Enterprise Trending

manual device backup option ပါဝင်လာမယ့် Android ဗားရှင်းများ

Zawgyi Version


Unicode Version

ဗားရှင်း 2.0 ကတည်းကစတင်ပြီးတော့ backup လုပ်ဆောင်ချက်ကို Google က ထည့်သွင်းပေးထားတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း 6.0 Marshmallow ရောက်တော့ ပိုမိုကောင်းမွန်လာခဲ့ပါတယ်။ Google Drive backup တွေဟာ သုံးစွဲသူရဲ့ထိန်းချုပ်မှုအောက်မှာ မရှိသေးပါဘူး။ ဒါပေမယ့်လည်း ပြောင်းလဲချိန်တန်ပါပြီ။
ဒီသတင်းကတော့ Google ဆီကနေ ထွက်လာတာဖြစ်ပါတယ်။ Android ဟာ သူကိုယ်တိုင်လုပ်ဆောင်နေမှာထည့် ပိုမိုယုံကြည်စိတ်ချရတဲ့ manual backup ကို ထည့်သွင်းပေးရမှာဖြစ်ကြောင်း တစ်ယောက်က ပို့စ်တင်ခဲ့တာပါ။ ဒီကိစ္စဟာ dev team ကို စဉ်းစားပေးဖို့ တင်ထားပြီးဖြစ်ကြောင်း ဆက်လက်ပြောကြားထားပါတယ်။ အဲဒီနောက်မှာတော့ Google ဟာ နောက်လာမယ့် Android ဗားရှင်းတွေမှာ ထည့်သွင်းစဉ်းစားပေးမယ်လို့ ပြောကြားခဲ့ပါတယ်။ ရက်အနည်းငယ်အကြာမှာ အဲဒီfeature လေးကို နောက်လာမယ့် release တွေမှာ ရနိုင်လိမ့်မယ်ဆိုတဲ့စာသားလေးနဲ့ ဒီကိစ္စအဆုံးသတ်သွားခဲ့ပါတယ်။
ဒီတော့ Android Q 9.1 မှာ Google Drive ပေါ်ကို backup လုပ်နိုင်တော့မှာပါ။ feature အသစ်တွေအကြောင်းကို ပြောထားတဲ့ပို့စ်မဟုတ်ပေမယ့်လည်း အသုံးဝင်မယ့် feature လေးကို ရရှိမယ်ဆိုတာ ကျိန်းသေသွားပါတယ်။ ဒီတော့ အနည်းဆုံးတော့ device settings, SMS နဲ့ call history တွေကို Drive app ပေါ်မှာ တင်ထားလို့ရပြီလေ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.