ကလည္း  2.8 GHz ရွိလာမွာ ျဖစ္ပါတယ္။ RAM ပိုင္းမွာေတာ့  LPDDR4X သုံးလာမွာျဖစ္ၿပီး ဂရပ္ဖစ္ပိုင္းမွာေတာ့ Mali-G72 MP24 GPU သံုးလာမွာပါ။

Mate 20 မွာ “6.3” AMOLED screen ျဖစ္ၿပီးMate 20 ပရိုမွာေတာ့  “6.9” AMOLED screen သုံးလာႏုိင္ၿပီး ကင္မရာပိုင္းမွာေတာ့ Mate 20 မွာ  (12MP + 20MP + 8MP)  ေနာက္ေက်ာဘက္ကင္မရာနဲ႔  Mate 20 Pro မွာေတာ့  (40MP + 20MP + 8MP) သုံးလာမယ္လို႔ သိရပါတယ္။ Mate 20၊ Mate 20 Pro မွာ 40-watt charger ပါဝင္မွာျဖစ္ၿပီး ဘက္ထရီစြမ္းအားကေတာ  4200mAh ျဖစ္ဖို႔မ်ားပါတယ္။

unicode

Huawei ရဲ့စီအီးအိုဖြစ်တဲ့ Richard Yu ဟာMate 20 စီးရီးဖုန်းတွေကို အောက်တိုဘာလမှာ မိတ်ဆက်သွားမှာဖြစ်ပြီး  Kirin 980 ပရိုဆက်ဆာကို သုံးသွားမှာဖြစ်တယ်လို့ အတည်ပြုပေးလိုက်ပါပြီ။  chipset အသစ်ဟာ ယခင်မျိုးဆက်  Kirin 970 ထက် ၂၀ရာခိုင်နှုန်းပိုမို မြန်ဆန်ပြီး၊ ၄၀ရာခိုင်နှုန်း စွမ်းအားပိုင်းမှာပိုထိရောက်လာမှာ ဖြစ်ပါတယ်။

Huawei အနေနဲ့ Kirin 980 ကို ဘာလင်မှာကျင်းပမယ့် IFA congress မှာကြေညာ သွားမှာ ဖြစ်ပါတယ်။ Huawei Mate 20 စီးရီးဖုန်းတွေကို Mate 20,  Mate 20 Pro နဲ့ Mate 20 Lite ဆိုပြီး ထုတ်လုပ်လာမှာ ဖြစ်ပါတယ်။ Mate 20 Lite မှာတော့ အဆင့်မြင့် ဗားရှင်းတွေနဲ့ ကွဲပြားစွာ Kirin 710 chipset ကိုသုံးလာမှာပါ။

ပရိုဆက်ဆာအသစ် Kirin 980 မှာ octa-core CPU ဖြစ်တဲ့ 4x Cortex-A77 + 4x Cortex-A55 တွေမောင်းနှင်မှာ ဖြစ်ပြီး clock speeds ကလည်း  2.8 GHz ရှိလာမှာ ဖြစ်ပါတယ်။ RAM ပိုင်းမှာတော့  LPDDR4X သုံးလာမှာဖြစ်ပြီး ဂရပ်ဖစ်ပိုင်းမှာတော့ Mali-G72 MP24 GPU သုံးလာမှာပါ။

Mate 20 မှာ “6.3” AMOLED screen ဖြစ်ပြီးMate 20 ပရိုမှာတော့  “6.9” AMOLED screen သုံးလာနိုင်ပြီး ကင်မရာပိုင်းမှာတော့ Mate 20 မှာ  (12MP + 20MP + 8MP)  နောက်ကျောဘက်ကင်မရာနဲ့  Mate 20 Pro မှာတော့  (40MP + 20MP + 8MP) သုံးလာမယ်လို့ သိရပါတယ်။ Mate 20၊ Mate 20 Pro မှာ 40-watt charger ပါဝင်မှာဖြစ်ပြီး ဘက်ထရီစွမ်းအားကတော  4200mAh ဖြစ်ဖို့များပါတယ်။

Leave a Reply