Samsung Brazil ရဲ႕ လိမ္လည္မႈ ေပါက္ၾကား

0
1535

Zawgyi Version

မွတ္မိေသးလား Huawei က ေဒၚလာ ၄၅၀၀ တန္ကင္မရာနဲ႕ရိုက္ထားတဲ့ပံုကို P9 ကင္မရာအတြက္ အသံုးျပဳခဲ့တယ္ဆိုတာကိုေပါ့။ Samsung Brazil ကလည္း အဲလိုလုပ္ေနပါတယ္။ သူကေတာ့ stock photo ကို Galaxy A8 ရဲ႕ ဆယ္လ္ဖီကင္မရာကေန ထြက္လာတဲ့ပံုအျဖစ္နဲ႕ ေျပာထားတာပါ။

ရွင္းပါတယ္။ Samsung က နားလည္မႈလြဲေအာင္ လုပ္ခ်င္တာပါ။ ဘာသာျပန္ၾကည့္လုိက္ေတာ့ Samsung’s tweet က အခုလိုေရးသားထားပါတယ္။ အခုအခ်ိန္မွာေတာ့ ဖ်က္ပစ္လိုက္ပါျပီ။

ခ်ိန္းေတြ႕တဲ့အခါ ဆယ္လ္ဖီမ်ားစြာ ထြက္ေပၚေလ့ရွိတယ္။ #GalaxyA8 ရဲ႕ ဆယ္လ္ဖီကင္မရာကေတာ့ dynamic focus နဲ႕ highlight ေတြပါေတာ့ လိုခ်င္တာနဲ႕ ကြက္တိျဖစ္ေစမွာပါ။

ကိုယ္ေတြထင္လိုက္တာကေတာ့ Galaxy A8 နဲ႕ စံုတြဲတစ္တြဲကို ဆယ္လ္ဖီရိုက္ထားတာေပါ့။ Samsung Brazil က လူတစ္ေယာက္ကေတာ့ stock photo ကိုယူျပီးေတာ့ အေရာင္အေသြးေကာင္းမြန္ေအာင္ ျပင္ဆင္လိုက္ျပီးေတာ့ Samsung watermark ကို အေပၚကအုပ္လိုက္ျပီး A8 ပံုအျဖစ္နဲ႕ တင္ခဲ့တာပါ။ စိတ္မေကာင္းစရာတစ္ခုကေတာ့ Twitter သံုးစြဲသူတစ္ေယာက္က အဲဒီပံုကိုေတြ႕ရွိသြားတာပါပဲ၊ ‘Portrait of a beautiful hipster couple looking happy’ ဆိုတဲ့ ေခါင္းစဥ္ေလးနဲ႕ Getty Images မွာ ေတြ႕ခဲ့တာပါ။ ၂၀၁၅ခုႏွစ္က တင္ထားခဲ့တာကို iStockPhoto data ေတြအရ သိရပါတယ္။
စိတ္၀င္စားစရာေကာင္းတာကေတာ့ ဒီတစ္ခုတည္းမဟုတ္ပါဘူး။ Samsung က ေနာက္တစ္ပံုနဲ႕လည္း ၾကိဳးစားခဲ့ပါေသးတယ္။ အဲဒါကလည္း ‘Boyfriend and girlfriend taking selfie, piggy back ride’ လို႕အမည္ေပးထားတဲ့ Getty Images ဆီကပါပဲ။ အဲဒီပံုအတြက္ ဘယ္လိုေရးထားလဲဆိုေတာ့

ဆယ္လ္ဖီရိုက္ကူးခ်င္ေနတာလား။ #GalaxyA8 ကင္မရာက ဆန္းၾကယ္တဲ့ရိုက္ခ်က္ေတြကိုေပးစြမ္းႏုိင္လို႕ post တင္ဖို႕အတြက္ အဆင္သင့္ျဖစ္ေစမွာပါ။

Samsung Brazil ရဲ႕ တံု႕ျပန္မႈကိုလည္း ဘာသာျပန္တင္ဆက္ေပးလိုက္ပါတယ္။

အိုး ေတာင္းပန္ပါတယ္။ ခင္ဗ်ားမွန္ပါတယ္ Feliperas ေရ။ အရင္တုန္းကေျပာတာေတြက အမွန္မဟုတ္ပါဘူး။ စမတ္ဖနု္းေလးနဲ႕ရိုက္ထားတဲ့ပံုေတြ အမ်ားၾကီးတင္ခဲ့ေပးပါတယ္။ ဒါဟာ ကၽြန္ေတာ္တို႕ရည္ရြယ္တဲ့သံုးစြဲသူေတြအတြက္ ခံစားမႈေကာင္းေအာင္ ေဖာ္ျပေပးခ်င္တဲ့အတြက္ပါ။

Getty Images ဆီက တစ္ပံုခ်င္းစီဟာ ေဒၚလာ၄၉၉ ျဖစ္တဲ့အတြက္ေၾကာင့္ Samsung ဟာ ေဒၚလာ ၉၉၈ အထိ ကုန္က်ခဲ့မွာပါ။ သရုပ္ေဆာင္ေတြငွားျပီးေတာ့ Galaxy A8 နဲ႕ရိုက္ကူးမယ္ဆိုရင္ေတာင္ ပိုအဆင္ေျပခဲ့မွာပါ။ Galaxy A8 ရဲ႕ အေရွ႕ကကင္မရာႏွစ္လံုးက 16MP နဲ႕ 8MP ရွိပါတယ္။ ေၾကာ္ျငာခ်င္လြန္းေတာ့ အခုလိုျဖစ္ရျပီေလ။

Unicode Version

မှတ်မိသေးလား Huawei က ဒေါ်လာ ၄၅၀၀ တန်ကင်မရာနဲ့ရိုက်ထားတဲ့ပုံကို P9 ကင်မရာအတွက် အသုံးပြုခဲ့တယ်ဆိုတာကိုပေါ့။ Samsung Brazil ကလည်း အဲလိုလုပ်နေပါတယ်။ သူကတော့ stock photo ကို Galaxy A8 ရဲ့ ဆယ်လ်ဖီကင်မရာကနေ ထွက်လာတဲ့ပုံအဖြစ်နဲ့ ပြောထားတာပါ။

ရှင်းပါတယ်။ Samsung က နားလည်မှုလွဲအောင် လုပ်ချင်တာပါ။ ဘာသာပြန်ကြည့်လိုက်တော့ Samsung’s tweet က အခုလိုရေးသားထားပါတယ်။ အခုအချိန်မှာတော့ ဖျက်ပစ်လိုက်ပါပြီ။

ချိန်းတွေ့တဲ့အခါ ဆယ်လ်ဖီများစွာ ထွက်ပေါ်လေ့ရှိတယ်။ #GalaxyA8 ရဲ့ ဆယ်လ်ဖီကင်မရာကတော့ dynamic focus နဲ့ highlight တွေပါတော့ လိုချင်တာနဲ့ ကွက်တိဖြစ်စေမှာပါ။

ကိုယ်တွေထင်လိုက်တာကတော့ Galaxy A8 နဲ့ စုံတွဲတစ်တွဲကို ဆယ်လ်ဖီရိုက်ထားတာပေါ့။ Samsung Brazil က လူတစ်ယောက်ကတော့ stock photo ကိုယူပြီးတော့ အရောင်အသွေးကောင်းမွန်အောင် ပြင်ဆင်လိုက်ပြီးတော့ Samsung watermark ကို အပေါ်ကအုပ်လိုက်ပြီး A8 ပုံအဖြစ်နဲ့ တင်ခဲ့တာပါ။ စိတ်မကောင်းစရာတစ်ခုကတော့ Twitter သုံးစွဲသူတစ်ယောက်က အဲဒီပုံကိုတွေ့ရှိသွားတာပါပဲ၊ ‘Portrait of a beautiful hipster couple looking happy’ ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ Getty Images မှာ တွေ့ခဲ့တာပါ။ ၂၀၁၅ခုနှစ်က တင်ထားခဲ့တာကို iStockPhoto data တွေအရ သိရပါတယ်။
စိတ်ဝင်စားစရာကောင်းတာကတော့ ဒီတစ်ခုတည်းမဟုတ်ပါဘူး။ Samsung က နောက်တစ်ပုံနဲ့လည်း ကြိုးစားခဲ့ပါသေးတယ်။ အဲဒါကလည်း ‘Boyfriend and girlfriend taking selfie, piggy back ride’ လို့အမည်ပေးထားတဲ့ Getty Images ဆီကပါပဲ။ အဲဒီပုံအတွက် ဘယ်လိုရေးထားလဲဆိုတော့

ဆယ်လ်ဖီရိုက်ကူးချင်နေတာလား။ #GalaxyA8 ကင်မရာက ဆန်းကြယ်တဲ့ရိုက်ချက်တွေကိုပေးစွမ်းနိုင်လို့ post တင်ဖို့အတွက် အဆင်သင့်ဖြစ်စေမှာပါ။

Samsung Brazil ရဲ့ တုံ့ပြန်မှုကိုလည်း ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။

အိုး တောင်းပန်ပါတယ်။ ခင်ဗျားမှန်ပါတယ် Feliperas ရေ။ အရင်တုန်းကပြောတာတွေက အမှန်မဟုတ်ပါဘူး။ စမတ်ဖနု်းလေးနဲ့ရိုက်ထားတဲ့ပုံတွေ အများကြီးတင်ခဲ့ပေးပါတယ်။ ဒါဟာ ကျွန်တော်တို့ရည်ရွယ်တဲ့သုံးစွဲသူတွေအတွက် ခံစားမှုကောင်းအောင် ဖော်ပြပေးချင်တဲ့အတွက်ပါ။

Getty Images ဆီက တစ်ပုံချင်းစီဟာ ဒေါ်လာ၄၉၉ ဖြစ်တဲ့အတွက်ကြောင့် Samsung ဟာ ဒေါ်လာ ၉၉၈ အထိ ကုန်ကျခဲ့မှာပါ။ သရုပ်ဆောင်တွေငှားပြီးတော့ Galaxy A8 နဲ့ရိုက်ကူးမယ်ဆိုရင်တောင် ပိုအဆင်ပြေခဲ့မှာပါ။ Galaxy A8 ရဲ့ အရှေ့ကကင်မရာနှစ်လုံးက 16MP နဲ့ 8MP ရှိပါတယ်။ ကြော်ငြာချင်လွန်းတော့ အခုလိုဖြစ်ရပြီလေ။

Leave a Reply