notch ပါဝင်တဲ့မျက်နှာပြင်ကျယ်ကျယ်နဲ့ မဆန်းတဲ့ဒီဇိုင်းတို့နဲ့ထွက်ပေါ်လာတဲ့ Motorola P30

0
729

Zawgyi Version






Unicode Version

Motorola က သူ့ရဲ့ brand လေးကို Motorola ဖုန်းလေးနဲ့ ပြန်အမှတ်ရအောင်လုပ်လိုက်ပါတယ်။ 5G-ready Moto Z3 ပြီးနောက်မှာတော့ Motorola One နဲ့ Motorola One Power တို့ကို ထွက်ရှိဖို့အတွက် မျှော်မှန်းထားပါတယ်။ အစောပိုင်းတုန်းက Motorola P30 ရဲ့ အချက်အလက်နဲ့ ဓါတ်ပုံတွေကို တွေ့မြင်ခဲ့ပြီးပါပြီ။ အခုဆိုရင်တော့ တရားဝင်အတည်ပြုလိုက်ပြီဖြစ်ပါတယ်။ iPhone X နဲ့ Huawei ရဲ့ ကျော်ကြားတဲ့အရောင်တွေကို ပေါင်းစပ်ထားတာဖြစ်ပါတယ်။


Motorola P30 က iPhone X နဲ့ အတော်လေးကိုတူနေပြီးတော့ ကလုန်းလို့တောင်ပြောနိုင်ပါတယ်။ Motorola ကတော့ ငြင်းမှာပေါ့။ အရောင်ပိုင်းကိုကြည့်လိုက်ရင် Huawei P20 ပါပဲ။

Motorola P30 ဟာ 6.2-inch screen, 2246 x 1080 pixel resolution, 19:9 aspect ratio, 6GB RAM, Snapdragon 636 chipset, 64GB or 128GB onboard storage, 12MP selfie shooter, dual 16MP and 5MP rear camera setup နဲ့ 3000mAh ဘတ်ထရီတို့ ပါဝင်မှာပါ။ Android 8.0 Oreo ကိုအသုံးပြုနိုင်မှာဖြစ်ပြီးတော့ ပြင်ဆင်ထားတဲ့ ZUI 4.0 interface လေးကို တွေ့မြင်ရမှာပါ။
Motorola P30 က Motorola One Power နဲ့ တူနေလောက်ပါတယ်။ အချက်အလက်တွေက မခြားနားပါဘူး။ notch လေးကို အလည်ခေါင်မှာထားတာတွေ့ရပါတယ်။ အနောက်ဘက်မှာတော့ လက်ဗွေစနစ်ကို Motorola brand logo အောက်မှာ ဖွက်ထားပါတယ်။
Motorola P30 ကတော့ ဒေါ်လာ၃၀၃ ကနေ ၆၃၀ အထိ ဈေးရှိပြီးတော့ စက်တင်ဘာ၁၅ရက်နေ့မှာ ထွက်ရှိမှာပါ။ အရောင်တွေကတော့ Aurora, White နဲ့ Black တို့ ဖြစ်ပါတယ်။

Leave a Reply