Oppo F9 ကို ထင်မှတ်ထားတဲ့အတိုင်း တွေ့မြင်ရ

0
1146

Zawgyi Version



Unicode Version

Oppo F9 ကို ကြေညာလိုက်တဲ့အချိန်မှာတော့ Notch လေးကို တွေ့မြင်လိုက်ရပါတယ်။ ထူးခြားနေတဲ့ notch လေးဖြစ်ပြီးတော့ iPhone X ထက် Essential Phone ကို မှီငြမ်းထားတယ်လို့ ပြောနိုင်ပါတယ်။ Oppo R17 မှာ ပထမဆုံးအသုံးပြုခဲ့ပါတယ်။
ကွဲပြားနေတဲ့ဖြတ်တောက်မှုလေးအပြင် Oppo F9 မှာ mid-range ကျော်လွန်တဲ့အချက်အလက်တွေကို ထောက်ပံ့ပေးထားပါတယ်။ ဒါကြောင့် Mediatek Helio P60 chipset, 4GB or 6GB of RAM, 64GB of storage ၊ microSD support ပေးမလားမပြောထား၊ 6.3-inch full HD+ LCD screen (19.5:9 screen ratio) တို့ကို အသုံးပြုထားပါတယ်။
Oppo F9 မှာ 3,500mAh ဘတ်ထရီကိုအသုံးပြုထားတဲ့အတွက်ကြောင့် မျက်နှာပြင်ကျယ်ဖုန်းအတွက်တော့ အားရစရာမဟုတ်ပါဘူး။ VOOC Flash Charge နည်းပညာကို ထည့်သွင်းပေးထားလို့ ငါးမိနစ်အားသွင်းလိုက်တာနဲ့ နှစ်နာရီဖုန်းပြောနိုင်မှာပါ။

The Oppo F9 in starry purple.
အနောက်ကင်မရာနှစ်လုံးမှာ (16MP f/1.8 ၊2MP f/2.4) တို့ကိုတပ်ဆင်ထားပြီးတော့ 25MP f/2.0 selfie camera ၊ headphone jack ၊ အနောက်ဘက် လက်ဗွေစနစ်၊ microUSB ပါဝင်လာမယ်လို့ တွက်ဆထားပါတယ်။ NFC support မပါဝင်တဲ့အတွက်ကြောင့် မိုဘိုင်းလ်ပေးချေမှုတွေကို လုပ်လို့မရနိုင်ပါဘူး။ ဒါပေမယ့်လည်း ကင်မရာကိုအသုံးပြုပြီးတော့ လုပ်နိုင်မယ်ထင်ပါတယ်။
အရောင်အားဖြင့်တော့ သုံးမျိုးပေါင်းစပ်ထားပါတယ်။ purple (dubbed Starry Purple) လေးတွေပေါ့။ Sunrise Red or Twilight Blue ကိုလည်း ရွေးချယ်ဝယ်နိုင်ပါတယ်။
Oppo F9 ကို ဗီယက်နမ်နဲ့ ဖိလစ်ပိုင်မှာ ဝယ်လို့ရနေပါပြီ။ ဈေးနှုန်းကတော့ ၃၃၂ဒေါ်လာဖြစ်ပါတယ်။
Oppo F9 Pro ထက်ကို launch စောလုပ်ခဲ့ပြီးတော့Oppo F9 Pro ဟာ သြဂုတ်လ၂၁ရက်နေ့မှာ ပြသဖို့လုပ်ထားတာပါ။ Pro က အခုနဲ့ ဘယ်လိုမျိုးခြားနားနေမလဲဆိုတာကတော့ မသိရသေးပါဘူး။ အနည်းဆုံးတော့ သိုလှောင်မှုကို များမယ်လို့ မှန်းထားလိုက်ပါ။

Leave a Reply