HTC U12 Plus ရဲ့ flame red ကို US နဲ့ Canada မှာရရှိတော့မယ်

0
570

Zawgyi version





Unicode version

HTC U12 Plus ရဲ့ ဒီဇိုင်းကိုအရင်ပြောရမယ်ဆိုရင် သူက 6-inch 2880 x 1440 screen ကို Super LCD 6 နဲ့ ထွက်ရှိမှာ ဖြစ်ပါတယ်။ chipset ကလဲ Snapdragon 845 ကိုသုံးထားပါတယ်။ ကင်မရာပိုင်းကတော့ main camera ကတော့ 12 megapixels(f/1.75) ပဲဖြစ်ပါတယ်။

HTC U12 Plus ကို US နဲ့ Canada မှာ ကုမ္ပဏီရဲ့ website ကနေ preorder တင်နိုင်တော့မှာပဲဖြစ်ပါတယ်။ တစ်ခြားအရောင်တွေဖြစ်တဲ့ အပြာရောင် နဲ့ အနက်ရောင်ကိုတော့ ဝယ်ယူရရှိနိုင်ပြီဖြစ်ပြီး flame red ကိုတော့ အခုမှ ရရှိမှာဖြစ်ပါတယ်။


flame red color ကတော့ နေရောင်ထဲမှာဆိုရင် ခရမ်းရောင်လိုလို ရွှေရောင်လိုလိုမြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။ တစ်ခြားဖုန်းတွေဖြစ်တဲ့ Huawei P20 ရဲ့ twilight color လိုမျိုး ခရမ်းရောင်လိုလို အပြာရောင်လိုလိုအရောင်ပြေးလေးပဲ ဖြစ်ပါတယ်။
သူ့ကိုတော့ အနက် ဒါမှမဟုတ် အပြာဆိုရင်တော့ $799 နဲ့ရရှိနိုင်မှာဖြစ်ပါတယ်။ US မှာ
128GB version ကို $849 ဖြစ်ပြီး Canada မှာတော့ 64GB ကို C$1,099 ဖြစ်ပြီး 128GB ကို C$1,169 ပဲဖြစ်ပါတယ်။

 

Leave a Reply