အရောင်အသစ် ၂ မျိုးနဲ့ ထွက်ရှိဦးမယ့် Huawei P20 Pro

0
749

Zawgyi version





Unicode version

Huawei က P20 Pro ရဲ့အရောင်အသစ် ၂ မျိုးကို ဒီလကုန်လောက်မှာ မိတ်ဆက်မယ်လို့သတင်းရရှိပါတယ်။ ၂၀၁၈ ကတော့ ဖုန်းအသစ်အဆန်းတွေ ထွက်ရှိတဲ့နှစ်လို့ပြောလို့ရသလို Huawei ရဲ့ P20 Pro ကလဲ အကောင်းဆုံးထဲက တစ်ခုလဲဖြစ်ပါတယ်။ Huawei ရဲ့ flagship ကတော့ ပထမဦးဆုံး ကင်မရာ ၃ လုံးနဲ့ စတင်ထွက်ရှိလာပြီး အရောင်လေးကလဲ twilight color လေးနဲ့ ထွက်ရှိလာပါတယ်။ အရောင်ရောစပ်ထားတာလေးကလဲ အဆန်းလေးမို့ တော်တော်များများရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့ပါတယ်။ ဒါ့အပြင်လဲ ခုအရောင်ဆန်း ၂ မျိုးကိုလဲ မိတ်ဆက်ပေးသွားဦးမှာပဲဖြစ်ပါတယ်။ အရောင်လေးတွေကိုတော့ တွေ့မြင်ရမှာဖြစ်ပြီး နာမည်ကို ဘယ်လိုပေးမယ် ဆိုတာကိုတော့ မသိရသေးပါဘူး။
ပထမအရောင်လေးကတော့ ဖုန်းရဲ့ ဘယ်ဘက်မှာ အနက်ရောင်လေးနဲ့ စတင်ပြီးတော့ ညာဘက်ကို စိမ်းပြာရောင်ဘက်ကို တစ်ဖြည်းဖြည်းအရောင်လေး ပြောင်းသွားမှာပဲ ဖြစပါတယ်။ အရောင်တွေကတော့ ခရမ်းရောင် နဲ့ အပြာရောင် ရောစပ်ထားတဲ့ ပုံစံမျိုးပဲဖြစ်ပါတယ်။
ဒုတိယအရောင်ကတော့ အဝါရောင်နဲ့ ပန်းရောင်ကို ရောစပ်ထားတဲ့ ပုံစံလေးပဲ ဖြစ်ပါတယ်။ သူ့ပုံစံက P20 ရဲ့ Rose Gold အရောင်လေးနဲ့ တူပါတယ်။ သူကတော့ အဖြူရောင်ကနေ ပန်းရောင်ဘက်ကို အရောင်ပြောင်းသွားမှာပဲ ဖြစ်ပါတယ်။
အားလုံးကတော့ အရောင်ဆန်းလေးတွေအတွက် စိတ်ဝင်စားနေကြတာပဲ ဖြစ်ပါတယ်။

Leave a Reply