
0
1277

Zawgyi version







Unicode version

Xiaomi ရဲ့ Mi Max 3 အချက်အလက်တစ်ချို့
Mi Max 3 ကတော့ ၆.၉လက်မ မျက်နှာပြင်ကျယ်ကို 2160 x 1080px IPS display နဲ့ထွက်ရှိလာမှာပဲ ဖြစ်ပါတယ်။ သူက ကျွန်တော်တို့သုံးနေတဲ့ ၇ လက်မ tablet အရွယ်နီးပါး ဖြစ်သွားမှာပါ။ သူကတော့ ဘေးဘောင်လေးတွေကို ကွေးညွှတ်ထားပြီး ထိပ်မှာ notch တော့ မပါပါဘူး။ chin ကလဲ အနည်းငယ်ပဲပါရှိပါတယ်။ Mi Max 3 ကမျက်နှာပြင်ကျယ်တဲ့အတွက်ကြောင့် one hand mode တော့ အဆင်ပြေမှာမဟုတ်ပါဘူး။
အတွင်းပိုင်းကိုလေ့လာကြည့်မယ်ဆိုရင်တော့ သူက solid mid-ranger ဖြစ်ပြီး Snapdragon 636 chipset ကိုအသုံးပြုထားပါတယ်။ RAM က 4GB or 6GB ဖြစ်ပြီး internal flash storage ကတော့ 64GB or 128GB ပဲဖြစ်ပါတယ်။ အဲ့ဒါနဲ့ မလုံလောက်သေးဘူးဆိုရင်တော့ microSD card slot လဲပါဝင်ပါသေးတယ်။
ဖုန်းရဲ့နောက်ကျောဘက်ကို လေ့လာကြည့်မယ်ဆိုရင်ဖြင့် ကင်မရာ၂ လုံးတပ်ဆင်ပေးထားမှာဖြစ်ပြီး 12MP(f/1.9 aperture) နဲ့ 5MP တို့ပဲဖြစ်ပါတယ်။ flagship တွေမှာပါဝင်တဲ့ beauty mode, scene recognition and face unlock စတာတွေပါဝင်မှာပဲ ဖြစ်ပါတယ်။
ဘက်ထရီကလဲ တောင့်တောင့်တင်းတင်းနဲ့ 5,500 mAh ထည့်ပေးထားပါတယ်။
Software ပို်င်းကို ကြည့်မယ်ဆိုရင်တော့ Android 8.1 Oreo ကိုပြုပြင်ထားတဲ့ MIUI 9.5 ကိုအသုံးပြုထားပြီး သိပ်မကြာခင်မှာပဲ MIUI 10 ကို update ပေးမှာပဲ ဖြစ်ပါတယ်။
သင်က မျက်နှာပြင်ကျယ်ကျယ်နဲ့ ဘက်ထရီ တောင့်တောင့်တင်းတင်းဖုန်းကို သုံးချင်တယ်ဆိုရင်တော့ Mi Max 3 ကိုရွေးချယ်နိုင်ပါတယ်။

Leave a Reply