
0
605





unicode

Google က Smart Display ကို ယခုနှစ်နှောင်းပိုင်းမှာ ကြေညာမည်

Google က ဇန်နဝါရီလမှာ Smart Display Platform ကို မိတ်ဆက်ခဲ့ပါတယ်။ အဲဒီနောက်မှာ JBL, Lenovo , LG, Sony တို့ကစကရင်များ ပါတဲ့ စမတ် စပီကာများကို ထုတ်လုပ်ဖို့ ပလက်ဖောင်းမှာ ပါဝင်ခဲ့ကြပါတယ်။ Lenovo က သူ့ရဲ့ ပထမဆုံး စမတ် မျက်နှာပြင်ကို ထုတ်လုပ်ရောင်းချပေးထားပါတယ်။ အခုတော့ Google ကလည်း သူ့ကိုယ်ပိုင် စမတ် မျက်နှာပြင်ကို ဖန်တီးနေပါပြီ။ ယခုနှစ်နှောင်းပိုင်းမှာ ကြေညာတော့မှာ ဖြစ်ပါတယ်။ သူ့မှာဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက် Google Assistant လည်း ပါလာမှာ ဖြစ်ပါတယ်။

Display ပါတဲ့ စမတ် စပီကာများဟာ သာမာန် စမတ် စပီကာများထက် အားသာချက်များ ပါရှိပါတယ်။ စကရင် ပါတဲ့အတွက် သတင်းအချက်အလက်များ ကြည့်ခြင်း၊ Settings များကို ပြောင်းလဲခြင်း၊ ဗီဒီယိုကြည့်ခြင်းများ ၊ မီးဖိုချောင်ထဲမှာ ဟင်းချက်နည်းများ ကြည့်ခြင်းများကို ပြုလုပ်နိုင်ပါတယ်။ မီးဖိုချောင်မှာ လက်ညစ်ပေနေတဲ့ အချိန်မှာ သူ့ကို အသံအမိန့်ဖြင့် ခိုင်းစေနိုင်တဲ့အတွက် သူ့ကို မီးဖိုချောင်မှာ ထားသုံးဖို့လည်း အဆင်ပြေပါတယ်။

Smart Display မတိုင်ခင်မှာတော့ စမတ် စပီကာများကို ဖန်တီးရောင်းချပေးထားကြပါတယ်။ အဲဒီအထဲမှာ Google Home ၊ တန်ဖိုးနည်း Home Mini နဲ့ စပီကာ အသားပေး Home Max တို့ကို ဂူဂယ်လ်က ဖန်တီးရောင်းချပေးထားပါတယ်။ Amazon က Echo Smart Speakers များကို ထုတ်လုပ်ရောင်းချပေးထားပါတယ်။ Apple ကလည်း စမတ် စပီကာ ဈေးကွက်မှာ ဝင်ရောက် ယှဉ်ပြိုင်နေပါတယ်။

အခုတော့ မျက်နှာပြင်များ ပါတဲ့ စမတ် စပီကာများကို ဖန်တီးလာကြပါတယ်။ Lenovo က စမတ် မျက်နှာပြင် တစ်ခုကို ထုတ်လုပ်ရောင်းချပေးထားပါတယ်။ ဒီသတင်းဟာ ဂူဂယ်လ်အတွက် ဟာ့ဒ်ဝဲ အစိတ်အပိုင်းများကို ထောက်ပံ့ပေးနေတဲ့ အသိုင်းအဝိုင်းကနေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ဂူဂယ်လ်ဟာ စကရင်ပါတဲ့ စမတ် စပီကာများကို ပထမအသုတ်ရောင်းချချိန်မှာ အလုံးရေ ၃ သန်းလောက်ရောင်းချဖို့ ရည်မှန်းထားတယ်လို့ သိရပါတယ်။

Leave a Reply