hardware update လုပ်တော့မယ့် Google Chromecast

0
746

Zawgyi Version


Unicode Version

Google Chromecast လေးဟာ မကြာခင်မှာ hardware update ရတော့မှာပါ။ ဗားရှင်းအသစ်လေးက ဗားရှင်းအဟောင်းနဲ့ တစ်ထေရာတည်းတူနေပါတယ်။ ဒါပေမယ့်အတွင်းပိုင်းမှာတော့ ခြားနားပြီးပိုကောင်းလာတာကို တွေ့မြင်ရမှာပဲဖြစ်ပါတယ်။
FCC ကိုရောက်ရှိလာတဲ့ မော်ဒယ်လ်နံပါတ်လေးကတော့ NC2-6A5B ဖြစ်ပါတယ်။ အင်တာနာလေးတွေကို 0.5mm အထိ ဖြတ်တောက်ထားပြီးတော့ performance ပိုင်းမှာလည်း 5GHz ဆိုတော့ ပိုကောင်းလာပါတယ်။ အရင်ဗားရှင်းတုန်းက Bluetooth chip ထည့်ပေးထားပေမယ့်လည်း ထောက်ပံ့ပေးထားခြင်း မရှိပါဘူး။ အခုဆိုရင်တော့ အပြည့်အဝထောက်ပံ့ပေးထားပြီ ဖြစ်ပါတယ်။
ဘာအတွက် Bluetooth အသုံးပြုသလဲဆိုတာတော့ မသိသေးပါဘူး။ ဘယ်အချိန်တွေ့မြင်ရမလဲဆိုတာလည်း မပြောနိုင်သေးပါဘူး။ ဒါပေမယ့်လည်း ကျွန်တော်တို့အတွက် upgrade လုပ်လိုက်တယ်ဆိုတာလေးနဲ့တင် ကျေနပ်စရာကောင်းနေပြီမလား။ ပြီးတော့ hardware အသစ်တွေနဲ့ ဘယ်လိုလုပ်ထားမလဲဆိုတာရှင်းပြမယ့် Google event ကို မျှော်လင့်ရရုံသာ။

Leave a Reply