Sony Xperia XZ3 ရဲ့ Cases ဒီဇိုင်းထွက်လာ
0
815
unicode
Sony အနေနဲ့ ပုံရိပ်ဆင်ဆာအသစ် IMX586 ကိုပြီးခဲ့တဲ့လလောက်က မိတ်ဆက်ထားခဲ့ပါတယ်။ သူ့မှာ 48MP Quad Bayer sensor  အမျိုးအစားဖြစ်ပြီး အရည်အသွေး ကောင်းမွန်တဲ့ ပုံရိပ်တွေကို အကောင်းဆုံးဖမ်းယူနိုင်ပါလိမ့်မယ်။
အဲ့ဒီဆင်ဆာသစ်ကို Sony ရဲ့အသစ်ထွက်မယ့် Xperia XZ3 မှာ သုံးလာဖို့ သေချာနေပါတယ်။ ဒီနေ့မှာတော့ Xperia XZ3 မှာသုံးလာမယ် လယ်သာကာဘာဒီဇိုင်းလေး ထွက်လာပါတယ်။ ကာဘာမှာ အပေါက်၂ခုတပ်ဆင်ထား
တာကို တွေ့ပါတယ်။ အပေါက်တစ်ခုဟာ ကင်မရာ lens ဖြစ်ပြီး၊ နောက်တစ်ခုကတော့ fingerprint reader ဖြစ်ပါတယ်။ ဒါကြောင့် စမတ်ဖုန်းသစ်မှာ ကင်မရာတစ်လုံးသာတပ်ဆင်လာမယ်လို့ သတ်မှတ်နိုင်ပါတယ်။
ဖုန်းသစ်နဲ့ ပတ်သတ်လို့ နောက်ထပ် အကြောင်းတရားတစ်ခု ရှိနေပါသေးတယ်။ အဲ့ဒါကတော့ Sony ဟာစမတ်ဖုန်းသစ်တွေကို Xperia XZ3, XZ3 Compact နဲ့ XZ3 Premium ဆိုပြီး ထုတ်ပေးလာနိုင်တာကြောင့် အမျိုးအစားပေါ် မူတည်ပြီး ကင်မရာပိုင်း ကွဲပြားနိုင်ပါတယ်။
သို့ပေမယ့် ဇွန်လကထွက်လာတဲ့ ဓာတ်ပုံမှာတော့  XZ3 ရဲ့နောက်ဘက်မှာ ကင်မရာ၂လုံး တပ်ဆင်ထားတာကို တွေ့ပါတယ်။ တကယ်လို့ အဲ့လိုသာ တပ်ဆင်လာမယ်ဆိုရင် XZ2 Premium  မှာပါဝင်တဲ့ dual camera (19MP + 12MP) နဲ့ဆင်တူနိုင်ပါတယ်။
စမတ်ဖုန်းသစ်ဟာ ကင်မရာပိုင်းမှာ ဆန်းသစ်လာမယ်လို့ ဆိုတာကြောင့် 48MP ကင်မရာတစ်လုံးက ပိုဖြစ်နိုင်ခြေ များနေပါတယ်။ လက်ရှိအချိန်မှာတော့ single (သို့) dual camera မကွဲပြားသေးပါဘူး။
Leave a Reply