App/Game Smartphone Trending

Confidential Mode ပါလာတဲ့ Gmail (Android)

Google က အေရးႀကီးတဲ့ သတင္းအခ်က္အလက္မ်ားကို အျခားလူမ်ားက ခိုးယူျခင္း မျပဳႏုိင္ေအာင္ အီးေမး ပို႔ၿပီးေနာက္ အခ်ိန္အတိုင္းအတာ တစ္ခုအတြင္းမွာ အလိုအေလွ်ာက္ ဖ်က္ဆီးေပးတဲ့ Confidential Mode ကို ေမလမွာ ဒတ္စေတာ့ရဲ႕ Gmail မွာ ထည့္သြင္းေပးခဲ့ပါတယ္။ အခုေတာ့ အဲဒီ လုပ္ေဆာင္ခ်က္ကို Gmail( Android ) မွာ ထည့္သြင္းေပးလိုက္ပါတယ္။ iOS မွာ ဒီလုပ္ေဆာင္ခ်က္ကို ျဖန္႔ခ်ီေပးမယ့္ အခ်ိန္ကို ဂူဂယ္လ္က မေျပာၾကားေသးပါဘူး။

ဒီလုပ္ေဆာင္ခ်က္ကို အန္းဒရြိဳက္မွာ အသံုးျပဳဖို႔အတြက္ Gmail App ကို Update လုပ္စရာ မလိုပါဘူး။ သေဘာကေတာ့ Over The Air ကေန ဒီလုပ္ေဆာင္ခ်က္ကို ထည့္သြင္းေပးတာ ျဖစ္ၿပီး အင္တာနက္ ဖြင့္ထားတာနဲ႔ ဒီလုပ္ေဆာင္ခ်က္ကို အလိုအေလွ်ာက္ ေနာက္ကြယ္ကေန ထည့္သြင္းေပးတာ ျဖစ္ပါတယ္။

ဒီလုပ္ေဆာင္ခ်က္ကို Compose Window မွာ Enable ျပဳလုပ္နုိင္ပါတယ္။ သူ႔ကို Enable ျပဳလုပ္ၿပီး အီးေမးကို အလိုအေလွ်ာက္ ဖ်က္ဆီးရမယ့္ အခ်ိန္ကို သတ္မွတ္ေပးရမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ Passcode ကိုပါ ထည့္သြင္းေပးရမွာ ျဖစ္ပါတယ္။ တစ္ဖက္လူက အီးေမးကို အဲဒီ Passcode ျဖင့္ ဖြင့္ဖတ္ရမွာ ျဖစ္ပါတယ္။ အီးေမးကို အလိုအေလွ်ာက္ ဖ်က္ဆီးရမယ့္ အခ်ိန္မ်ားအတြက္ Options မ်ားစြာ ရွိပါတယ္။ တစ္ရက္၊ တစ္ပတ္၊ တစ္လ ၊ သံုးလနဲ႔ ငါးႏွစ္မ်ားထဲကေန ေရြးခ်ယ္ႏုိင္မွာ ျဖစ္ပါတယ္။

Confidential Mode ကို Enable လုပ္ၿပီး ေပးပို႔တဲ့ အီးေမးမ်ားကို လက္ခံရရွိသူက Forward, Copy, Paste, Download , Print မ်ား ျပဳလုပ္လို႔ မရပါဘူး။ တစ္ဖက္လူဟာ Gmail ကို အသံုးမျပဳသူဆိုရင္ လင့္တစ္ခုကိုသာ ရရွိမွာ ျဖစ္ၿပီး လင့္ကို ႏွိပ္ရင္ လံုျခံဳတဲ့ ၀က္ဘ္စာမ်က္ႏွာ တစ္ခုကေန ၾကည့္ရႈႏိုင္မွာ ျဖစ္ပါတယ္။

unicode

Confidential Mode ပါလာတဲ့ Gmail (Android)

Google က အရေးကြီးတဲ့ သတင်းအချက်အလက်များကို အခြားလူများက ခိုးယူခြင်း မပြုနိုင်အောင် အီးမေး ပို့ပြီးနောက် အချိန်အတိုင်းအတာ တစ်ခုအတွင်းမှာ အလိုအလျှောက် ဖျက်ဆီးပေးတဲ့ Confidential Mode ကို မေလမှာ ဒတ်စတော့ရဲ့ Gmail မှာ ထည့်သွင်းပေးခဲ့ပါတယ်။ အခုတော့ အဲဒီ လုပ်ဆောင်ချက်ကို Gmail( Android ) မှာ ထည့်သွင်းပေးလိုက်ပါတယ်။ iOS မှာ ဒီလုပ်ဆောင်ချက်ကို ဖြန့်ချီပေးမယ့် အချိန်ကို ဂူဂယ်လ်က မပြောကြားသေးပါဘူး။

ဒီလုပ်ဆောင်ချက်ကို အန်းဒရွိုက်မှာ အသုံးပြုဖို့အတွက် Gmail App ကို Update လုပ်စရာ မလိုပါဘူး။ သဘောကတော့ Over The Air ကနေ ဒီလုပ်ဆောင်ချက်ကို ထည့်သွင်းပေးတာ ဖြစ်ပြီး အင်တာနက် ဖွင့်ထားတာနဲ့ ဒီလုပ်ဆောင်ချက်ကို အလိုအလျှောက် နောက်ကွယ်ကနေ ထည့်သွင်းပေးတာ ဖြစ်ပါတယ်။

ဒီလုပ်ဆောင်ချက်ကို Compose Window မှာ Enable ပြုလုပ်နိုင်ပါတယ်။ သူ့ကို Enable ပြုလုပ်ပြီး အီးမေးကို အလိုအလျှောက် ဖျက်ဆီးရမယ့် အချိန်ကို သတ်မှတ်ပေးရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Passcode ကိုပါ ထည့်သွင်းပေးရမှာ ဖြစ်ပါတယ်။ တစ်ဖက်လူက အီးမေးကို အဲဒီ Passcode ဖြင့် ဖွင့်ဖတ်ရမှာ ဖြစ်ပါတယ်။ အီးမေးကို အလိုအလျှောက် ဖျက်ဆီးရမယ့် အချိန်များအတွက် Options များစွာ ရှိပါတယ်။ တစ်ရက်၊ တစ်ပတ်၊ တစ်လ ၊ သုံးလနဲ့ ငါးနှစ်များထဲကနေ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။

Confidential Mode ကို Enable လုပ်ပြီး ပေးပို့တဲ့ အီးမေးများကို လက်ခံရရှိသူက Forward, Copy, Paste, Download , Print များ ပြုလုပ်လို့ မရပါဘူး။ တစ်ဖက်လူဟာ Gmail ကို အသုံးမပြုသူဆိုရင် လင့်တစ်ခုကိုသာ ရရှိမှာ ဖြစ်ပြီး လင့်ကို နှိပ်ရင် လုံခြုံတဲ့ ဝက်ဘ်စာမျက်နှာ တစ်ခုကနေ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.