Apple လို ဖြစ်ရပ်နဲ့ ရင်ဆိုင်နေရတဲ့ Facebook
0
1201
Zawgyi Version
Unicode Version
Department of Justice (DOJ) က Facebook ကို ရာဇဝတ်သား probe ရဲ့ အသံမက်ဆေ့ချ်တွေကို ဖွင့်ပြပေးဖို့အတွက် တောင်းဆိုထားပါတယ်။ ဒီကိစ္စကတော့ Messenger နဲ့ သူ့ရဲ့ encrypted chats feature တို့အကြောင်းပါပဲ။ သုံးစွဲသူဟာ စကားပြောဆိုမှုတစ်ခုအတွက် အများမသိစေချင်တဲ့အခါ အသုံးပြုလို့ရတဲ့ feature လေးဖြစ်ပါတယ်။ DOJ ကတော့ app ကိုသုံးစွဲပြီးပြုလုပ်ခဲ့တဲ့ အသံမက်ဆေ့ချ်တွေကို လိုချင်နေတာဖြစ်ပါတယ်။
ဒီသတင်းကတော့ ဒီကိစ္စအကြောင်းသိထားတဲ့လူသုံးယောက်ဆီက ရခဲ့တာပါ။ DOJ နဲ့ Facebook ကတော့ ဒီသတင်းကို တုံ့ပြန်ထားခြင်းမရှိသေးပါဘူး။ MS-13 စုံစမ်းမှုအတွက် အသုံးပြုခွင့်လိုနေတယ်လို့ ရေးသားထားတာပါ။
Facebook ကတော့ ဒီလိုလုပ်ထားတာက end-to-end လုပ်ဆောင်ထားတာဖြစ်ကြောင်း ငြင်းထားပါတယ်။ ဒါကြောင့် အသုံးပြုချင်တယ်ဆိုရင် ကုဒ်ကိုပြန်ရေးရမှာပါ။ ဒီတော့ဖြစ်လာနိုင်တာက WhatsApp နဲ့ အခြားသော messaging service တွေကိုလည်း အတော်လေးသက်ရောက်သွားနိုင်ပါတယ်လို့ ပြောထားပါတယ်။
encryption နဲ့ပတ်သတ်လို့ ယူအက်စ်အစိုးရကြုံရတာ ပထမဆုံးမဟုတ်တော့ပါဘူး။ FBI ကလည်း Apple နဲ့ သတ်ခဲ့ပြီးပါပြီ။ encryption ကို အသုံးပြုခွင့်ပေးလိုက်မယ်ဆိုရင်တော့ သုံးစွဲသူအားလုံးကို ထိခိုက်စေနိုင်တဲ့ဖြစ်ရပ်ပါပဲ။
ဒီတော့ Facebook ကလည်း ဒုတိယ Apple လုပ်မလား။ စောင့်ကြည့်ရမှာပါ။
Leave a Reply