0
857
Zawgyi Vesion
Unicode Version
ပေသုံးဆယ်အကွာအဝေးကနေ တစ်နာရီကို လူပေါင်း ၂၀၀၀ လောက်ကို ဖတ်နိုင်ပါတယ်။
Los Angeles ဟာ မီးရထားဘူတာမှာ body scanner အသုံးပြုမယ့် US ရဲ့ပထမဆုံးမြို့ဖြစ်လာတော့မှာပါ။ ကြီးမားပြီးတော့ နှေးကွေးတဲ့မော်ဒယ်လ်တွေကို အသုံးပြုမှာမဟတု်ဘဲ အရွယ်အစားသေးသေးနဲ့ ပေသုံးဆယ်အကွာအဝေးကနေ တစ်နာရီကို လူပေါင်း ၂၀၀၀ လောက်ကို ဖတ်နိုင်တာမျိုးကို အသုံးပြုမှာပါ။
Thruvision က ပြုလုပ်ပေးထားတဲ့ scanner တွေကိုအသုံးပြုပြီးတော့ အကြမ်းဖက်မှုတွေ ဒါမှမဟုတ် လူစုလူဝေးနဲ့ဆန္ဒပြခြင်းမျိုး၊ အားကစားပွဲမျိုး စတာတွေကို ထိန်းချုပ်ဖို့အတွက် အသုံးပြုသွားမယ်လို့ Los Angeles Times က သတင်းပေးထားပါတယ်။ ပြောဆိုခွင့်ရှိသူတစ်ယောက်ကတော့ ဒေါ်လာ ၁၀၀ ၀၀၀ လောက်ကုန်ကျမှာဖြစ်ပြီးတော့ သေနတ်နဲ့ ပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေကို အဝတ်အောက်မှာ ဝှက်ထားလားစစ်ဖို့အတွက် ရေဒီယိုလှိုင်းတွေထုတ်လွှတ်သွးမှာပါ။ display မှာလည်း ပြသပေးနိုင်မှာ ဖြစ်ပါတယ်။ ထိခိုက်ဒဏ်ရာရနိုင်တဲ့ပစ္စည်းတွေကို ထုတ်ပြပေးနိုင်မှာ ဖြစ်ပါတယ်။
ပွဲအခမ်းအနားတွေမှာ ထိခိုက်မှုဖြစ်စေနိုင်တဲ့ လက်နက်တွေကို ရှာဖွေသွားမှာပါလို့ ပြောထားပါတယ်။ ပေါက်ကွဲစေနိုင်တဲ့ပစ္စည်းတွေ၊ ရိုင်ဖယ်တွေကိုလိုက်ရှာတာဖြစ်ပါတယ်။ အစုလိုက်အပြုံလိုက်သေဆုံးအောင် မလုပ်နိုင်တဲ့ လက်နက်အသေးစားလေးတွေကိုတော့ ရှာမှာမဟုတ်ပါဘူး။
tripod လိုမျိုးနဲ့ ကင်မရာတပ်ဆင်ထားတဲ့မော်ဒယ်လ်လိုမျိုးတစ်လုံးလည်း ဝယ်သွားဖို့ရှိတယ်လို့ ပြောထားပါတယ်။ အဲဒါလေးကတော့ တစ်ယောက်ချင်းစီကို သေချာကြည့်ဖို့အတွက်ပါ။
Thruvision’s trunk model လေးကတော့ TSA ကနေ အတည်ပြုပေးထားပြီးတော့ မနှစ်ကအသုံးပြုခွင့်ရခဲ့တာပါ။ NYC’s Penn Station အတွက် ဖေဖော်ဝါရီလမှာ တစ်လုံးတပ်ဆင်ပေးခဲ့ပြီး Washington, D.Cမှာရှိတဲ့ Union Station အတွက်လည်း တစ်လုံးတပ်ဆင်ပေးခဲ့ပါတယ်။
Leave a Reply